နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို တိုက်ခိုက်ခြင်းအား ကာကွယ်ရန် စစ်ကြောရေးဗီဒီယိုကို အစ္စရေးစစ်တပ် ထုတ်ပြန်

ဇန်နဝါရီလ (၉) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများကို ပြင်းထန်စွာ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ဟားမတ်စ်၏ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများကို စစ်ရေးလှုပ်ရှားမှုအတွက် အကာအကွယ်အဖြစ် အသုံးပြုသည်ဟု တည်းဖြတ်ထားသည့် စစ်ကြောရေး ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

ဂါဇာမြောက်ပိုင်းရှိ ကာမဲလ် အက်ဒဝမ် (Kamal Adwan) ဆေးရုံမှ ဝန်ထမ်းတစ်ဦးဟု ယူဆရသည့် အမျိုးသားတစ်ဦးက ၎င်းသည် ၂၀၂၁ ခုနှစ်တွင် ဟားမတ်စ်အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ၎င်းအဖွဲ့အစည်း၏မဟာမိတ်ဖြစ်သည့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်များသည် ဆေးရုံများတွင် အခြေစိုက်ထားခြင်းမှာ “သူတို့အနေနှင့် အဲဒီနေရာကို အစ္စရေးစစ်တပ်က ပစ်မှတ်ထားမှာ မဟုတ်ဘူးလို့ သူတို့ယုံကြည်တာကြောင့်” ဖြစ်ကြောင်း‌ပြောကြားခဲ့သည်။

အစ္စရေး ထိန်းသိမ်းရေးစခန်းတွင် စကားပြောနေစဉ် ထိုသူသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဖိနှိပ်ခြိမ်းခြောက်မှုအောက်တွင် ရှိနေပုံပေါ်သည်။ အရပ်သားများနှင့် စစ်သားများကို အကာအကွယ်ပေးသည့် စစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဥ်းများ သတ်မှတ်ပေးသည့် ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းများ၏ ရုပ်ပုံများကို “လူထုသိချင်စိတ်” ဖြစ်လာစေရန် မဖော်ပြသင့်ဟု ဆိုထားသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ဗီဒီယိုရိုက်ထားသည့် စစ်ဆေးမေးမြန်းမှုများနှင့် သက်ဆိုင်သည့် “စစ်သုံ့ပန်း POW” များသည် ဆန္ဒအလျောက် အများပြည်သူသို့ ထုတ်ပြန်ပေးရန် သို့မဟုတ် ရုပ်ပုံများကို မှတ်တမ်းတင်ရာတွင် လိုလားစွာ ပါဝင်သော်လည်း အများပြည်သူအား ထုတ်ဖော်ပြခြင်းသည် ဥပဒေနှင့်မညီပါ”ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် “သူတို့ အန္တရာယ်ကင်းစွာနေနိုင်ရေးမှာ မိမိရန်သူ၏အာဏာအောက်တွင် လုံးလုံးလျားလျား မူတည်နေသောကြောင့်ဖြစ်သည်” ဟုဆိုသည်။

အစ္စရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဂါဇာဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၃၀ ကျော်ထဲမှ အချို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည့် အစ္စရေးသမားတော်များဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ (PHRI) က ထိန်းသိမ်းခံ ထားရသူများသည် မကြာခဏ ညှဉ်းပန်း နှိပ်စက်ခြင်းခံရကြောင်း‌ပြောကြားခဲ့သော်လည်း အစ္စရေးအစိုးရက ငြင်းဆိုထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဂါဇာရှိဆေးရုံများကို လက်နက်ကိုင်ဒရုန်းများနှင့် မြေပြင်စီးနင်းမှုများဖြင့် အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်သည် အဆောက်အအုံများကို “ကွပ်ကဲမှုနှင့် ထိန်းချုပ်မှု” စင်တာများအဖြစ် အသုံးပြုသည်ဟု စွပ်စွဲထားသည်။

အဆိုပါ စီးနင်းမှုတွင် ထိန်းသိမ်းခံထားရသော ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံများတွင် တွေ့ရှိရသည့် လက်နက်ငယ် ဓာတ်ပုံများ၊ ဆေးရုံအနီးတစ်ဝိုက်တွင် လှုပ်ရှားနေသည့် စစ်သွေးကြွများ၏ ဗီဒီယိုများကို တပ်မတော်က ပုံမှန်ထုတ်ပြန်လေ့ ရှိသော်လည်း ဆေးရုံဝင်းအတွင်း ကွပ်ကဲမှုစင်တာတစ်ခုနှင့် ပတ်သက်သည့် ခိုင်လုံသော သက်သေ အထောက်အထား မပြနိုင်သေးပေ။

ပြီးခဲ့သည့်လက အစ္စရေး၏ စီးနင်းမှုအပြီးတွင် ဂါဇာမြောက်ပိုင်း၏ နောက်ဆုံး ဝန်ဆောင်မှုပေးနေသော ဆေးရုံဖြစ်သည့် ကာမဲလ် အက်ဒဝမ် (Kamal Adwan) သည် ကုသပေးနေမှုမှ ရပ်စဲခံခဲ့ရသည်။ “ဟားမတ်စ်နှင့် အစ္စလမ္မစ်ဂျီဟတ် အကြမ်းဖက်သမား ၂၄၀” ကို ဖမ်းမိခဲ့သည်ဟု အစ္စရေး စစ်တပ်က အခိုင်အမာဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် အစ္စရေးအာဏာပိုင်များက “ဟားမတ်စ် အကြမ်းဖက်သမားများကို စီမံခန့်ခွဲနေသူ” ဟု သံသယရှိနေသည့် ဆေးရုံအကြီးအကဲ ဒေါက်တာ ဟူဆမ် အဘူ ဆာဖီရာ (Hussam Abu Safiya) လည်းပါသည်၊ အစ္စရေးအာဏာပိုင်များက အထောက်အထား မပြနိုင်ဘဲ စွပ်စွဲထားသည်။

ဒေါက်တာ အဘူ ဆာဖီရာသည် အောက်တိုဘာလကုန်တွင် ခေတ္တထိန်းသိမ်းခံခဲ့ရသော်လည်း နာရီများစွာကြာပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ ယခုအခါ သူသည် အစ္စရေး ထိန်းသိမ်းရေးစခန်းတွင် ကျန်ရှိနေပြီး ရှေ့နေတစ်ဦးက သူထံဝင်ရောက်တွေ့ဆုံခွင့်ကို ငြင်းပယ်ခံရကြောင်း PHRI ၏ ပြောကြားချက်အရ သိရသည်။ ၎င်း၏မိခင်သည် ယခုသီတင်းပတ်အတွင်း နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်း၏မိသားစုက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

“အစ္စရေးဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရာနဲ့ချီကို ဖမ်းဆီးထားပါတယ်” ဟု PHRI ၏ အကြီးအကဲ ဂိုင်းရှလီ့ဗ် (Guy Shalev) က ပြီးခဲ့သည့်လက အယ်ဂျာဇီယာ(Al Jazeera) သတင်းဌာန သို့ ပြောကြားခဲ့သည်။ “သူတို့က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၃၀ ကို ချုပ်နှောင်ထားဆဲပါ။ အဲဒီအထဲက အယောက် ၃၀ လောက်ကို ကျနော်တို့ သွားကြည့်ခဲ့တယ်။ ထို့ပြင် ၎င်းတို့သည် (ညှဉ်းပန်းနှိပ်စက်မှု) အကြောင်းကို သက်သေခံထွက်ဆိုကြပြီး ၎င်းတို့လိုအပ်သော အစားအစာနှင့် အာဟာရတို့ကို မရရှိကြဟု ပြောဆိုထားသည်။ “သူတို့လိုအပ်တဲ့ အဝတ်အစားတွေ၊ အိပ်ဖို့ မွေ့ယာတွေ မရဘူး။ ထောင်စောင့်တွေက သူတို့ကို တိုက်ရိုက်အကြမ်းဖက်မှုတွေရှိတယ်။ ဒါက အစ္စရေး အကျဉ်းချစခန်းတွေမှာ အကျဉ်းသားတွေရဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ အတွေ့အကြုံပါပဲ။”

အစ္စရေး အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဆရာဝန်များသည် ၎င်းတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ CNN သည် စိုးရိမ်စရာအကျဉ်းချခံထားရသော အခြေအနေများနှင့် ပတ်သက်၍ ယခင်က သတင်းပေးပို့ခဲ့သည်။

အစ္စရေးစစ်တပ်သည် ၎င်းတို့၏အချုပ်ခန်းအတွင်း ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များအား ယခင်က ငြင်းဆိုထားသော်လည်း မည်သည့်အကျဉ်းသားမဆို အယူခံတင်ပိုင်ခွင့်ရှိသည်။ “IDF သည် အကျဉ်းကျခံနေရသော အကျဉ်းသားများအပေါ် သင့်လျော်သောအပြုအမူကို ပြုမူကြောင်းအာမခံပါသည်။ IDF စစ်သားတွေရဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်မှန်သမျှကို စစ်ဆေးပြီး လျော်ကန်စွာ အရေးယူမှာပါ” ဟု ပြောဆိုထားသည်။

ဟားမတ်စ်က ဆေးရုံများကို “အမိန့်နှင့်ထိန်းချုပ်မှု” စင်တာများအဖြစ် အသုံးပြုနေသည်ဆိုသည့်အစ္စရေး၏ ပြောဆိုချက်နှင့် ပတ်သက်၍ အစ္စရေး၏ အကဲဖြတ်ချက်ကို သဘောတူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ ဂါဇာစီးတီး၏ အယ်ရှီဖာ (Al-Shifa) ဆေးရုံအောက်တွင် ဗုံးခိုကျင်းတစ်ခုရှိနေသည်ဟု အစ္စရေး၏ အပြင်းထန်ဆုံး စွပ်စွဲမှုသည် စစ်ပွဲအတွင်း အစောပိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ IDF သည် CNN သတင်းဌာနကို အစောင့်အကြပ်အောက်ရှိ ဆေးရုံသို့ ခေါ်ဆောင်သွားသောအခါ သတင်းသမားများကို ဆေးရုံရှိအယိုင်လဲနေသောတိုင်များနှင့် အပျက်အစီးပုံကြီးကို သာပြသထားသော်လည်း ကွပ်ကဲမှုထိန်းချုပ်ရေးဌာနရှိကြောင်း သက်သေပြနိုင်ခြင်း မရှိခဲ့ပေ။

ကာမဲလ် အက်ဒဝမ်ဆေးရုံ ဝန်ထမ်းတစ်ဦးအား စစ်ဆေးမေးမြန်းသည့် ဗီဒီယိုဖိုင်ကို အစ္စရေး အစိုးရက ထုတ်ပြန်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်၊ ရှင်းဘက်(Shin Bet) ဟုလူသိများသော အစ္စရေးပြည်တွင်း လုံခြုံရေး အေဂျင်စီသည် ဆေးရုံ ဒါရိုက်တာ အာမက် အယ် ကာ‌လော့ (Ahmed Al-Kahlot) အားစစ်ဆေးမေးမြန်းနေမှု ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ “ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင်တွေက စစ်ပွဲရဲ့အစောပိုင်းကာလတွေမှာ အဲဒီနေရာကို ပစ်မှတ်ထားမှာမဟုတ်ဘူးလို့ ယူဆပြီး ဆေးရုံကိုအသုံးပြုခဲ့တယ်” ဟု သူက ပြောခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသော ဒေါက်တာ အယ်ကာ‌လော့သည် အစ္စရေးတွင် ထိန်းသိမ်းခံထားနေရဆဲဖြစ်သည်။

စစ်ပွဲအစောပိုင်းတွင် အစ္စရေးစစ်တပ်သည် အယ်ရှီဖာ(Al-Shifa) ဆေးရုံတွင် ဟားမတ်စ်များ ရောက်ရှိနေကြောင်း ပြသသည့် ဗီဒီယိုများကို ထုတ်ပြန်ခဲ့ပြီး ဓားစာခံများကို ဆေးရုံမှ တစ်ဆင့် ခေါ်ဆောင်လာသည့် လုံခြုံရေးကင်မရာမှတ်တမ်းများကို ပြသခဲ့သည်။ CNN သည် ဗီဒီယိုများ၏ အကြောင်းအရာကို သီးခြား အတည်မပြုနိုင်ပါ။

IDF သည် ဂျာနယ်လစ်များအား ဆေးရုံများတွင် တွေ့ရှိသည်ဟု ယူဆရသည့် လက်နက်ငယ် များကို သိုဝှက်ထားသော ဗီဒီယိုများကို မကြာခဏ ထုတ်ပြန်လေ့ရှိသော်လည်း CNN ၏ ခွဲခြမ်းစိတ်ဖြာချက်များအရ အဆိုပါ လက်နက်အချို့ကို သတင်းထောက်များ လာရောက်ခြင်း မပြုမီ သို့မဟုတ် ထိုနေရာသို့ ရွှေ့ပြောင်းထားသည် သို့မဟုတ် ထားရှိထားကြောင်း သိရသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

ဒီဇင်ဘာ ၆ ရက်တွင် ဂါဇာမြောက်ပိုင်းရှိ ကာမဲလ် အက်ဒဝမ်ဆေးရုံတွင် ပါလက်စတိုင်းများ ဆေးကုသမှု ခံယူနေစဉ်။ AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 52 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 51 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက