နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းများအတွက် ပေးဆပ်ရသော ‘မြင့်မားသော အဖိုးအခ’ ကို ကာကွယ်ပြောဆို၊ ၎င်းတိုက်ခိုက်မှုက ‘ရွှေအခွင့်အရေး’ ဖန်တီးပေးခဲ့ဟု ဆို

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက်

ဒိုဟာ၊ ကာတာ — ဟားမတ်စ်အဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် သေစေနိုင်လောက်သော တိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုခဲ့ပြီး ဂါဇာတွင် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရသော်လည်း ၎င်းတိုက်ခိုက်မှုသည် ပါလက်စတိုင်းအရေးအတွက် “ရွှေအခွင့်အရေး” တစ်ရပ် ဖန်တီးပေးခဲ့သည်ဟု CNN သို့ ပြောကြားခဲ့သည်။

ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဟားမတ်စ်အရာရှိ ဂါဇီ ဟာမက်ဒ် (Ghazi Hamad) က ဂါဇာရှိ အစ္စရေး၏ ထိုးစစ်အား နိုင်ငံတကာမှ ရှုတ်ချမှုများ တိုးလာခြင်းနှင့် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသော နိုင်ငံများ ပေါ်ပေါက်လာခြင်း ကို မီးမောင်းထိုးပြခဲ့သည်။ ၎င်းသည် ကာတာမြို့တော်ရှိ ဟားမတ်စ်အဖွဲ့ဝင်းနေရာအား အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုမှ နှစ်ပတ်အကြာတွင် အသက်ရှင်လွတ်မြောက် လာသူ ဖြစ်သည်။ ဂါဇာရှိ ပါလက်စတိုင်းအရပ်သားများသည် အစ္စရေး၏ မဆုတ်မနစ်သော တိုက်ခိုက်မှုများကို အဓိကခံစားခဲ့ရသော်လည်း ၎င်းတို့အတွက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ အပေါ် နောင်တရခြင်း မရှိခဲ့ပေ။

“အခု အောက်တိုဘာ ၇ ရက်နေ့ရဲ့ အကျိုးကျေးဇူးက ဘာလဲဆိုတာ ခင်ဗျားသိလား။ …ခင်ဗျား (ကုလသမဂ္ဂ) အထွေထွေညီလာခံကို ကြည့်လိုက်ရင် လူပေါင်း ၁၉၄ ယောက်လောက်က မျက်လုံးဖွင့်ပြီး အစ္စရေးရဲ့ ကြောက်မက်ဖွယ်ရာ၊ ရက်စက်ကြမ်းကြုတ်မှုကို မြင်ပြီး သူတို့အားလုံးက အစ္စရေးကို ရှုတ်ချခဲ့ကြတယ်။ ဒီအချိန်လေးကို ကျွန်တော်တို့ ၇၇ နှစ်ကြာ စောင့်ခဲ့ရတာပါ” ဟု ၎င်းက ပြောသည်။

“ဒီလို ကမ္ဘာကြီးက သမိုင်းကို ပြောင်းလဲဖို့အတွက် ဒါဟာ ရွှေအခွင့်အရေး တစ်ခုလို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
၎င်း၏ မှတ်ချက်များသည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ မာမွတ် အဘတ်စ် က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ကုလသမဂ္ဂမိန့်ခွန်းတွင် ရှုတ်ချပြီး ဟားမတ်စ်အဖွဲ့သည် ပါလက်စတိုင်းနိုင်ငံတော်တွင် ပါဝင်ခွင့်ရမည်မဟုတ်ဟု ပြောကြားသည့်နေ့နှင့် တစ်ရက်တည်း ဖြစ်ပေါ်ခဲ့ပြီး၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ညီလာခံတွင် မိန့်ခွန်း ပြောကြား ရန် တစ်ရက်အလိုတွင်လည်း ဖြစ်သည်။

မြင့်မားသော အဖိုးအခနှင့် အပြစ်တင်မှု ငြင်းပယ်ခြင်း
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမတ်စ်စစ်သွေးကြွများသည် အစ္စရေးတွင် လူ ၁,၂၀၀ ကို သတ်ဖြတ်ပြီး ဓားစာခံ ၂၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ အစ္စရေး၏တန်ပြန်တိုက်ခိုက်မှုကြောင့်ဂါဇာရှိ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ လူပေါင်း ၆၅,၀၀၀ ကျော်၊ အများစုမှာ အမျိုးသမီးနှင့် ကလေးငယ် များ ဖြစ်သည်ကို သေဆုံးစေခဲ့သော အစ္စရေး၏ ရက်စက်သော လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

အောက်တိုဘာ ၇ ရက်နေ့ အဖြစ်အပျက်များသည် အစ္စရေးသမိုင်းတွင် မကြုံစဖူး ဖြစ်ခဲ့ သော်လည်း ဂါဇာတွင် ပျက်စီးဆုံးရှုံးမှု၊ ငတ်မွတ်ခေါင်းပါးမှုနှင့် သေဆုံးဒဏ်ရာရသူများ မြင့်တက်နေခြင်းကြောင့် ဘင်ဂျမင် နက်တန်ယာဟု၏ အစိုးရသည် ၎င်းတို့၏ တုံ့ပြန်မှုသည် အချိုးမညီ ဘဲ လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည်အထိ ဖြစ်နေသည်ဟု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

ဂါဇာတွင် ထောင်နှင့်ချီသော သေဆုံးသူများအတွက် တိုက်ခိုက်မှုများက ထိုက်တန်ရဲ့လားဟု CNN မှ မေးမြန်းခဲ့ရာတွင် ဟားမတ်စ်အဖွဲ့တွင်ထိုတိုက်ခိုက်မှုအတွက် အပြစ်ရှိသည်ဟု ယူဆခြင်း ရှိမရှိ မေးမြန်းမှုကို ဟားမတ်စ်အကြီးတန်းအရာရှိက တာဝန်ယူမှုကိုပင် လက်ခံရန် ငြင်းဆိုခဲ့ပြီး “အဖိုးအခက အရမ်းမြင့်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော် ထပ်မေးချင်ပါတယ်၊ ရွေးချယ်စရာ ဘာရှိလဲ အောက်တိုဘာ ၇ ရက်နေ့ အဖြစ်အပျက် မတိုင်ခင် နှစ်ပေါင်း၇၀ကျော် ပါလက်စတိုင်းသားများကို နယ်မြေများမှ မောင်းထုတ်ခြင်း၊ နယ်မြေများကိုမတရားသိမ်းယူခြင်း၊ အခြေချနေထိုင်မှုများကိုတိုးချဲ့နေခြင်း၊ သွားလာခွင့် များကို ထိန်းချုပ်ထားခြင်း၊ ပါလက်စတိုင်းနယ်မြေထူထောင်ခွင့်ကို ပိတ်ပင်ထားခြင်း တွေကိုအခုမှကမ္ဘာကသိလာခဲ့တယ် ” ဟု ပြောကြားခဲ့သည်။

ဂါဇာမှ ဒေါသနှင့် ရင်ဆိုင်ရခြင်း
မကြာသေးမီလများအတွင်း ဂါဇာရှိ လူအချို့က ဟားမတ်စ်အပေါ် ဒေါသထွက်နေကြပြီး စစ်ပွဲကို အဆုံးသတ်ရန် ငြင်းဆန်ခြင်း၊ လူများကို အစားအသောက်နှင့် ရေမရှိဘဲ ခံစားစေခြင်း တို့ဖြင့် အဆိုပါအဖွဲ့ကို စွပ်စွဲနေကြသည်။

အင်တာဗျူးအတွင်း CNN က ဟားမတ်စ်ကို အာဏာစွန့်လွှတ်ရန် တောင်းဆိုနေသော ဂါဇာရှိ လူများ၏ ရုပ်သံမှတ်တမ်းများကို ဟာမက်ဒ်အား ပြသခဲ့သည်။ ပြသခဲ့သော ကလစ်တစ်ခုတွင် ဟားမတ်စ်ဆန့်ကျင်သူတစ်ဦးက “ကျွန်တော်တို့ရဲ့ သတင်းစကားက ဟားမတ်စ်ကိုပါ၊ ကျွန်တော်တို့နဲ့အတူ လောင်းကစားလုပ်တာ၊ စွန့်စားတာတွေကို ရပ်လိုက်ပါ။ ခင်ဗျားတို့က လက်တွေ့နဲ့ အဆက်အသွယ် ပြတ်နေပြီ။ အထူးသဖြင့် ဟားမတ်စ်ခေါင်းဆောင်မှုက ဂါဇာပြင်ပမှာ ရှိနေလို့ပါ။ ဟိုတယ်တွေမှာ နေထိုင်နေကြပြီး ကျွန်တော်တို့ရဲ့ ကလေးတွေရဲ့ အသက်တွေကိုစတေးနေကြတယ်လို့ တချို့လူတွေက ပြောကြတယ်” ဟု ပြောသည်။

ဟာမက်ဒ်သည် ရုပ်သံကို စက္ကန့်အနည်းငယ်ထက် ပိုမကြည့်ဘဲ ပုံများကို ပြသနေသည့် iPad ကို တွန်းဖယ်ခဲ့သည်။ လူများ ခံစားနေရသည်ကို သိကြောင်း၊ သို့သော် ၎င်းတို့၏ မကျေနပ်မှု ကို အစ္စရေး၏ ကျူးကျော်မှုကြောင့်ဟု အပြစ်တင်ခဲ့သည်။
“ကျွန်တော် သိပါတယ်၊ ကျွန်တော် မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။ “လူတွေ ဒုက္ခရောက် နေတာကို ကျွန်တော် သိပါတယ်” ဟု ပြောခဲ့သည်။
ဟားမတ်စ်သည် ဂါဇာတွင် ၎င်းတို့၏ လုပ်ရပ်များကို ဝေဖန်သူများကို ရက်ရက်စက်စက် တုံ့ပြန်ခဲ့သည်။

ဧပြီလတွင် အသက် ၂၂ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦးသည် ဟားမတ်စ်အဖွဲ့ကို လူသိရှင်ကြား ဝေဖန်ပြီး ဂါဇာတွင် ရှားပါးသော ဟားမတ်စ်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် ဟားမတ်စ်စစ်သွေးကြွများ၏ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ၎င်း၏ မိသားစုက ဆိုသည်။ မေလတွင် ပါလက်စတိုင်းများသည် မြောက်ပိုင်းဂါဇာတွင် ဟားမတ်စ်ကို ဆန္ဒပြခဲ့ကြသည်၊ ၎င်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးကို တိုက်ခိုက်ပြီးနောက် စစ်သွေးကြွအဖွဲ့ကို ဆန့်ကျင်သော အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ပုံရသည်။

ဓားစာခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း
ဟာမက်ဒ်သည် ဂါဇာစီးတီးကို အစ္စရေး၏ တိုက်ခိုက်မှု အရှိန်အဟုန်မြင့်နေချိန်တွင် CNN နှင့် စကားပြောခဲ့ခြင်း ဖြစ်သည်။ အစ္စရေးက အဆိုပါနယ်မြေ၏ အကြီးဆုံးမြို့သည် ဟားမတ်စ်၏ ခံတပ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု ဆိုကာ အပြည့်အဝ သိမ်းပိုက်ရန် ကြိုးပမ်း နေသည်။

ဟားမတ်စ်ကို အစ္စရေးက အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးပြုနေသည်ဟု ထပ်ခါတလဲလဲ စွပ်စွဲထားသည်။ တစ်ပတ်အကြာတွင် ဟားမတ်စ်၏ စစ်ရေးဌာနခွဲ အယ်လ်-ကတ်စမ် တပ်မဟာ ထံမှ သတင်းစကားက ဂါဇာစီးတီးရှိ ကျန်ရှိနေသော ဓားစာခံများ ကို “ဂါဇာစီးတီးရပ်ကွက်များအတွင်း ခွဲဝေချထားပြီး” ဖြစ်သည်ဟု ဖော်ပြခဲ့ပြီး၊ ၎င်းတို့အား ထိရောက်စွာ အခြေအနေချင်း တူညီအောင် ထားရှိခဲ့သည်။

“ (အစ္စရေးဝန်ကြီးချုပ်) နက်တန်ယာဟုက သူတို့ကို သတ်ဖို့ ဆုံးဖြတ်ထားသရွေ့ သူတို့ရဲ့ အသက်အတွက် ကျွန်တော်တို့ စိုးရိမ်မှာ မဟုတ်ဘူး” ဟု အယ်လ်-ကတ်စမ် တပ်မဟာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓားစာခံများကို အစ္စရေး၏ ကျူးကျော်မှုကို ဟန့်တားရန် အသုံးပြုနေခြင်း ရှိမရှိ မေးမြန်းခဲ့ရာတွင် ဟာမက်ဒ်က ဟားမတ်စ်သည် ကျန်ရှိနေသော ဓားစာခံများကို လူသားဒိုင်းအဖြစ် အသုံးပြုနေသည်ကို ငြင်းဆိုခဲ့ပြီး ၎င်းတို့အားလုံးကို “အစ္စလာမ့်မူများဖြင့်” ဆက်ဆံကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

လွတ်မြောက်လာသော ဓားစာခံအချို့သည် အစာငတ်မွတ်ပြီး ပိန်ချုံးနေသည့် အခြေအနေဖြင့် ပေါ်လာခဲ့ကြပြီး အချို့က ဖမ်းဆီးခံရစဉ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ကို ခံခဲ့ရသည်ဟု စွပ်စွဲထားကာ ကုလသမဂ္ဂကလည်း ထိုစွပ်စွဲချက်များကို မီးမောင်းထိုးပြထားသည်။
တုံ့ပြန်မှုအနေဖြင့် ဟာမက်ဒ်က “ကျွန်တော်တို့ ဒီအရာတွေကို လူတွေအပေါ် ကျူးလွန် တယ်ဆိုတာ သက်သေပြဖို့ သက်သေတစ်ခုမှ မရှိပါဘူး” ဟု ပြောသည်။

“ကျွန်တော်တို့ရဲ့ အခြေခံမူတွေက အစ္စလာမ်က လာတာပါ” ဟု ဆိုသည်။
ကြက်ခြေနီအဖွဲ့ ကို ဓားစာခံများထံ သွားရောက်ခွင့်ပြုရန် တောင်းဆိုမှုများကို ဟားမတ်စ်က လိုက်နာမည်လားဟု မေးမြန်းခဲ့ရာတွင် ဟာမက်ဒ်က မြေပြင်အခြေအနေကို “ရှုပ်ထွေးသည်” ဟုဆိုကာ တိမ်းရှောင်ခဲ့သည်။

ကာတာတွင် မမျှော်လင့်ဘဲ တိုက်ခိုက်မှုမှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်း
ရောင်စုံထိန်လင်းနေသော ခန်းမထဲတွင် နံရံတစ်လျှောက် လက်တင်ကုလားထိုင်များ ချထားပြီး ဂျေရုဆလင်မြို့ပုံပါ ပိုစတာတစ်ချပ်နှင့် ပြီးခဲ့သည့်နှစ် အီရန်မြို့တော် တီဟီရန်တွင် သေဆုံးခဲ့သော ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်ဟောင်း အစ္စမေးလ် ဟာနီယေဟ် ၏ ဘောင်သွင်းဓာတ်ပုံတစ်ပုံတို့ဖြင့် ရှိနေစဉ် ဟာမက်ဒ်က စက်တင်ဘာလ ၉ ရက်နေ့ ကာတာအပေါ် တိုက်ခိုက်မှုတွင် အစ္စရေးနည်းတူ အမေရိကန်ပြည်ထောင်စုသည်လည်း အပြစ်ရှိသည်ဟု ပြောကြားခဲ့သည်။ ၎င်းတိုက်ခိုက်မှုက ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ဟာမက်ဒ်သည် ထိုတိုက်ခိုက်မှုတွင် ပစ်မှတ်ထားခံရသော အဖွဲ့ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။ ၎င်းသည် အသက်ရှင်လွတ်မြောက်ခဲ့ခြင်းကို “အံ့ဖွယ် ကံကောင်းမှု” တစ်ခုအဖြစ် ဖော်ပြခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုသည် ဟားမတ်စ်အရာရှိများက အမေရိကန်ပြည်ထောင်စု၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေချိန်တွင် ဖြစ်ပွားခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှုများကို ရုတ်တရက် ရပ်တန့်စေခဲ့ကြောင်း ဟာမက်ဒ်က ပြောသည်။
ဆွေးနွေးပွဲများ၏ လက်ရှိအခြေအနေကို မေးမြန်းသောအခါ ဟာမက်ဒ်က CNN သို့ “ရပ်တန့်သွားပြီ” ဟု ပြောသည်။

ပြဿနာ၏ တစ်စိတ်တစ်ပိုင်းသည် အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး ၎င်းတို့သည် ရိုးသားစွာနှင့် ဘက်မလိုက်ဘဲ ကြားခံဆောင်ရွက်ပေးခြင်း မရှိဘဲ အစ္စရေးအတွက် ပင်း၍လုပ်ဆောင်နေသည်ဟု ၎င်းကဆိုခဲ့သည်။

“ဒါက အမေရိကန်တွေနဲ့ ပတ်သက်တဲ့ ပြဿနာပါ၊ သူတို့က ရိုးသားပြီး ဘက်မလိုက်တဲ့ ကြားခံလူတွေဖြစ်ကြောင်း သက်သေပြနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ပွဲကို အဆုံးသတ်ရန် အစ္စရေး၏ အခြေအနေများမှာ ရှင်းလင်းသည်- ဓားစာခံများကို အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ပြန်ပေးရမည်ဖြစ်ပြီး၊ ညှိနှိုင်းဆွေးနွေးမှုများ စတင်မည့် အပစ်အခတ်ရပ်စဲရေးအတွက် လဲလှယ်မှုအနေဖြင့် ဟားမတ်စ်ကို ဖျက်ဆီးရမည် ဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်း အများစုက အစ္စရေးအနေနှင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ဖိအားပေးနေပြီး၊ ဟားမတ်စ်ကိုလည်း ချက်ချင်း လက်နက်ဖြတ်သိမ်းရမည်ဟု ရှင်းရှင်းလင်းလင်း တောင်းဆိုနေကြသည်။ ဟာမက်ဒ်၏ မှတ်ချက်များသည် ထိုတောင်းဆိုချက်များသည် အဖွဲ့၏ ရည်ရွယ်ချက်နှင့် မည်မျှဝေးကွာနေသည်ကို အလေးပေးဖော်ပြနေခဲ့သည်။

“ဟားမတ်စ်ရဲ့ (လက်နက်ကိုင်တပ်ဖွဲ့) ဟာတရားဝင်မှုရှိပြီး လက်နက်တွေဟာလည်း ကျူးကျော်မှုကို ဆန့်ကျင်ဖို့ ဥပဒေနဲ့အညီ အမြဲတမ်း အသုံးပြုနေတဲ့ လက်နက်တွေပါ” ဟု ၎င်းက ပြောသည်။
ပါလက်စတိုင်းနိုင်ငံတစ်ခု ထူထောင်ပါက ဟားမတ်စ်၏ လက်နက်များကို ပါလက်စတိုင်းစစ်တပ်ထံ လွှဲပြောင်းပေးမည်ဟု ၎င်းက ပြောသည်။

“ဒါပေမဲ့ ခင်ဗျား ဟားမတ်စ်ကို ပါလက်စတိုင်းကနေဖယ်ထုတ်လို့မရပါဘူး … မေးခွန်းတွေနဲ့ ပါလက်စတိုင်းအခြေအနေကနေ ဖယ်ထုတ်လို့ မရပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဟားမတ်စ်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါ” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ပါဘူး။”

ဟားမတ်စ်အရာရှိ ဂါဇီ ဟာမက်ဒ် (Ghazi Hamad) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို