နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

ဇန်နဝါရီလ (၉)ရက်။

နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ လွှင့်ထူဖို့ TNLA က အမိန့်ပေးထားပါတယ်။ အလံမလွှင့်တဲ့အိမ်တွေကို ငွေဒဏ်နဲ့ ထောင်ဒဏ် (၁)လချမယ်ဆိုပြီး အမိန့်ထုတ်ထားတာ” လို့ ဆိုပါတယ်။

TNLA က ဇန်နဝါရီလ (၁၂)ရက်နေ့မှာကျရောက်တဲ့ ပလောင်တော်လှန်ရေးနေ့အတွက် နေအိမ်တွေမှာ အလံတွေလွှင့်ထူဖို့နဲ့ မလိုက်နာပါက ငွေဒဏ်နဲ့ ထောင်ဒဏ် (၁)လ ချမှတ်မယ်လို့ အမိန့်ထုတ်ထားတာပါ။ “ အခု ပလောင်အလံတစ်ခုကို ဈေးမှာ တစ်သောင်းကျပ်ကစပြီး တစ်သောင်းခွဲအထိ ပေးဝယ်နေရတာ။ ဒါ့ကြောင့် ဒေသခံတွေနဲ့ လက်လုပ်လက်စားတွေက အခက်တွေ့နေရတယ်။ ပြီးတော့ ပလောင်အလံကို ပလောင်အိမ်တွေကို လွှင့်ခိုင်းတာက သဘာဝကျပေမယ့် အခုက အိမ်တိုင်းကို အလံထောင်ခိုင်းတာက အစွန်းရောက်ပြီး မင်းမဲ့စရိုက်ဆန်တာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

TNLA အနေနဲ့ မြို့နယ်ထဲရှိ ပလောင်အလံလွှင့်ထူတာကို ပလောင်လူမျိုးတွေရဲ့ နေအိမ်တွေသာမက အခြားတိုင်းရသ်းသားတွေရဲ့ နေအိမ်တွေကိုပါ ဖိအားပေး အမိန့်ထုတ်တာကြောင့် လူမျိုးရေးပြဿနာဖြစ်အောင် ဖန်တီးနေတာလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ကချင်အမျိုးသားတော်လှန်ရေးနေ့မှာ ကွတ်ခိုင်မြို့ရှိ ကချင်ပြည်သူတွေရဲ့ နေအိမ်တွေမှာ လွှင့်ထူထားတဲ့ ကချင်အလံကို TNLA က ဖြုတ်ချခဲ့သလို ဝိုရာဘုံမိန်ပြိန်း စာသင်ကျောင်းက ကချင်အလံကိုလဲ ဖြုတ်သိမ်းပြီး စခန်းအနေနဲ့ သိမ်းယူတာတွေရှိခဲ့တယ်လို့ သိရပါတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့