နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အခုလဆန်းပိုင်းထဲဖြစ်ပွားခဲ့တဲ့ ရန်ကုန်က လူသတ်မှုတွေရဲ့ ကျူးလွန်သူတွေဟာ ဆယ်ကျော်သက်အရွယ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

အောက်တိုဘာလ (၉)ရက်။

အခုလဆန်းပိုင်းက ရန်ကုန်တိုင်း သန်လျင်နဲ့ ပန်းဘဲတန်းတို့မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်တွေရဲ့ ကျူးလွန်သူတွေဟာ အသက်(၁၇)နဲ့ (၁၈)နှစ်ဝန်းကျင်တွေဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၅)ရက်နေ့က သန်လျင်မြို့မှာ အငှားယာဉ်မောင်းတစ်ဦးကို သတ်ဖြတ်ပြီး ကားလုယက်သူတွေဟာ အသက် (၁၇)နှစ်အရွယ် ထက်ရှိုင်းဇော်နဲ့ သက်ဝေဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို အခင်းဖြစ်ပွားပြီး နောက်တရက်မှာ လုယက်ခဲ့တယ်ဆိုတဲ့ ကားနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ထွက်ဆိုချက်ထဲမှာ အဲ့ဒီလူငယ် (၂)ဦးက သန်လျင် ကျိုက်ခေါက်ဘုရားပွဲမှာ အရက်သေစာသောက်စားပြီး ကားငှားပြန်ရာက ယာဉ်စီးခနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ရာက လူသတ်မှု ကျူးလွန်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပန်းဘဲတန်းမြို့ Beauty Land Hotel မှာ အမျိုးသမီးတစ်ဦး အပိုင်းပိုင်း သတ်ဖြတ်ခဲ့တဲ့အမှုရဲ့ ကျူးလွန်သူတွေဟာ အသက် (၁၈)နှစ်အရွယ် ချစ်သူစုံတွဲဖြစ်တဲ့ အောင်ခန့်ကျော်ဇင်နဲ့ အေမွန်အောင်တို့ဖြစ်တယ်ဆိုပြီး စစ်တပ်က ပြောဆိုထားပါသေးတယ်။

ပြစ်မှုကျူးလွန်တဲ့ လူငယ်အမျိုးသားဟာ ဂိမ်းအလွန်အကျွံကစားတာနဲ့ လူသတ်အလောင်းဖျောက်တဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေ အလွန်အကျွံ ကြည့်သူဖြစ်ပြီး သတ်ဖြတ်ခံရသူကို ပျော်ပါးဖို့ အခကြေးငွေနဲ့ ချိန်းဆိုပြီးနောက် ကျူးလွန်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အခုလို ဖမ်းမိခဲ့တဲ့သူတွေထဲ သန်လျင်မြို့ဖြစ်စဉ်က ကျူးလွန်သူ (၂)ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂နဲ့ အရေးယူထားပြီး ပန်းဘဲတန်းဖြစ်စဉ်က ကျူးလွန်သူ (၂)ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အရေးယူထားပါတယ်။

အမှုဖြစ်စဉ်တွေနဲ့ပတ်သက်ကာ စစ်တပ်က ကျူးလွန်သူတွေဆိုပြီး ဖမ်းဆီးခဲ့တဲ့သူတွေဟာ ဆယ်ကျော်သက်အရွယ် လူငယ်တွေဖြစ်နေတဲ့အပေါ် ပြည်သူတွေကတော့ သံသယ‌ရှိနေကြတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 17 Views
ဧပြီလ (၂၁)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေသေးတာကို သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု All in One
မြန်မာသတင်း

မင်းအောင်လှိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို CNF ငြင်း

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 17 Views
ဧပြီလ (၂၁)ရက်။ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF)က ငြင်းဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NCA ကအစ
မြန်မာသတင်း

ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်ဖို့ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 18 Views
ဧပြီလ (၂၁)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ရက် (၁၀၀)မှာ PDF
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 28 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ (၁၇)ရက်နေ့က တောင်ငူထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး နေပြည်တော်ရှိ နေအိမ်မှာ မိသားစုနဲ့အတူ နေထိုင်နေတာပါ။
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 25 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 30 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က