နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအားလုံးကို ထိန်းချုပ်ရန် ရည်ရွယ်ထားကြောင်း နေတန်ယာဟုက လုံခြုံရေးဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

CNN- ၂၀၂၅ခုနှစ်၊သြဂုတ်လ၊ ၈ရက်

ဂါဇာကမ်းမြောင်ဒေသကို အပြည့်အဝ ပြန်လည်သိမ်းပိုက်ရေးကို ဆုံးဖြတ်ရန် လုံခြုံရေး ၀န်ကြီးအဖွဲ့မှ အစည်းအဝေး ပြုလုပ်နေစဉ်တွင် အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် စစ်ပွဲများ အရှိန်မြှင့်လာမည့်အရေးကိုဆန့်ကျင်သည့် ကြီးမားသော အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အစ္စရေးစစ်တပ်နှင့် ပြည်တွင်းမှ အတိုက်အခံများက စစ်ဆင်ရေးသည် ဓားစာခံများကို အန္တရာယ်ဖြစ်စေမည်ကို စိုးရိမ်နေသော်လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu သည် နှင့် နိုင်ငံတကာဖိအားပေးနေမှုများကြားမှ နှစ်နှစ်နီးပါးကြာ ဝိုင်းရံထားသော နယ်မြေအား စစ်တိုက်ပြီး အပြီးအပြတ်သိမ်းယူရန် တွန်းအားပေးခဲ့သည်။

လုံခြုံရေး အစိုးရအဖွဲ့ အစည်းအဝေး မတိုင်မီ မကြာမီတွင် Fox News နှင့် တွေ့ဆုံမေးမြန်း ခန်းတွင် နေတန်ယာဟုအား အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအားလုံးကို စစ်ရေးအရ ထိန်းချုပ်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။

“ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်များကို ဖယ်ရှားရန် ရည်မှန်းထားပြီး ဟားမတ်စ် မဟုတ်သည့် အရပ်သားအုပ်ချုပ်မှုသို့ နယ်မြေကိုလွှဲပြောင်းမပေးမှီ  “အရပ်သားအစိုးရဟာ ဟားမတ်စ်မဟုတ်ရသလိုအစ္စရေးကို ဖျက်ဆီးရန်အကြံပြုနေသူလည်းမဟုတ်ရဘူး”

 ၎င်းက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ မှတ်ချက်များအပေါ် အစ္စရေး အတိုက်အခံ ခေါင်းဆောင် ယာအာလပစ်(Yair Lapid) ထံမှ ပြင်းထန်သော တုံ့ပြန်ဝေဖန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ “ နေတန်ယာဟု ကမ်းလှမ်းတဲ့အရာက ပိုစစ်ပွဲ၊ ဓားစာခံသေဆုံးမှုတွေ ပိုများလာမယ်၊ အခု ထုတ်ဝေဖို့ ပိုရှင်းသွားပြီ” ဆိုတဲ့ သတိပေးချက်တွေနဲ့ (Itamar) Ben Gvir နဲ့ (Bezalel) Smotrich တို့ရဲ့ လှည့်စားမှုတွေထဲကို သောင်းနဲ့ချီတဲ့ အခွန်ထမ်းတွေရဲ့ငွေရှက်ကယ် ဘီလီယံပေါင်းများစွာ အသုံးချခဲ့ပါတယ်” ဟု လပစ် က အစ္စရေး၏ လက်ယာစွန်းရောက် ၀န်ကြီးများကို ရည်ညွှန်းပြီးထိုသူများကဂါဇာနှင့် အနောက်ဖက်ကမ်း(West Bank)တို့ကိုအစ္စရေးမှ အပြည့်အဝသိမ်းပိုက်ရေးကို အကြိမ်ကြိမ် တွန်းအားပေးခဲ့ကြသည်။

ဂါဇာကမ်းမြောင်ဒေသမှာ ရှိနေတဲ့ ဓားစာခံ အယောက် ၅၀ ထဲက တချို့ရဲ့ မိသားစုတွေဟာ ကြာသပတေးနေ့မှာ ဆန္ဒပြပွဲတွေ အများအပြား ပြုလုပ်ခဲ့ကြပြီး အလုံးစုံသိမ်းပိုက်ရေး အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါသည်။

“တိုက်ပွဲတွေအရှိန်မြှင့်တင်ခြင်းဟာ သေဒဏ်ပေးတာနဲ့အတူတူဘဲ ကျွန်တော်တို့ရဲ့ ချစ်ရသူအတွက် ချက်ချင်း ပျောက်ဆုံးသွားခြင်းပါပဲ၊ သူတို့ကို စတေးဖို့ ရွေးချယ်လိုက်တာနဲ့ ကျွန်တော်တို့ မျက်နှာကို ကြည့်စမ်းပါ၊ အခုအချိန်ဟာ ဓားစာခံ ၅၀ စလုံးကို ပြန်လည် ခေါ်ဆောင် ပေးနိုင်မယ့်ကိစ္စအတွက် စားပွဲပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းလိုက်ပါ” ဟု ဓားစာခံများနှင့် ပျောက်ဆုံးနေသော မိသားစုများဖိုရမ်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာစီးတီးရှိ ပါလက်စတိုင်းတစ်သန်းခန့်နှင့်အခြားအရပ်များမှ သူများကို ရွှေ့ပြောင်း စေမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် ငါးလအထိ လိုအပ်မည်ဖြစ်ပြီး ဂါဇာတောင်ပိုင်းသို့ ထိုသူများကို အတင်းအကြပ်ရွေ့ပြောင်းခြင်းထပ်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အဆိုပြုချက်ကို သိရှိထားသည့် အစ္စရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အိုးအိမ်မဲ့ ပါလက်စတိုင်းများ အများအပြား ဝင်ရောက်လာစေရန် စစ်တပ်က အဆောက်အအုံများ ထူထောင်ပေးရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစ္စရေးနှင့် အမေရိကန်တို့သည် အငြင်းပွားဖွယ် ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) မှ လုပ်ဆောင်နေသည့် အကူအညီ ဖြန့်ဖြူးရေး နေရာများကို လက်ရှိ လေးနေရာမှ ၁၆ နေရာအထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

နေတန်ယာဟုသည် အနာဂတ်တွင် ဂါဇာကို မည်သို့ အုပ်ချုပ်သင့်သည်ဆိုသည့် အသေးစိတ် အစီအစဉ်ကို မတင်ပြရသေးပေ။ သို့သော် ကြာသပတေးနေ့တွင် Fox နှင့် စကားပြောရာတွင် ၎င်းက “ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကျွန်တော်တို့လဲ အဲဒီမှာ မနေချင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အာရပ်အင်အားစုတွေ ဆီကို လွှဲပေးပြီး ကျွန်တော်တို့ကို ချိမ်းခြောက်မှု မရှိဘဲ ဂါဇာမှာ ကောင်းမွန်တဲ့ ဘဝရရှိစေဖို့ အုပ်ချုပ်စေချင်ပါတယ် ဒီလိုလုပ်ဖို့က ဟားမတ်စ်နဲ့ ဆိုရင် ဖြစ်နိုင်ချေမရှိပါဘူး”ဟုဆိုခဲ့သည်။

ဟားမတ်စ်အဖွဲ့အပေါ် ဖိအားများ တိုးမြှင့်ရန်နှင့် ကျန်ရှိသော အစ္စရေး ဓားစာခံများကို လွှတ်ပေးရန် ရည်ရွယ်သည့် အဆိုပါ စစ်ဆင်ရေးသည် စစ်သွေးကြွအဖွဲ့ ကညှိနှိုင်းမှုသို့ ပြန်လည်ရောက်ရှိလာပါက ခေတ္တရပ်သွားနိုင်ကြောင်း အရာရှိက ပြောကြားခဲ့သည်။

အကောင်းမြင်ဝါဒဖြင့် စတင်ခဲ့သည့် နောက်ဆုံးအကြိမ် ဆွေးနွေးပွဲသည် အမေရိကန်နှင့် အစ္စရေးတို့ က၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များကို ကာတာမှ နုတ်ထွက်ပြီးနောက် နှစ်ပတ်အကြာတွင် ပျက်သွားခဲ့ပြီး အမေရိကန်သံတမန် စတိ့ဗ်ဝတ်ကော့ဖ် သည် ဟားမတ်စ်အား ဆိုးဝါးသောယုံကြည်ချက်ဖြင့် ညှိနှိုင်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ဟားမတ်စ်ကလူသားချင်းစာနာထောက်ထားမှု အကူအညီများ လုံလောက်စွာ ဂါဇာသို့ ဝင်ရောက်လာသည့်နောက် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်သွားရန် အဆင်သင့်ဖြစ်မည် ဟု ဆိုသည်။

လုံခြုံရေး အစိုးရအဖွဲ့ အစည်းအဝေး မတိုင်မီ နေတန်ယာဟု၏ ကြေညာချက်သည် “စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို ပြောင်ပြောင်တင်းတင်း ပြောင်းပြန်လှန်ခြင်း” ဖြစ်သည်ဟု ဟားမတ်စ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“နေတန်ယာဟု၏ ရန်လိုမှု ချဲ့ထွင်ရန် အစီအစဉ်သည် ၎င်း၏ ဓားစာခံများကိုစတေး ပြီး ၎င်း၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားနှင့် ၎င်း၏ အစွန်းရောက် အယူဝါဒဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်ရန်  ကြိုးပမ်းနေကြောင်းကို သံသယ ကင်းရှင်းစွာ အတည်ပြုခဲ့သည်” ဟု အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အင်္ဂါနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂါဇာကမ်းမြောင်ဒေသအားလုံးကို သိမ်းပိုက်သည်ဖြစ်စေ မသိမ်းပိုက်သည်ဖြစ်စေ ထိုကိစ္စ သည် အစ္စရေးပေါ် “တော်တော်လေး မူတည်တယ်” လို့ ဆိုခဲ့ပြီး နေတန်ယာဟုက သူလုပ်ချင်သလို ဆက်လုပ်ဖို့ ထိရောက်စွာ မီးစိမ်းပြလိုက်ပါသည်။

၂၂ လကြာ စစ်ပွဲအပြီးတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၇၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားပြီး ယင်းသည် ထိုဒေသရှိ နယ်မြေ အများအပြား ကို အပျက်အစီးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေ ခဲ့သည်။

တိုးချဲ့စစ်ဆင်ရေးတွင် အစ္စရေးက ဝိုင်းရံထားပြီး ဟားမတ်စ်များကို ချေမှုန်းရန် ကြိုးပမ်းရာတွင် ၎င်း၏ တိုက်ရိုက်ထိန်းချုပ်မှုပြင်ပရှိ ဂါဇာကမ်းမြောင်ရှိ ကျန်ဧရိယာ အနည်းငယ်ကို ဝင်ရောက်နိုင်ဖွယ်ရှိသည်။ ထိုသို့သော အခြေအနေကြောင့် ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းများ၏ စားဝတ်နေရေးရှင်သန်နိုင်ရေးအတွက် အစ္စရေးက တရားဝင် တာဝန်ရှိစေမည်ဖြစ်ပြီး ယခုအခါ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

သို့သော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အီရယ်ဇာမီယာ(Eyal Zamir) က နေတန်ယာဟုနှင့် တွေ့ဆုံမှုတွင် ဂါဇာကို အပြည့်အ၀ သိမ်းယူခြင်းသည် စစ်တပ်ကို နယ်မြေအတွင်း၌ ပိတ်မိစေပြီး ကျန်ရှိသော ဓားစာခံများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်းပြောကြားခဲ့သည်ဟု သတင်းရင်းမြစ်များက CNN သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်နှင့် ၎င်း၏နိုင်ငံရေးခေါင်းဆောင်ပိုင်းကြား သဘောထားကွဲလွဲမှုများကို ရှားရှားပါးပါး လူသိရှင်ကြား အသိအမှတ်ပြုမှုတွင် ဇာမီယာ က ကြာသပတေးနေ့တွင် “ စကားစစ်ထိုးခြင်းယဉ်ကျေးမှုသည် ဂျူးလူမျိုးများ၏သမိုင်းတွင် ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ရပ်တည်ချက်ကို အကြောက်တရားကင်းကင်းဖြင့် ပရော်ဖက်ရှင်ဆန်ဆန် လွတ်လပ်စွာနှင့်တည်ငြိမ်စွာဖြင့်ဆက်လက်ဖော်ပြသွားပါမည်။”

ကြာသပတေးနေ့တွင် လက်ယာစွန်းဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် စမိုတစ်ချ်(Bezalel Smotrich) သည် အစ္စရေး၏ဂါဇာစစ်ဆင်ရေးကို ဂုဏ်ပြုခဲ့ပြီး ထိုအချက်သည် ဂျူးအခြေချနေထိုင်မှု ထိုနေရာတွင်နောက်ထပ် တိုးချဲ့ပြုလုပ်ရန်အဓိပ္ပါယ်ဖြစ်သည်။

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ဆာနျူအာ(Sa-Nur) ၏ ပြန်လည် ထူထောင်ရေး အခြေချနေထိုင်ရာသို့ သွားရောက်လည်ပတ်ရင်း၊ အစ္စရေးသည် တစ်နေ့တွင် ကျွန်ုပ်တို့ နှင်ထုတ် ခံရသည့် နေရာတိုင်းသို့ ပြန်လည်ရယူမည်ဖြစ်ကြောင်း စမိုတစ်ချ် (Smotrich) က ပြောကြားခဲ့သည်။ မြောက်ပိုင်း အနောက်ဘက်ကမ်းအတွက် ကျမ်းစာအသုံးအနှုန်းကို အသုံးပြု၍ စမိုတစ်ချ် က “ဒါဟာ ဂါဇာကမ်းမြောင်နဲ့ ရှမာရိယာ(Samaria)အတွက် သေချာပေါက် သက်ဆိုင်ပါတယ်။”

မဲပေးခင် ဆန္ဒပြမှုများ

စစ်ပွဲအဆုံးသတ်ရေးနှင့် ဂါဇာတွင် ကျန်ရှိသော ဓားစာခံ ၅၀ ကို လွှတ်ပေးရန်အတွက် အစ္စရေးအများစုက လိုလားကြောင်း စစ်တမ်းများက အကြိမ်ကြိမ်ပြသခဲ့သည်။

ဂါဇာတွင် ကျန်ရှိနေသော ဓားစာခံများ၏ မိသားစုများသည် စစ်ပွဲကို တိုးချဲ့ရန် အစိုးရ၏ အစီအစဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

“ နေတန်ယာဟုသည် ဓားစာခံများ၏အကျိုးကို ဆန့်ကျင်သည့်အလုပ်ကိုလုပ်နေပါသည်” ဟု ဂါဇာတွင် ဖမ်းဆီးထားဆဲဖြစ်သော သားဖြစ်သူ နင်မ်ရော့ဒ် (Nimrod) ၏မိခင် ယေဟူဒါကိုဟန် (Yehuda Cohen) က ပြောကြားခဲ့သည်။ “ နေတန်ယာဟုသည် ဓားစာခံများ ရှိရာဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်ကာ စစ်ဆင်ရေးများ ပြုလုပ်ခြင်းဖြင့် ဓားစာခံများကို သတ်ဖြတ်ရန် လုပ်ဆောင်နေပါသည်” ဟုစွပ်စွဲခဲ့သည်။

ကိုဟန် နှင့် ဓားစာခံများ၏ မိသားစုဝင်များ သည် ကြာသပတေးနေ့တွင် ဂါဇာကမ်းမြောင် နယ်စပ်သို့ ရွက်လွှင့်ခဲ့ကြပြီး စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။

အစ္စရေးနိုင်ငံတောင်ပိုင်း အက်ရှကယ်လွန်(Ashkelon) ဆိပ်ကမ်းမှ ထွက်ခွာလာစဉ် ဓားစာခံများနှင့် ပျောက်ဆုံးနေသော မိသားစုများဖိုရမ်မှ လီအော်ဟိုရက်ဗ် (Lior Horev) က ရွက်လွှင့်ခြင်းမှာ “ SOS ခေါ်ဆိုမှု” ဖြစ်ကြောင်း CNN သို့ ပြောကြားခဲ့သည်။

“စစ်ပွဲကို သက်တမ်းတိုးဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အသက်ရှင်နေသေးသူတွေကို သေဒဏ်ပေးမှာဖြစ်ပြီး ဟားမတ်စ်တွေရဲ့ သတ်ဖြတ်ခံခဲ့ရပြီး ဂါဇာမှာ ချုပ်နှောင်ခံထားရသူ တွေကို ပြန်ရဖို့ မဖြစ်နိုင်တော့ပါဘူး” ဟု ဟိုရက်ဗ် (Horev) က ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အစည်းအဝေးကျင်းပနေချိန်တွင် ဂျေရုဆလင်မြို့ရှိ ၀န်ကြီးချုပ်ရုံးရှေ့တွင် ဆန္ဒပြသူအုပ်စုအများအပြား စုဝေးခဲ့ကြသည် ။

ဓားစာခံအချို့၏ မိသားစုဝင်များသည် ဂျေရုဆလင်တွင် ဆန္ဒပြမှုအတွင်း ၎င်းတို့၏ ခြေကျင်းဝတ်များနှင့် လက်ကောက်ဝတ်များတွင် သေးငယ်သောကြိုးများ ၀တ်ဆင်ခဲ့ကြသည်။

“ တိုက်ပွဲတွေ အရှိန်မြှင့်ဖို့ အစီအစဥ်တွေ ပေါ်လွင်လာတဲ့အခါ ကျွန်မ စာရေးခဲ့တယ်၊ ဖုံးခေါ်ခဲ့တယ်၊ နောက်ပြီးတောင်းပန်ခဲ့တယ်၊  ဒီကိုလာခဲ့ပါ- ငါတို့ဒီမှာရောက်နေပြီ၊ ငါတို့ မျက်လုံးတွေကို ကြည့်ပြီး မင်းဘာလုပ်မယ်ဆိုတာ ပြောပြပါ။ သူတို့ကတုံ့ပြန်ပြောဆိုဖို့ ငြင်းဆန်ခဲ့တယ်” ဟု လစ်‌ဟေး မီရန် လာဗီ(Lishay Miran-Lavi) က ဆန္ဒပြပွဲတွင် ပြောကြားခဲ့ကြောင်း ဖိုရမ်တွင် ဖော်ပြထားသည်။ မီရန် လာဗီ ၏ခင်ပွန်း အွမ်ရီ မီရန် (Omri Miran) သည် ဂါဇာတွင် ၂၂ လကြာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

အစိုးရ၏ အစီအစဉ်ကို မဲပေးနေချိန်တွင် တယ်အဗစ် တွင် နောက်ထပ် ကြီးမားသော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အစ္စရေးမြို့ကြီးများနှင့် မြို့အများအပြားတွင်လည်း စုရုံးမှု အသေးစားများ ဖြစ်ပွားနေခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ၇ ရက်နေ့တွင် ဟားမတ်စ်တိုက်ခိုက်ရေးသမားများက ဝင်ရောက်စီးနင်းခဲ့သော အစ္စရေးတောင်ပိုင်းရှိ ကီဘွတ်ရှ် နီရာအော့ဇ် (Kibbutz Nir Oz) တွင် နေတန်ယာဟု၏ အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ပြန်လည်တည်ဆောက်ရေး အခမ်းအနားကို ခေတ္တရပ်ထားခဲ့ကြသည်။

“ ထာဝရ ရှုတ်ချခံရမည့် အနာဂတ်ကို ဆွေးနွေးရန် ဝန်ကြီးအဖွဲ့သည် ယခု အစည်းအဝေး ပြုလုပ်နေပါသည်။ ပြောရန် အချိန်တန်ပြီ တော်လောက်ပြီ” ဟု ကီဘွတ်ရှ် ၏ ကိုယ်စားလှယ် များက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နီရာအော့ဇ် (Nir Oz) သည် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အဆိုးရွားဆုံးခံခဲ့ရသော လူ့အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏အဖွဲ့ဝင် လေးဦးတွင် တစ်ဦး သေဆုံးခြင်း သို့မဟုတ် ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။ ကိုးဦးသည် ဂါဇာတွင် ဓားစာခံအဖြစ် ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော