နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပို့ဆောင်ဖို့ C-130 ဂျပန်စစ်လေယာဉ်တစီး မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော

ဧပြီလ (၉) ရက်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ဖို့ မန္တလေးတိုင်းမှာ ရောက်ရှိနေတဲ့ ဂျပန်ဆေးဘက်ဆိုင်ရာအဖွဲ့အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေ အပါအဝင် ဆေးဝါးနဲ့ အခြားစက်ပစ္စည်းကိရိယာတွေကို ဂျပန်နိုင်ငံက C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ဧပြီလ (၈) ရက်နေ့မှာ ပို့ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ကာကွယ်ရေးဝန်ကြီး နာကာတာနီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပုံမှန်အရပ်ဘက်လေယာဉ်တွေနဲ့ အဆင်မပြေတာကြောင့် စစ်ဘက်ဆိုင်ရာသုံး C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ကို အသုံးပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်နဲ့ဆိုရင် မြေပြင်မှာ လုပ်ဆောင်နေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေဆီကို လိုအပ်တဲ့ဆေးဝါးနဲ့ ကိရိယာတွေကို ပိုမိုလျင်မြန် စိတ်ချယုံကြည်စွာ ပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေမှာ ဂျပန်နိုင်ငံ ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့များ အက်ဥပဒေကို အခြေခံပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တရားဝင် ဆွေးနွေးညှိနှိုင်းပြီးနောက် နိုင်ငံတကာဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အခြားပစ္စည်းတွေ ပို့ဆောင်ဖို့ ပူးတွဲစစ်ဆင်ရေး တပ်မှူးကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေနဲ့ အနီးကပ် ဆက်လက်လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်တွေကို အမြင့်ဆုံးအသုံးချပြီး မြန်မာနိုင်ငံ ပြည်သူတွေနဲ့အတူရပ်တည်ပြီး မြန်မာပြည်သူတွေမြင်တဲ့ရှုထောင့်ကနေ အစွမ်းကုန် တုံ့ပြန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

အခုတစ်ခေါက် မြန်မာနိုင်ငံကို စေလွှတ်တာဟာ JJOC ကို စတင်တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်။ JJOC (Joint Operations Command) ဟာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြည်း၊ ရေ၊ လေကို တစ်စုတစ်စည်းတည်း ကွပ်ကဲကြီးကြပ်ပေးတဲ့ ပူးတွဲယူနစ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေအပေါ် တုံ့ပြန်ဖို့ ဂျပန်နိုင်ငံအစိုးရဟာ မြန်မာနိုင်ငံ ပြည်သူတွေအတွက် တိုက်ရိုက်အကျိုးပြုမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဆရာဝန်တွေနဲ့ သူနာပြုတွေပါဝင်တဲ့ နိုင်ငံတကာ သဘာဝဘေးကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာအဖွဲ့ကို ဧပြီလ ၂ ရက်နေ့က မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။

Update: ဂျပန်စစ်လေယာဉ် ဒီနေ့ ဧပြီလ (၉) ရက်နေ့မှာ ရန်ကုန်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

သတင်းရင်းမြစ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးရုံး

ဓာတ်ပုံ။

ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာတာနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ