နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ဂျပန်နိုင်ငံသံမဏိကုမ္ပဏီကြီး နိပွန်းစတီးလ် (Nippon Steel) ဘိုင်ဒင်အစိုးရက အမေရိကန်သံမဏိလုပ်ငန်းအား ဝယ်ယူမှုကို ပိတ်ဆို့ရန် ဆုံးဖြတ်ချက်အတွက် အမေရိကန်အစိုးရကို တရားစွဲမည်ဟု ဆို

ဇန်နဝါရီလ (၉) ရက်။

နိပွန်းစတီးလ်က ဒေါ်လာဘီလီယံပေါင်းများစွာပေး၍ ဝယ်ရန်အဆိုပြုထားသည့် အရှုံးပြ ရုန်းကန်နေရသည့် အမေရိကန်သံမဏိကုမ္ပဏီ (US Steel) ကို ပြီးခဲ့သည့် သီတင်းပတ်က သမ္မတဂျိုးဘိုင်ဒင်က ပိတ်ဆို့ခဲ့ခြင်းကြောင့် အမေရိကန် အစိုးရအား တရားဥပဒေအရ အရေးယူရန် စဉ်းစားနေသည်ဟု နိပွန်းစတီးလ်က ဇန်နဝါရီလ (၇) ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဒါကို အရေးကြီးတဲ့ ရွေးချယ်မှုလမ်းကြောင်းတစ်ခုအနေနဲ့ စဉ်းစားနေပါတယ်” ဟု နိပွန်းစတီးလ်၏ ဥက္ကဋ္ဌ တာဒါရှီ အီမာအိ (Tadashi Imai) က CNN မှ အတည်ပြု ရုပ်သံမိန့်ခွန်းတွင် သတင်းထောက်များအား တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “အချိန်အများကြီး မယူဘဲ (တုံ့ပြန်) ကြေညာချက်ထုတ်တာ အပါအဝင် အရေးယူ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။”

သောကြာနေ့တွင်၊ ဘိုင်ဒင်က သူသည် အငြင်းပွားဖွယ် ဒေါ်လာ ၁၄.၃ ဘီလီယံနှင့် ဂျပန်ကုမ္ပဏီက အမေရိကန် ဝယ်ယူမှုကို ပိတ်ဆို့ခဲ့ကြောင်းပြောကြားခဲ့ပြီး သူ၏အုပ်ချုပ်မှုနောက်ဆုံးနေ့ရက်များအတွင်းတွင် သူ၏ အုပ်ချုပ်ရေးအာဏာကို သိသိသာသာ အသုံးပြုမှု အမှတ်အသားအဖြစ် ပြသခဲ့သည်။ အမျိုးသားလုံခြုံရေးနှင့် ထောက်ပံ့ရေး ကွင်းဆက်များကို ကာကွယ်ရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

“ကျွန်တော်တို့မှာ မှန်ကန်တဲ့ ပြန်လည်သုံးသပ်မှုကို ရပိုင်ခွင့်ရှိတယ်” ဟု အီမာအိက ၎င်း၏နေအိမ်အပြင်ဘက်ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်သည် အလွန်သင့်လျော်သော သုံးသပ်ချက်မဟုတ်ပါဟု သူက ပြောဆိုခဲ့သည်။

ကကျွန်တော်တို့ ကုမ္ပဏီအနေနှင့် ဒီလိုဆက်လက်ဖြစ်နေတာကို ခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် အနာဂတ် လုပ်ဆောင်မှုများအတွက် ရွေးချယ်စရာအားလုံးကို ကျွန်တော်တို့ စဉ်းစားနေပါတယ်။”

အဆိုပါ သဘောတူညီချက်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်က ကြေညာခဲ့ပြီးကတည်းက နိုင်ငံရေးအရ ပြဿနာရှာ စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး တစ်ချိန်က အမေရိကန်စက်မှုစွမ်းအား၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည့်စက်မှုလုပ်ငန်းကြီးအား နိုင်ငံခြားမှ ထိန်းချုပ်မှုကို ဆန့်ကျင်သော ပါတီနှစ်ဖက်လုံးမှ နိုင်ငံရေးအရ ဆန့်ကျင်ကြရန် လှုံ့ဆော်ခဲ့သည်။

အမေရိကန်သံမဏိလုပ်ငန်း၏ လုပ်သားများသမဂ္ဂ (United Steel workers (USW)) မှ ရောင်းချရန် သဘောတူညီချက်ကို မထောက်ခံဘဲ၊ ဘိုင်ဒင်၏ ဆုံးဖြတ်ချက်ကို “ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေအနေနဲ့ အမျိုးသားလုံခြုံရေးအတွက် မှန်ကန်တဲ့ လှုပ်ရှားမှု” အဖြစ် ချီးမွမ်းခဲ့သည်။

USW အလုပ်သမားသမဂ္ဂသည် အမေရိကန်သံမဏိ၏ မကြာသေးမီက ဘဏ္ဍာရေးအရ စွမ်းဆောင်ရည် ပြသခဲ့သည်မှာ၎င်းသည် “ခိုင်မာပြီး ခံနိုင်ရည်ရှိသော ကုမ္ပဏီတစ်ခုအဖြစ် အလွယ်တကူ ဆက်လက်ရပ်တည်နိုင်သည်ကို ပြသခဲ့သည်”ဟု USW အပြည်ပြည်ဆိုင်ရာဥက္ကဌ ဒေးဗစ် မက်ကောလ် (David McCall) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

သို့သော် အချို့က သဘောတူညီချက်ပျက်ပျယ်သွားမှုသည် အမေရိကန်သံမဏိကုမ္ပဏီကြီးအား ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းခမ်း‌ခြောက်သွားစေပြီး အခြားအမေရိကန်ကုမ္ပဏီများတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကိုလည်း ကြောက်လန့်မောင်းထုတ်သလိုဖြစ်စေလိမ့်မည်ဖြစ်သည်။

အမေရိကန်သံမဏိကုမ္ပဏီ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေးဗစ် ဘားရစ် (David Burritt) က ဘိုင်ဒင် ၏ ဆုံးဖြတ်ချက်သည် “ရှက်စရာကောင်းပြီး အကျင့်ပျက်မှု” ဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။

ဒီဇင်ဘာလနှောင်းပိုင်းတွင် CFIUS ဟုလူသိများသော အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကော်မတီမှ အမေရိကန်သံမဏိကုမ္ပဏီကို ဂျပန်ကုမ္ပဏီအား ရောင်းချခြင်းသည် အမျိုးသား လုံခြုံရေး အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့်အချက်အပေါ် သဘောတူညီမှု မရရှိခဲ့ကြောင်း ဘိုင်ဒင်ကို အသိပေးခဲ့ပြီး၊ သမ္မတကသာ ဆုံးဖြတ်ချက်ပေးရန် ထားရစ်ခဲ့သည်။

US Steel နှင့် Nippon Steel တို့သည် ရောင်းချမှု လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် US Steel ၏ ပြည်တွင်းသံမဏိလုပ်ငန်းများတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးရန် သဘောတူညီချက်သည် လိုအပ်ကြောင်း ငြင်းဆိုခဲ့ကြသည်။

အဆိုပြုဝယ်ယူမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၏ အဆိုပြုရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၇ ဘီလီယံကို US Steel က မရရှိပါက US Steel သည် USW မှ ကိုယ်စားပြု ထားသည့် စက်ရုံများကို ပိတ်ပစ်ရန် တွန်းအားပေးနိုင်ကြောင်း US Steel က အခိုင်အမာဆိုထားသည်။

ဂျပန်ဘက်က လေ့လာသုံးသပ်သူများက အမေရိကန်သည် ဂျပန်နိုင်ငံသည် မဟာမိတ်နိုင်ငံဟု အမြဲပြောဆိုဆက်ဆံ နေသော်လည်း ယခုလုပ်ရပ်သည် ဂျပန်အား မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ထားခြင်း မရှိသည်ကို ပြောင်ပြောင်တင်းတင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုထားကြသည်။

သတင်းရင်းမြစ်။ CNN, ဂျပန်မီဒီယာများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက