နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်နဲ့ ထရန့်အကြံပေး နာဗာရိုတို့ တယောက်နဲ့ တယောက် ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ခိုက်

** အီလွန်မတ်စ်က နာဗာရိုကို “တကယ်ကိုရူးနေတဲ့အရူး” လို့ ပြော **

ဧပြီလ (၉) ရက်၊

တတ်စလာ စီအီးအို အီလွန်မတ်စ်က ထရန့်ရဲ့ ကုန်သွယ်ရေးနဲ့ ထုတ်လုပ်ရေးဆိုင်ရာ အကြီးတန်းအကြံပေး ပီတာနာဗာရိုကို ဆိုရှယ်မီဒီယာပေါ်တွင် “တကယ်ကိုရူးနေတဲ့အရူး” လို့ ဧပြီလ (၈) ရက်နေ့က ပြောကြားခဲ့ပြီး အိမ်ဖြူတော်ရဲ့ အခွန်အကောက်အစီအစဉ်တွေကို သဘောမကျတဲ့ သဘောထားကို ပြသခဲ့ပါတယ်။

CNBC နဲ့ နာဗာရိုနဲ့ တွေ့ဆုံမေးမြန်းမှုအပြီးမှာ မတ်စ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ နာဗာရိုက တက်စလာဟာ ကားထုတ်လုပ်သူထက် “ကားတပ်ဆင်တဲ့ကုမ္ပဏီ” နဲ့ ပိုပြီးနီးစပ်တယ်လို့ ပြောခဲ့ပြီး ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထရန့်က နိုင်ငံအများအပြားအပေါ် အခွန်ကောက်ခံမှုကို ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း စျေးကွက် မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကားဈေးက ဒေါ်လာ ထောင်ချီ တက်လာဖွယ် ရှိနေပါတယ်။

“တက္ကဆက်မှာရှိတဲ့ တက်စလာရဲ့ စက်ရုံကို ရောက်သွားရင် တော်တော်များများမှာ အင်ဂျင်တွေဖြစ်တဲ့ EV ထဲမှာပါတဲ့ ဘက္ထရီအများစုဟာ ဂျပန် ဒါမှမဟုတ် တရုတ်နိုင်ငံက လာတာပါ။ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ထိုင်ဝမ်မှာ ထုတ်လုပ်တာဖြစ်တယ်” လို့ နာဗာရိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့နဲ့ အီလွန်ရဲ့ စဉ်းစားတွေးခေါ်ပုံ ကွာခြားချက်ကတော့ ကျွန်တော်တို့က တာယာတွေကို အာကရွန် Akron (အိုဟိုင်းယိုး) မှာ ထုတ်လုပ်စေချင်တဲ့ အချက်ပါ” “ဂီယာတွေကို အင်ဒီယားနားပိုလစ် (အင်ဒီယားနား) မှာ၊ အင်ဂျင်တွေကို မီချီကန်က ဖလင့် (Flint) ဒါမှမဟုတ် ဆာဂီနော် တို့မှာ လုပ်စေချင်ပြီး ကားတစ်စီးလုံး အမေရိကန်မှာ ထုတ်လုပ်စေချင်တာပါ။”

အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ မတ်စ်က နာဗာရိုက ပြောဆိုနေတာတွေကို ပြသတဲ့ ဗီဒီယိုကို X (အရင် တွစ်တာ) မှာ တင်ခဲ့ပြီး “တကယ်ကိုရူးနေတဲ့အရူး” လို့ ပြောခဲ့ပါတယ်။ “သူပြောနေတာတွေက လုံးဝကို မှားနေတယ်” လို့ ရေးသားခဲ့ပါတယ်။ နာဗရိုကို ဉာဏ်ရည်မသန်စွမ်းသူတွေကို ခွဲခြားဆက်ဆံတဲ့အသုံးအနှုန်းနဲ့ စော်ကားခဲ့တာလည်း ရှိခဲ့ပါတယ်။

အခြားပို့စ်တစ်ခုမှာတော့ မတ်စ်က “တက်စလာကားတွေဟာ အမေရိကန်လုပ် အစိတ်အပိုင်းတွေ အများဆုံးပါဝင်တယ်” လို့ ဆိုကာ “နာဗရိုဟာ အုတ်တွေထည့်တဲ့အိတ်လောက်တောင် ဉာဏ်ရည်မရှိဘူး” လို့ ဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှစ၍ တက်စလာဟာ ကားများ တပ်ဆင်ရာနေရာနှင့် ကားအစိတ်အပိုင်းများပြုလုပ်တဲ့နေရာ၊ ကားအင်ဂျင်နဲ့ ဂီယာတွေကို ထုတ်လုပ်တဲ့နေရာနဲ့ ထုတ်လုပ်ရေးလုပ်သားအင်အားစတဲ့ စံနှုန်တွေအပေါ် အခြေခံတဲ့ Cars.com ရဲ့ အမေရိကန်ထုတ်အညွှန်း USA Made Index မှာ ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

ဒါပေမယ့်လည်း မတ်စ်က တက်စလာဟာ အခွန်စည်းကြပ်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို ခံနိုင်ရည် မရှိသေးဘူးလို့ အသိအမှတ်ပြုခဲ့ပါတယ်။

“တက်စလာအပေါ် အခွန်စည်းကြပ်မှုရဲ့ သက်ရောက်မှုက သိသာထင်ရှားဆဲပါပဲ” လို့ မတ်စ်က ပြီးခဲ့တဲ့လက X မှာ ပြောကြားခဲ့ပါတယ်။

မတ်စ်ဟာ အကောက်ခွန်မူဝါဒအပေါ် ထရန့်နဲ့ အကြား သဘောထားကွဲလွဲခဲ့ပြီး လွတ်လပ်စွာ ကုန်သွယ်မှုနဲ့သက်ဆိုင်တဲ့ ဗီဒီယိုတွေ လွှင့်တင်ကာ အီတလီမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သူ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်နှင့် ဥရောပအကြား စည်းကြပ်ခွန်ဟာ “သုည” ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ (၇) ရက်နေ့က မတ်စ်က စည်းကြပ်ခွန်တွေကို ရပ်ဆိုင်းပေးဖို့ ထရန့်ကို တိုက်ရိုက်ပြောဆိုခဲ့တယ်လို့ ဝါရှင်တန် ပို့စ် (Washington Post) မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထရန့်က မတ်စ်ရဲ့စကားကို နားမထောင်ခဲ့ဖူးလို့ ဆိုပါတယ်။

မူဝါဒ ဒါမဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မတ်စ်နဲ့ ထရန့်တို့ သဘောထားမတိုက်ဆိုင်တာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မတ်စ်ဟာ ထရန့်ကို အကြီးအကျယ် ထောက်ခံသူနဲ့ ထိပ်တန်းအကြံပေးတွေထဲက တစ်ဦးဖြစ်ပြီး အခွန်စည်းကြပ်မှုအပေါ် သူတို့နှစ်ဦးအကြား သဘောထား မကိုက်ညီမှုကတော့ အလွန်ပြင်းထန်တယ်လို့ ပြောဆိုနေကြပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်။

ဓာတ်ပုံ။ အီလွန်မတ်စ်နဲ့ နာဗာရို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက