နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က နိုင်ငံခြားသားရန်သူများ (Alien Enemies) အက်ဥပဒေကို ထရန့်အား ခွင့်ပြုခဲ့ပြီး ပြည်နှင်ဒဏ်ပေးမှုကို တွန်းအားပေး

စွပ်စွဲခံထားရသောဂိုဏ်းဝင်များ အထူးသဖြင့် ဗင်နီဇွဲလားနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးမှုကို အရှိန်မြှင့်တင်ရန်အတွက် ရာစုနှစ်များစွာ က်တမ်းရှိ စစ်တွင်းဥပဒေဖြစ်သည့် နိုင်ငံခြားသားရန်သူများ အက်ဥပဒေ (Alien Enemies Act) ကို အသုံးပြုရန် တရားရုံးချုပ်က ယာယီခွင့်ပြုလိုက်သည်။

လက်မှတ်ထိုး၍ မထုတ်ပြန်ခဲ့သည့်ဆုံးဖြတ်ချက်ကို လစ်ဘရယ်နှင့် ကွန်ဆာဗေးတစ် တရားသူကြီးများများ သဘောထားကွဲလွဲမှုများနှင့်အတူ အောက်ခြေတရားရုံးများ၏ စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် တရားရုံးချုပ်က ပြည်နှင်ဒဏ်ပေးခြင်းများကို ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း တရားရုံးက နိုင်ငံတွင်းသို့ ရွှေ့ပြောင်းလာသူများသည် ၎င်းတို့၏ နေရပ်ပြန်ပို့ခြင်းကို ပြန်လည်စိစစ်ရန် အချိန်ရရှိခြင်းနှင့် အသိပေးချက်ကို လက်ခံရရှိခွင့်ရှိရမည်ဟု အလေးပေးဖော်ပြခဲ့သည်။

ဗဟိုတရားရုံးလွှတ်တော် တရားသူကြီး ဆိုနီယာ ဆိုတိုမာယောက စီရင်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး “ဒါဟာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်တာ” ဟု ပြောခဲ့သည်။ ဗဟိုတရားရုံးလွှတ်တော် တရားသူကြီး အေမီကွန်နေးဘာရက် (Amy Coney Barrett) သည် အမိန့်တစ်စိတ်တစ်ပိုင်းကို ကန့်ကွက်ခဲ့သည်။

အလျင်စလို ပြည်နှင်ဒဏ်ပေးခြင်းနှင့် ဥပဒေကြောင်းအရ အလွန်အကျွံ လွန်ကဲခြင်းတို့ကို ဝေဖန်သူများက သတိပေးနေချိန်တွင် ထရန့်က အဆိုပါ စီရင်ချက်ကို ကြီးကြီးမားမား အနိုင်ရရှိမှုအဖြစ် ချီးကျူးခဲ့သည်။

တနင်္လာနေ့တွင် တရားရုံးချုပ်သည် သမ္မတဒေါ်နယ်ထရန့်အား နိုင်ငံခြားသားရန်သူများ အက်ဥပဒေ (Alien Enemies Act) ကို ကျင့်သုံးရန် ခွင့်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိများအား ထိုဥပဒေကိုအသုံးပြုကာ နိုင်ငံခြားသားအခြေချနေထိုင်သူများကို လျင်မြန်စွာ နှင်ထုတ်နိုင်စေမည့် အောင်မြင်မှုတစ်ခုအဖြစ် အိမ်ဖြူတော်အား ခွင့်ပြုခဲ့သည်။

အမှုတွင် လက်မှတ်မထိုးထားသည့် ဆုံးဖြတ်ချက်သည် တရားရုံးချုပ်တွင် ဆိုင်းငံ့ထားသည့် အရေးပေါ်အယူခံဝင်မှုအပေါ် အနီးကပ်စောင့်ကြည့်မှုအရှိဆုံးအမှု ဖြစ်သည်။ ထိုအမှုတွင် ထရန့်က ၁၇၉၈ ဥပဒေကို အသုံးပြုပြီး အခြေချသူများကို အလျှင်အမြန် ဖယ်ရှားမှုကြောင့် အောက်တရားရုံးများတွင် အက်ဥပဒေအသုံးပြုမှုအပေါ် တရားစွဲဆိုခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

ပြည်နှင်ဒဏ်ပေးခံရသူများသည် ၎င်းတို့အား အရေးယူမည့် အကြောင်းကြားစာများကို လက်ခံရရှိသင့်ပြီး ၎င်းတို့အား ထိန်းသိမ်းထားသည့်ပြည်နယ်ရှိ ပြည်ထောင်စုတရားရုံးမှ ၎င်းတို့အား ပြည်နှင်ဒဏ်ပေးခြင်းအား ပြန်လည်စစ်ဆေးရန် အခွင့်အလမ်း ရရှိစေမည် ဖြစ်ကြောင်း တရားရုံးချုပ်က အလေးပေး ပြောကြားခဲ့သည်။

ဗဟိုတရားရုံးချုပ်၏ဆုံးဖြတ်ချက်ကို လစ်ဘရယ်တရားသူကြီး သုံးဦးက ကန့်ကွက်ခဲ့ကြပြီး တရားရုံး၏ ရှေးရိုးစွဲဝါဒီအဖွဲ့ဝင်တစ်ဦးဖြစ်သူ အေမီကွန်နေး ဘားရက် (Amy Coney Barrett) က တစ်စိတ်တစ်ပိုင်း ကန့်ကွက်ခဲ့သည်။

ထရန့်သည် သူပိုင်ဆိုင်သည့် Truth Social တွင် အဆိုပါဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး “အမေရိကတွင် တရားမျှတမှုအတွက် ကောင်းသောနေ့တစ်နေ့” ဟု စာလုံးကြီးများဖြင့် ရေးသားထားသည်။

“နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးကို ဗဟိုတရားရုံးချုပ်က ဘယ်သူပဲဖြစ်ပါစေ၊ ငါတို့ရဲ့ နယ်နိမိတ်ကို လုံခြုံအောင်၊ ငါတို့မိသားစုနဲ့ ငါတို့နိုင်ငံကို အကာအကွယ်ပေးနိုင်အောင်ဆိုပြီး သမ္မတကို ခွင့်ပြုချက်ပေးခဲ့တယ်” ဟု ရေးသားထားသည်။

ရှေ့နေချုပ် ပန်းဘွန်ဒီ (Pam Bondi) နှင့် အမိမြေလုံခြုံရေးဝန်ကြီး ခရစ်တီနုန်းမ် (Kristi Noem) အပါအဝင် ထရန်အုပ်ချုပ်ရေး အရာရှိများက အဆိုပါဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချီးကျူးခဲ့ကြပြီး ဘွန်ဒီက ၎င်းသည် “တရားဥပဒေစိုးမိုးရေးအတွက် အထင်ကရ အောင်ပွဲတစ်ခု” ဟု ဖော်ပြကာ ပြောကြားခဲ့သည်။

“ဝါရှင်တန်ဒီစီရှိ တက်ကြွလှုပ်ရှားသူ တရားသူကြီးတစ်ဦးသည် အမေရိကန်ပြည်သူများကို ဘေးကင်းစေရန် လုပ်ဆောင်နေသော သမ္မတထရန့်၏ အခွင့်အာဏာကို ချုပ်ကိုင်ရန် စီရင်ပိုင်ခွင့်မရှိပါ” ဟု ရှေ့နေချုပ်ဘွန်ဒီက ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

“သမ္မတထရန့်၏လုပ်ရပ် မှန်ကန်ကြောင်း သက်သေပြလိုက်ပြန်ပြီ!”ဟု ခရစ်တီနုန်းမ်က ပို့စ်တင်ခဲ့ပြီး’ “အခုထွက်သွားပါ ဒါမှမဟုတ် ငါတို့က မင်းကိုဖမ်းမယ်၊ သော့ခတ်ပိတ်လှောင်ထားပြီး မင်းတို့ကို ပြည်နှင်ဒဏ်ပေးမှာပါ” ဟု ထည့်သွင်းရေးသားခဲ့သည်။

ထရန့်သည် ၎င်း၏အရေးပေါ်အယူခံဝင်မှုကို တရားစီရင်ရေးအာဏာအပေါ် တွန်းလှန်နိုင်မှုအဖြစ် ပြသထားပြီး အထူးသဖြင့်၊ အမေရိကန် ခရိုင်တရားသူကြီး ဂျိမ်းဘို့စ်ဘတ်ဂ် (James Boasberg) ၏အမိန့်သည် သမ္မတက နိုင်ငံခြားသားရန်သူများ အက်ဥပဒေ( Alien Enemies Act) ကို ကျင့်သုံးခြင်းကို ယာယီပိတ်ပင်ထားပြီး ဗင်နီဇွဲလားနိုင်ငံသားငါးဦးက ထိုကျင့်သုံးမှုအပေါ် သမတကို တရားစွဲဆိုထားသည်။ သမ္မတ၏ တောင်းဆိုမှုကို ခွင့်ပြု ခြင်းဖြင့်၊ တရားရုံးချုပ်သည် ဂျိမ်းဘို့စ်ဘတ်ဂ်၏အမိန့်ကို ဖယ်ရှားပစ်ခဲ့သည်။

ရွှေ့ပြောင်းလာသူများကို ကိုယ်စားပြုသည့် ရှေ့နေများကြားတွင် အဓိကစိုးရိမ်ရသည့် အချက်မှာ ရွှေ့ပြောင်းလာသူများကို အစိုးရက ဖယ်ရှားရန် အဆောတလျင် လုပ်ဆောင်ခြင်းသည် ယင်းဥပဒေကြောင်းအရ တောင်းဆိုချက်တင်ရန် အချိန်အနည်းငယ်မျှသာ ရရှိမည်ဖြစ်သည်။

တရားရုံး၏ အကြီးတန်း လစ်ဘရယ် အရှိဆုံး တရားသူကြီး ဆိုနီယာ ဆိုတိုမေယော(Sonia Sotomayor) က အမှုတွင် ထရန့် အစိုးရ၏ အပြုအမူသည် “တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှု ရှိနေသည်” ဟု ထောက်ပြပြောဆိုခဲ့သည်။

“အခု ဒီတရားရုံးကအများစုဟာ အစိုးရရဲ့ လုပ်ချင်သလိုလုပ်တဲ့ အပြုအမူအတွက် ခွင့်ပြုပေးလိုက်တာကို တားဆီးလို့မရခဲ့ပါဘူး” ဟု သူမက ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက