နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို

ဒီဇင်ဘာလ (၉)ရက်။

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်သူထံ အသိပေးတဲ့မိန့်ခွန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ် နိုင်ငံရေးတပ်ပေါင်းစုကနေ တမျိုးသားလုံးညီညွတ်ရေးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာအောင် အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာပါဝင်လာနိုင်အောင် ကျနော်တို့အားလုံး ကြိုစားခဲ့ကြပါတယ်။ ဒါပေမယ့် အဓိက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကြီးတွေက NUG ထဲ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ အခုအချိန်မှာ အကန့်အစတ်တွေရှိနေတယ်ဆိုတာ သိရှိရပါတယ်” လို့ သူက ဆိုပါတယ်။

NUG ပြုပြင်ပြောင်းလဲရေးကို NUCC အပါအဝင် ပြည်သူကိုယ်စားပြုအစုအဖွဲ့တွေရဲ့ သဘောထားတွေကို အစဉ်မပြတ် နားစွန့်ခဲ့ပြီး ပြည်သူ့သဘောထားနဲ့အညီ အဆင့်အလိုက် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက်ခဲ့ရာမှာ ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့ CRPH ဥက္ကဋ္ဌတို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲတဲ့ ကော်မရှင်ကို ဇူလိုင်လမှာ ဖွဲ့စည်းပြီး လက်တွေ့ကျကျ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲတာကို အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုအပြောင်းအလဲက ပထမဆင့်ဖြစ်ကာ ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုး ဒီကနေ့အချိန်အထိ အပြည့်အဝ မရနိုင်သေးတာကို ယာယီသမ္မတက ဝန်ခံထားပါတယ်။

“ လူထုအကျိုးနဲ့ တော်လှန်ရေးအောင်မြင်မှုတွေကို ရဖို့ဆိုရင် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် လူမျိုးပေါင်းစုံ၊ ဒေသမျိုးကွဲပေါင်းစုံနဲ့ အင်အားစုပေါင်း စုံလွန်းတဲ့ နိုင်ငံထဲမှာ ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ဒီကနေ့အချိန်အထိ အပြည့်အဝမရနိုင်သေးဘူးလို့ ဝန်ခံရမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

နောက်ပြီး ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ကိုယ်စားပြုမှုအားကောင်းတဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေကာ တတိယအဆင့်က အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရသစ်တရပ် ဖွဲ့စည်းဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြုံတွေ့ခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေးအောင်မြင်မှုတွေဟာ ပြည်သူရဲ့ ခွန်အားတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်မြင်မှုဖြစ်ပြီး ပြည်သူရဲ့ သဘောထားနဲ့ အကျိုးစီးပွားကို ရှေ့ရှုကာ အစဉ်တစိုက် ချီတက်နေတယ် လို့လဲ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ တော်လှန်ရေး (၄)နှစ်တာကာလထဲ NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေထဲမှာ အောင်မြင်မှုတွေရှိသလို ကျဆုံးမှုတွေလဲရှိခဲ့တာကို ဝန်ခံထားပြီး အခင်အခဲကြားက ပြည်သူနဲ့အတူ ရုန်းကန်ကျော်ဖြတ်နေတဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ယာယီသမ္မတရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 65 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 65 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 67 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ