နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှုအသစ် ခံရသည့်နိုင်ငံများ၏ ထုတ်ဖော်ပြောဆိုချက်များ။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ရက်

လန်ဒန် CNN —

အမေရိကန်၏ ကုန်သွယ်ဖက် ဒါဇင်ပေါင်းများစွာသည် အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ချမှတ်မည့် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁ ရက်မတိုင်မီညှိနှိုင်းရန် ကြိုးပမ်းနေကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီလတွင်ကြေညာခဲ့သည့် အပြန်အလှန် စည်းကြပ်ခွန် ဟု ခေါ်သည့် အခွန်စည်းကြပ်မည့်အချက်ကို ရှောင်ရှားရန် နိုင်ငံများအနေနှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ညှိနှိုင်းရန် လအတန်ကြာ ကြိုးပမ်းခဲ့သည်။ ယခုအချိန်အထိ တရုတ်၊ ဗြိတိန်နှင့် ဗီယက်နမ်တို့သာ ထိုသဘောတူညီချက်များကို လိုက်နာနိုင်ခဲ့ပြီး ၎င်းသဘောတူညီ ချက် တို့သည် ၎င်းတို့၏နယ်ပယ်အနေအထားနှင့် နောက်ဆုံးအဆင့်တွင် ကွဲပြားပါသည်။

တနင်္လာနေ့တွင် ထရန့် သည်၎င်းတို့၏ အကောက်ခွန်နှုန်းထားအသစ် အကြောင်းကိုနိုင်ငံ ၁၄ နိုင်ငံမှအကြီးအကဲများထံ အသိပေးသည့် သောစာကိုပေးပို့ခဲ့သည် – အချို့သော ကိစ္စရပ်များ တွင် ဧပြီလတွင် ပြသခဲ့သည့်အခွန်နှုန်းထားထက် ပိုမိုမြင့်မားနေခဲ့ပါသည်။

သို့သော်တစ်ချိန်တည်းတွင် ထရန့်သည်တရုတ်နိုင်ငံမှလွဲ၍ နိုင်ငံအားလုံးအတွက် “အပြန်အလှန်” စည်းကြပ်ခွန်များ အကောင်အထည်ဖော်မှုကို ဇူလိုင်၉ရက်နေ့မှ သြဂုတ်လ ၁ရက် နေ့သို့ပြောင်းရွေ့ပေးသည့် နှောင့်နှေး နှေးကွေးစေသော တုံ့ပြန်မှု တစ်ခုသာ ဖြစ်သည်။

အောက်တွင် အချို့နိုင်ငံများ၏ တုံ့ပြန်မှုဖြစ်သည်။

တောင်ကိုရီးယား

ဩဂုတ်လ ၁ ရက်မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုကို အရှိန်မြှင့်မည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ထိုနေ့တွင် တောင်ကိုရီးယားအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။ ထရန့်၏ Truth Social ပလက်ဖောင်း တွင် သူတင်ထားသော စာများအရ အကောက်ခွန်နှုန်းထားများကို “အတက်၊ အဆင်း၊ ပြုပြင်နိုင်သည်” ဟုဆိုထားသည်။

တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာနက နိုင်ငံ၏ ရည်ရွယ်ချက်မှာ အခွန်စည်းကြပ်မှုကြောင့် ဖြစ်ပေါ်သော မသေချာမရေရာမှုများကို အမြန်ဖြေရှင်းရန် နှစ်တစ်နှစ် အတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ရန် ဖြစ်သည်။

ဝန်ကြီးဌာနသည် အမေရိကန်နှင့် ၎င်း၏ ကုန်သွယ်မှုပိုငွေပြမှုကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်ထုတ်လုပ်မှု ကိုတကြော့ပြန် ခေတ်စားလာရေးကို နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေး မှတစ်ဆင့် ရှေ့သို့ တက်လှမ်းလုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် ဇွန်လအစောပိုင်းတွင် တောင်ကိုရီးယား၏ အစိုးရသစ်ဖွဲ့စည်းချိန်မှစ၍ အမေရိကန်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း “လက်တွေ့တွင်မူ ကိစ္စရပ်အားလုံးအတွက် သဘောတူညီမှုရရှိရန် အချိန်လုံလောက်မှုမရှိပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်

ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အစ်ဟီဘာ(Shigeru Ishiba) သည် အင်္ဂါနေ့နံနက်တွင် အစိုးရအဖွဲ့ဝင် ကက်ဘိနက် ဝန်ကြီးများ အားလုံးပါဝင်သော ပြည့်စုံသော လုပ်ငန်း အဖွဲ့အစည်းအဝေး ကို ခေါ်ယူခဲ့သည်။

CNN မှ ဘာသာပြန်ထားသော မှတ်ချက်များအရ ဂျပန်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရင်း “အမေရိကန်နှင့် အစောပိုင်း သဘောတူညီချက်တစ်ရပ်ကို ရရှိရန် ရှာဖွေ နေသည်” ဟု အီရှီဘာ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“စိတ်ရင်းမှန်ဖြင့် ဆွေးနွေးမှုများ” ရှိသော်လည်း ဆက်လက်ဖြစ်ပွားနေသော ပြဿနာများ ကြောင့် ဂျပန်နိုင်ငံသည် သဘောတူညီချက်ကို ရရှိနိုင်ခြင်း မရှိခဲ့ကြောင်း အီရှီဘာက ပြောကြားခဲ့သည်။ အီရှီဘာ က “အမေရိကန်အစိုးရသည် ထပ်လောင်းအကောက်ခွန်များ စည်းကြပ်ပြီး အကောက်ခွန်နှုန်းထားများ မြှင့်တင်မည့် အစီအစဉ်များကို ကြေညာခဲ့ခြင်း

ကြောင့် ကျွန်ုပ်တို့ အလွန်ဝမ်းနည်းမိပါသည်။” သို့သော်လည်း သူသည် မည်သည့်ပုံစံဖြင့် လက်တုံ့ပြန်မည်ကို ခြိမ်းခြောက်ခြင်းမပြုတော့ပေ။

တောင်အာဖရိက

တနင်္လာနေ့တွင်၊ တောင်အာဖရိကသမ္မတ ဆိုင်ရယ်ရမ်မာဖိုဆာ(Cyril Ramaphosa) သည် သူ့နိုင်ငံ၏ US သို့ ပို့ကုန်များအပေါ် စည်းကြပ်ခွန် ၃၀% အသစ်ကောက်ခံမှုကို တစ်ဖက်သတ် စည်းကြပ်မှုဟု ခေါ်ဆို၍ဝေဖန်ခဲ့သည်။

ကြေငြာချက်တစ်ခုတွင် ရမ်မာဖိုဆာ က “အပြန်အလှန်” စည်းကြပ်ခွန်သည် “ရရှိနိုင်သော ကုန်သွယ်မှုဒေတာ၏ တိကျသောကိုယ်စားပြုမှုပေါ်တွင် အခြေခံခြင်းမရှိ” ဟုပြောကြား ခဲ့သည်၊ တောင်အာဖရိကသို့အမေရိကန်၏ကုန်ပစ္စည်းတင်ပို့မှု ၇၇% သည် မည်သည့် အခွန်အခမှ မကြုံရကြောင်းပြောကြားခဲ့သည်။

တောင်အာဖရိကသည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုမျှတပြီး အပြန်အလှန်အကျိုးရှိသော ကုန်သွယ်မှုဆက်ဆံရေးဆီသို့ သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ၎င်း၏နိုင်ငံသည် မေလ ၂၀ ရက်နေ့တွင် အမေရိကန်သို့ ကုန်သွယ်ရေး သဘောတူညီချက်အတွက် မူဘောင်တစ်ခုကို အဆိုပြုခဲ့ကြောင်း ရမ်မာဖိုဆာ က ပြောကြားခဲ့သည်။

“ဒီမူဘောင်ကအမေရိကန်ရဲ့ကနဦးတင်ပြခဲ့တဲ့ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းထားပြီးထိုအထဲမှာ တောင်အာဖရိကရဲ့ကုန်သွယ်ရေးပိုငွေပြနေမှု၊ တရားမျှတမှု မရှိတဲ့ ကုန်သွယ်မှု အလေ့အထတွေနဲ့အမေရိကန်ရဲ့အပေးအယူလုပ်မရှိခြင်းအပေါ်မူတည်ဖြေရှင်းထားတယ်လို့ ရမ်မာဖိုဆာ က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက