နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အိန္ဒိယပွဲတော်တစ်ခုတွင် ဟိန္ဒူနတ်ဘုရားမက ဘီလူးကို သုတ်သင်ရာ၌ ယခုနှစ် မကောင်းဆိုးဝါးဘီလူး မှာ ထရန့် ဖြစ်နေ

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက်

ဟိန္ဒူနတ်ဘုရားမ ဒူရဂါ (Durga) သည် ၎င်း၏ခြင်္သေ့ပေါ်တွင် ထိုင်လျက် လက်ဆယ်ဖက်စီ၌ ကိုယ်စီနတ်လက်နက်များ ကိုင်စွဲထားသည်။ သို့သော် ၎င်း၏ ပစ်မှတ်မှာ လိမ်လည်လှည့်ဖြားမှု ဘီလူး မာဟီရှားဆူရာ (Mahishasura) မဟုတ်တော့ပေ။

၎င်းသည် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ယူဆရသော မကောင်းမှုအင်အားစုများကို ကိုယ်စားပြုသည့် ရန်သူတစ်ဦးကို ပစ်မှတ်ထားနေသည်– ၎င်းမှာ ဆံပင်ရွှေရောင် ထုံးထား သော၊ ကြွက်သားအမြောင်းများထနေသော ကိုယ်ခန္ဓာနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် (Donald Trump) ကို ပုံဖော်ထားသည့် မျက်နှာပါသော ထင်ရှားသည့် ပုံတူရုပ်ထု ဖြစ်သည်။

အရှေ့ပိုင်း အိန္ဒိယ ပြည်နယ် အနောက်ဘင်္ဂလားတွင် ဟိန္ဒူပွဲတော် ဒူရဂါပူဂျာ (ဘင်္ဂါလီ ဟိန္ဒူများက ဒူရဂါပူဂျိုဟု ခေါ်သည်) ကျင်းပနေစဉ် ပြီးခဲ့သည့်သီတင်းပတ်က ဖော်ထုတ်ပြသ ခဲ့သော ဤရုပ်တု၏ သင်္ကေတမှာ မေ့ထား၍မရနိုင်ပေ။

ကောင်းမှု မှ မကောင်းမှုအပေါ် အောင်ပွဲခံသည့် ပွဲတော်တစ်ခုတွင် ဤရုပ်တုသည် နိုင်ငံရေး သရော်စာမျှသာ မဟုတ်ခဲ့ပေ။ ထရန့် က ကမ္ဘာ့ကုန်သွယ်ရေးကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းမှု များကြောင့် ယခင်က ခိုင်မာခဲ့သော ချစ်ကြည်ရင်းနှီးမှု ယိုယွင်းသွားသည်ကို ဖော်ပြသည့် သင်္ကေတ တစ်ခုဖြစ်သည်။

မုရှိဒါဘတ်မြို့ (Murshidabad) ရှိ ဒူရဂါပူဂျာပွဲ စီစဉ်ရေးကော်မတီဝင်ဖြစ်သူ ဆန်ဂျေး ဘာစက် (Sanjay Basak) က CNN သို့ ပြောကြားရာတွင် “ အိန္ဒိယနဲ့ အမေရိကန်ဟာ အရင်က ဆက်ဆံရေးကောင်းခဲ့ပေမဲ့ ထရန့် ရောက်လာကတည်းက အိန္ဒိယကို ဖိနှိပ်ဖို့၊ ကျွန်တော်တို့ အပေါ် အနိုင်ကျင့်ဖို့၊ ချေမှုန်းဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ကျွန်တော်တို့က ထရန့် ကို အင်အားကြီးမားတဲ့ မိခင်ဒူရဂါက နှိမ်နင်းလိုက်တဲ့ မကောင်းဆိုးဝါးအဖြစ် ပုံဖော်ထားတာပါ” ဟု ပြောကြားခဲ့သည်။

ဒူရဂါပူဂျာ ငါးရက်တာပွဲတော်အတွင်း မြို့များတစ်ခုလုံးသည် နတ်ဘုရားမနှင့် မကောင်းဆိုးဝါး အကြား ဒဏ္ဍာရီလာ တိုက်ပွဲကို ခေတ်ပြိုင် စိုးရိမ်ပူပန်မှုများ ရောင်ပြန်ဟပ်စေရန် ပုံဖော်ထား သည့် ကျယ်ပြန့်သော၊ ပြင်ပပန်းချီပြခန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

နှစ်များတစ်လျှောက် ဤပွဲတော်ရှိ ပုံဖော်မှုများသည် ရွှေ့ပြောင်းအခြေချသူများအရေးမှသည် အိမ်နီးချင်း ပါကစ္စတန်နှင့် စစ်ပွဲများအထိ အရာအားလုံးကိုမီးမောင်းထိုးပြခဲ့သည်။
“ စက်တင်ဘာ ၁၁ အရေးအခင်းနောက်ပိုင်း အိုစမာ ဘင် လာဒင် က လူကြိုက်များတဲ့ ရွေးချယ်မှု ဖြစ်ခဲ့တယ်” ဟု ဘင်္ဂါလီယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဆိုရှယ်မီဒီယာ ဗီဒီယိုအတိုများ ပြုလုပ်သူနှင့် အနောက်ဘင်္ဂလားပြည်နယ်၏ မြို့တော်ဖြစ်သော ကိုလ်ကတ္တားနှင့် နယူးဒေလီတို့တွင် နေထိုင်သူ အကြံပေးပုဂ္ဂိုလ် ဆူရှိုဗန် ဆာကာ (Sushovan Sircar) က ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနှင့် တရုတ်တို့အကြား နယ်စပ်တိုက်ပွဲများ ဖြစ်ပွားပြီးနောက်တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ကို လူဆိုးဗီလိန်နေရာတွင် ထင်ရှားစွာ ပုံဖော်ခဲ့ပြီး ဘာသာရေးအနုပညာမှတစ်ဆင့် သံတမန်ရေးရာ ဝေဖန်မှု နယ်နိမိတ်များအထိ တွန်းပို့ခဲ့သည်။

“ ဒါဟာ ပန်ဒယ် (ယာယီပြခန်း) တစ်ခုက ထရန့် ကို အာဆူ (Asur-မကောင်းဆိုးဝါးဘီလူး) အဖြစ် ပုံဖော်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းပါပဲ။ ဒါဟာ လူထုရဲ့ အမြင်သဘောထားကို ထင်ရှားစွာ ဖော်ပြခြင်းပါ” ဟု ဆာကာက ပြောကြားခဲ့သည်။

ဆက်ဆံရေးတွင် အက်ကြောင်းများပေါ်လာခြင်း
အမြဲတမ်း ဒီလိုဖြစ်ခဲ့သည်တော့ မဟုတ်ပါ။ ခြောက်နှစ်အကြာက ထရန့် သည် ဟူစတန်မြို့ NRG အားကစားကွင်း၌ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီ (Narendra Modi)နှင့် လက်ချင်းတွဲ၍ ရပ်နေခဲ့ပြီး၊ နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးကို ခမ်းနားသော မြင်ကွင်းများအဖြစ် ပြောင်းလဲနိုင်သည့် အရည်အချင်းရှိသော လက်ယာနိုင်ငံရေးသမားနှစ်ဦးကို ပရိသတ် ၅၀,၀၀၀ ၏ ပြင်းပြသော ကြွေးကြော်သံများဖြင့် ဂုဏ်ပြုခဲ့သည်။

“ ဟောင်ဒီ မိုဒီ!” (Howdy Modi!) အခမ်းအနားအဖြစ် လူသိများသော ဤနိုင်ငံရေးပူးပေါင်း ဆောင်ရွက်မှုကို နောက်တလတွင် ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘတ်မြို့ရှိ “ နမစတေး ထရန့်” (Namaste Trump) ပွဲ၌ ထပ်တူထင်ဟပ်ခဲ့ပြီး မပြိုကွဲနိုင်သော ပုဂ္ဂိုလ်ရေးမဟာမိတ် ဖွဲ့မှု၏ အများပြည်သူဆိုင်ရာ ဇာတ်ကြောင်းကို ခိုင်မာစေခဲ့သည်။

သို့သော် မကြာသေးမီက ထရန့် ရာထူးပြန်လည်ရယူပြီးနောက် သူတို့၏ ချစ်ကြည်ရင်းနှီးမှုကို စမ်းသပ်ခဲ့သည်။
ယခုနှစ် အစောပိုင်းတွင် ထရန့် က အိန္ဒိယစီးပွားရေးကို “ သေဆုံးသွားပြီ” ဟု အများပြည်သူ ရှေ့တွင် ပြစ်တင်ပြောဆိုခဲ့ပြီး၊ ၎င်း၏အစိုးရလက်ထက်တွင် အမြင့်ဆုံးအခွန်အချို့ကို အိန္ဒိယ အပေါ် ချမှတ်ခဲ့သည်။
ဤ ၅၀% အခွန်များ၏ တစ်ဝက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် အိန္ဒိယ၏ ရုရှားရေနံဝယ်ယူမှု တိုးမြှင့်ခြင်းအတွက် ထရန့် ၏ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။ ကျန်တစ်ဝက်မှာ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေ လျှော့ချရန် ထရန့် ၏ ထင်ရှားသော “ အမေရိကန် ဦးစားပေး” (America First) မဲဆွယ်စည်းရုံးမှု၏ အစိတ်အပိုင်းဖြစ်သည်။

အိန္ဒိယက ဤအခွန်များကို “ မတရားသော” နှင့် “ မသင့်လျော်သော” လုပ်ဆောင်မှု ဟုဆိုကာ တုံ့ပြန်ခဲ့ပြီး ထရန့် ၏ လုပ်ရပ်သည် သူတော်ကောင်းဟန်ဆောင်မှုသာ ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ အမေရိကန်နှင့် ဥရောပတို့သည် မြေသြဇာနှင့် ဓာတုပစ္စည်းများကဲ့သို့ အခြားထုတ်ကုန်များတွင် ရုရှားနှင့် ဆက်လက်ကုန်သွယ်နေဆဲဖြစ်ကြောင်း အိန္ဒိယက ထောက်ပြခဲ့သည်။

သို့သော် ထရန့် အစိုးရက ပိုမိုတင်းမာလာခဲ့သည်။ သြဂုတ်လတွင် အိမ်ဖြူတော်အရာရှိတစ်ဦး က ရုရှား၏ ယူကရိန်းစစ်ပွဲကို “ မိုဒီ၏စစ်ပွဲ” အဖြစ် ဖော်ပြခဲ့ပြီး၊ နယူးဒေလီကို ခရမ်လင် နန်းတော်(ရုရှား)နှင့် စီးပွားရေးဆက်ဆံမှုများ ဖြတ်တောက်ရန် ဖိအားပေးခဲ့သည်။ အိန္ဒိယကမူ ရုရှားရေနံဝယ်ယူမှုကို ထပ်ခါတလဲလဲ ကာကွယ်ပြောဆိုခဲ့ပြီး ထိုဖော်ပြချက်ကို “ မှန်ကန်မှုမရှိကြောင်းနှင့် လမ်းလွဲနေသောစွပ်စွဲမှု” ဟု ပြောကြားခဲ့သည်။

ထို့နောက် စက်တင်ဘာလတွင် H-1B ဗီဇာ လျှောက်လွှာများအတွက် ဒေါ်လာ ၁၀၀,၀၀၀ ကောက်ခံရန် ထရန့် ၏ ရုတ်တရက် အမိန့်ထုတ်ပြန်ခြင်းသည် အိန္ဒိယမှ အရည်အချင်းရှိသူ များနှင့် သူတို့၏ ရည်မှန်းချက်များကို ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုဖြစ်ပြီး ကျွမ်းကျင် လုပ်သားများ အစီအစဥ်ဖြင့် အကျိုးအမြတ်ရနေသည့် အကြီးမားဆုံးအုပ်စုလည်းဖြစ်သည်။

“ အခု ထရန့် က အခွန်တွေထပ်ပြီး ချမှတ်နေတဲ့အတွက် ဒါက ခေတ်ပြိုင်အရေးကိစ္စကြီး ဖြစ်လာပြီ။ ဒါကြောင့် ကျွန်တော်တို့ ဒီလိုပဲ ပုံဖော်သင့်ပါတယ်” — ဆန်ဂျေး ဘာစက် (Sanjay Basak)ကိုပြောသည်။

ဤ သစ္စာဖောက်ခံရမှုခံစားချက် သည် မကောင်းဆိုးဝါးဘီလူးရုပ်တုပုံစံဖြင့် အားကောင်း သော အနုပညာဖော်ထုတ်မှုတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“ ထရန့် ကို မာဟီရှားဆူရာ (Mahishasura) အဖြစ် ပုံဖော်ခြင်းဟာ ပန်ဒယ် (ယာယီပြခန်း) ကို လာရောက်လည်ပတ်တဲ့ ပြည်သူတွေနဲ့ သတင်းယူတဲ့ မီဒီယာတွေကို နိုင်ငံရေးသတင်းစကား ပေးလိုက်တာပါ” ဟု ကိုလ်ကတ္တားမြို့ခံ တူနီရာ မူခါဂျီး (Tuneer Mukherjee) က ပြောကြား ခဲ့သည်။

အနုပညာနှင့် နိုင်ငံရေးကို ရောစပ်ခြင်းသည် ဘင်္ဂါလီယဉ်ကျေးမှု၏ ထူးခြားချက်ဖြစ်ပြီး၊ ရိုးရှင်းသော်လည်း အားကောင်းသော သတင်းစကားကို ပေးသည်- ထရန့် နှင့် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့မှ “တိုးတက်မှုကို ပိတ်ဆို့တဲ့ မူဝါဒ” ကို နတ်မိခင် ဒူရဂါက နှိမ်နင်းရမည့် ခေတ်သစ်မကောင်းဆိုးဝါး ဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။

ထရန့် ရုပ်တုထည့်သွင်းမှုကို စီစဉ်သူ ဘာစက်က ၎င်းတို့အဖွဲ့သည် ဖော်ထုတ်ပြသခြင်းမပြုမီ စိတ်လှုပ်ရှားမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သုံးလကြာမျှ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ရ ကြောင်း ပြောကြားခဲ့သည်။

“ မကောင်းဆိုးဝါးကောင်ရဲ့ ပုံသဏ္ဌာန်က လျှို့ဝှက်စွာ ထိန်းသိမ်းထားတဲ့ လျှို့ဝှက်ချက်ပါ” ဟု ၎င်းက ပြောကြားသည်။ လျှို့ဝှက်လွန်းလှသဖြင့် ထရန့် ၏ နောက်ဆုံး ပုံတူအင်္ဂါရပ်များကို နောက်ဆုံးခုနစ်ရက်အတွင်းမှ ထွင်းထုခဲ့ပြီး နောက်ဆုံးအချိန်အထိ ဖုံးကွယ်ထားခဲ့သည်။

ပြီးစီးသွားသော ရုပ်တု ဗီဒီယို အွန်လိုင်းပေါ် ရောက်ရှိလာသောအခါ တုံ့ပြန်မှုသည် အလွန်အားကောင်းခဲ့သည်ဟု ဘာစက်က ပြောကြားခဲ့သည်။ “ လူထောင်ပေါင်းများစွာ” ပြခန်းဆီသို့ အုံအုံကြွကြွ လာရောက်ခဲ့ကြပြီး ရပ်ကွက်တစ်လျှောက် တန်းစီစောင့်ဆိုင်း ခဲ့ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဘာစက်အတွက်မူ ဤမျှများပြားသော လာရောက်မှုသည် အတည်ပြုချက်ပင် ဖြစ်သည်။ “ ဒါဟာ လူအများကြီးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်သွားတဲ့ ကိစ္စတစ်ခုပါ” ဟု ၎င်းက ပြောကြား ခဲ့သည်၊ “ ဒါမှမဟုတ် အနည်းဆုံးတော့ လူတိုင်း ကိုယ်တိုင်မြင်တွေ့ချင်တဲ့ ကိစ္စတစ်ခုပါပဲ” ။

ဘင်္ဂလား၏ ဆန့်ကျင်ပုန်ကန်မှု သမိုင်းကြောင်း
အနောက်ဘင်္ဂလားတွင် အနုပညာသည် အလှဆင်ခြင်းသက်သက်မျှ မဟုတ်ပေ၊ ၎င်းသည် ဆွေးနွေးမှုအတွက် ဘာသာစကား၊ သဘောကွဲလွဲမှုအတွက် လက်နက်နှင့် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုအတွက် အဓိကမီဒီယာတစ်ခုဖြစ်သည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့များကို ဆန့်ကျင်တော်လှန်ရေး အဓိကစခန်းတစ်ခုအနေဖြင့် ဘင်္ဂလား၏ လွတ်လပ်ရေးကြိုးပမ်းမှုကို လက်နက်များဖြင့် တိုက်ခိုက်ခဲ့သကဲ့သို့ အတွေးအခေါ်များဖြင့်လည်း တိုက်ခိုက်ခဲ့သည်။

ကဗျာဆရာနှင့် ဝတ္ထုရေးဆရာ ဘန်ကင်မ် ချန်ဒြာ ချက်တာဂျီး (Bankim Chandra Chatterjee) သည် “ ဗန်ဒေ မာတာရမ်” (Vande Mataram – မိခင်နိုင်ငံကို ရိုသေပါ၏) သီချင်းဖြင့် လှုပ်ရှားမှု ကို စုစည်းရေး ကြွေးကြော်သံပေးခဲ့ပြီး၊ နိုဘယ်ဆုရှင် ရာဘင်ဒြာနတ် တဂိုး (Rabindranath Tagore) ၏ လက်ရာက တော်လှန်ရေးကို ဉာဏ်ပညာနှင့် ဝိညာဉ်ရေးရာ စိတ်ဓာတ်များ ထည့်သွင်းပေးခဲ့သည်။

ဤနက်နဲစွာ အမြစ်တွယ်နေသော နိုင်ငံရေးအသိစိတ်သည် လွတ်လပ်ရေးရပြီးနောက် မှေးမှိန်သွားခြင်းမရှိပေ။ ၎င်းသည် သုံးဆယ်စုနှစ်ကျော်ကြာ ဒေသခံ ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေးကာလတွင် ပိုမိုခိုင်မာခဲ့ပြီး ယနေ့တွင် ၎င်း၏အမွေအနှစ်သည် လမ်းမများပေါ်တွင် ပေါ်လွင်နေသည်။

ဤမားမားမတ်မတ်ရပ်နေသော ထရန့် ရုပ်တုသည် အမေရိကန်ခေါင်းဆောင် သို့မဟုတ် ၎င်း၏ စီးပွားရေးအစီအစဉ်၏ သင်္ကေတများကို မကောင်းဆိုးဝါးဘီလူးအဖြစ် ပုံဖော်ထားသည့် နိုင်ငံရေးအရ အငြင်းပွားဖွယ် အနုပညာပန်းပုများထဲမှ တစ်ခုဖြစ်သည်။

ဟိန္ဒူဘာသာဝင် သန်းနှင့်ချီသောသူများက စကြဝဠာ၏ မိခင်အဖြစ် ကိုးကွယ်ကြသော နတ်ဘုရားမ ဒူရဂါသည် ၎င်း၏လှံနှင့် တုတ်သည် ပြင်းထန်သော စွမ်းရည်နှင့် နူးညံ့ သိမ်မွေ့သော မိခင်မေတ္တာနှစ်မျိုးလုံးကို ကိုယ်စားပြုသော စွမ်းအားကြီးမားသည့် နှစ်ထပ်ကွမ်းသဘောကို ပုံဖော်သည်။
အိန္ဒိယရှိ ဘင်္ဂါလီလူ့အဖွဲ့အစည်း၊ အထူးသဖြင့် ၎င်း၏ ယဉ်ကျေးမှုဗဟိုချက်ဖြစ်သော အနောက်ဘင်္ဂလားတွင် ဒူရဂါပူဂျာသည် သက်သက်သာသာ ဘာသာရေးပွဲတော်တစ်ခုထက် ကျော်လွန်၍ ဒေသတွင်း အများပြည်သူဆိုင်ရာ ဆွေးနွေးငြင်းခုံမှုနှင့် လူမှု-နိုင်ငံရေး ဝေဖန်သုံးသပ်မှုတို့ကို ရည်ရွယ်ချက်ရှိရှိ ပုံစံတစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

“ ဒီလိုဝေဖန်မှုနဲ့ လူမှုရေးဝေဖန်သုံးသပ်မှုမျိုးက ကျွန်တော်တို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း တစ်ခုပါ” ဟု ထရန့် ရုပ်တုထည့်သွင်းမှု၏ စီစဉ်ရေးကော်မတီမှ ဘာစက်က ပြောကြား ခဲ့သည်။
“ အခု ထရန့် က အခွန်တွေထပ်ပြီး ချမှတ်နေတဲ့အတွက် ဒါက ခေတ်ပြိုင်အရေးကိစ္စကြီး ဖြစ်လာပြီ။ ဒါကြောင့် ကျွန်တော်တို့ ဒီလိုပဲ ပုံဖော်သင့်ပါတယ်” ။

နတ်ဘုရားမက မကောင်းဆိုးဝါး (ထရန့်) ကိုနှိမ်နင်းနေပုံ (ပုံ)

နိုဘယ်ဆုရှင် ရာဘင်ဒြာနတ် တဂိုး (Rabindranath Tagore) (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော