နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိန်ဂျလိစ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ငါးဦးအထိရှိလာ

ဇန်နဝါရီလ (၉) ရက်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ အီတင်ရပ်ကွက်တွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေမှာ ငါးဦးအထိ မြင့်တက်လာခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲအရာရှိရုံးက CNN ၏ တွဲဖက်ရုပ်သံဌာန KABC သို့ ဇန်နဝါရီလ (၈) ရက်နေ့တွင် ပြောကြားခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် မီးငြှိမ်းသတ်ရန် ခက်ခဲနေဆဲဖြစ်သည်။

အီတင်မီးသည် လော့စ်အိန်ဂျလိစ်မြို့၏ အာလ်တီဒီနာ (Altadena) ရပ်ကွက်တွင် နောက်ထပ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အာလ်တီဒီနာတွင် ရိုက်ကူးထားသည့် CNN ရုပ်သံဖိုင်တွင် မီးခိုးမြူများနှင့် လိမ္မော်ရောင်မီးတောက်များသည် နေအိမ်များကို ဖုံးကွယ်ထားသည်ကို ပြသခဲ့သည်။ နေရာတိုင်းတွင် နေအိမ်များနှင့် သစ်ပင်များ မီးလောင်ကျွမ်းခဲ့ပြီး ကားများနှင့် ကယ်ထုတ်ရန် ကြိုးပမ်းခဲ့သည်။

ဒေသစံတော်ချိန် ၈ ရက်နေ့ မွန်းလွဲပိုင်းအထိ လျှပ်ဓာတ်အားပြတ်တောက်မှု သတင်းဝက်ဘ်ဆိုက်တစ်ခုအရ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် အိမ်ခြေ ၁ ဒသမ ၅ သန်းကျော် လျှပ်စစ်မီးပြတ်တောက်မှု ကြုံနေရသည်။

ပစိဖိတ် ပဲရာဆေ့ရပ်ကွက်နှင့်ကပ်လျက် မြို့မြောက်ဘက်ပိုင်းရှိ နေထိုင်သူများကို ရွှေ့ပြောင်းရန် ဆန်တာမိုနီကာမြို့တော်က အမိန့်အသစ်ထုတ်ပြန်ခဲ့သည်။

မီးလောင်မှုဟာ ကျော်ကြားသူများ နေထိုင်ရာ ရပ်ကွက်များအထိ ပျံ့နှံ့ခဲ့ပါသည်။ အာလ်တီဒီနာ တွင် မီးများ ဆက်လက် လောင်ကျွမ်းပျံ့နှံ့နေသဖြင့် အဆိုတော်နှင့် သရုပ်ဆောင် မင်းသမီး မန်ဒီမိုး (Mandy Moore) သည် သူ့မိသားစုနှင့်အတူ ဇန်နဝါရီလ (၇) ရက်နေ့ညတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

မန်ဒီမိုးက သူ၏ အင်စတာဂရမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး “ ဆုံးရှုံးခဲ့ရတာတွေကို အံ့ဩမိပါတယ်။ ကျမကလေးတွေ ကျောင်းပျက်သွားပြီ။ ကျမအကြိုက် စားသောက်ဆိုင်တွေလည်း မရှိတော့ဘူး။ မီးလောင်ကုန်ပြီ၊ ကျမသူငယ်ချင်းတွေနဲ့ ချစ်ခင်သူတွေ တော်တော်များများ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ကြရတယ်” “ကျမတို့ရဲ့ အသိုက်အဝန်း ကွန်မြူနတီလည်း ပျက်စီးသွားရပြီ။ ဒါပေမဲ့ ဒီနေမှာ ကျမတို့ အတူတူ ပြန်လည်တည်ဆောက်သွားကြမယ်” ဟု ရေးသားခဲ့သည်။

မင်းသား ဝီလီယမ် မက်နာမာရာ (William McNamara) သည် တောမီးလောင်ကျွမ်းနေသည့် ပစိဖိတ် ပဲရာဆေ့ (Pacific Palisades) ဧရိယာတွင် သောင်တင်နေသော အိမ်မွေးတိရစ္ဆာန်များကို ကယ်ဆယ်ရန် ကားမောင်းနေစဉ် ဇန်နဝါရီလ (၇) ရက်နေ့၌ မီးတောက်များနှင့် မီးခိုးများလွှမ်းကာ အဝေးပြေးလမ်းမပေါ်တွင် ကားမောင်းမရဟု ဆိုသည်။ “ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။” ဟု သူကပြောပြခဲ့သည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။ AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို