နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

ဇန်နဝါရီလ (၁၀)ရက်။

ချင်းပြည်ရှိ ဆေးရုံနဲ့ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်း ခေါ်ယူတာဟာ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံနဲ့ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်ယူတာမှာ အထူးကုဆရာဝန်တွေ၊ ဘွဲ့လွန်သင်တန်းအသားတွေ၊ အထူးပြုသူနာပြုတွေ၊ ဘဏ္ဍာ/စီမံအရာရှိ၊ ဒီပလိုမာနဲ့ ဘွဲ့ရရှိသူတွေ၊ ကျန်းမာရေးမှူးတွေနဲ့ သားဖွားဆရာဝန်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

လျှောက်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ CDM ဝန်ထမ်းဖြစ်ရမှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းမဟုတ်ရင်လဲ စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူ မဖြစ်ဖို့နဲ့ တာဝန်ချထားမယ့် နေရာဒေသတွေကို သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ရေးသားထားပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အခုလကုန် နောက်ဆုံးထားပြီး နေ့တိုင်း ပိတ်ရက်မရ နံနက် (၁၀)နာရီကနေ ည(၈)နာရီအထိ Telegram အကောင့်ကနေ လျှောက်လွှာပုံစံ ထုတ်ယူပြီး ပေးပို့လျှောက်ထားနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ကျန်းမာရေးသူရဲကောင်းတွေအတွက် အခုကာလထဲ လူမှုဘဝလုံခြုံဖို့နဲ့ လုပ်ငန်းခွင်လုံခြုံမှုတို့ကို ကာကွယ်ပေးဖို့ အစီအစဉ်တွေ ချမှတ်ထားပြီး တော်လှန်ရေးအလွန်ကာလမှာလဲ ဘဝအာမခံချက်တွေနဲ့ အထူးအခွင့်အရေးတွေ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ကျန်းမာရေးအင်အားစုတွေနဲ့ တော်လှန်ရေးကာလထဲ အခက်အခဲအမျိုးမျိုးကြားမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးသူရဲကောင်းတွေကို အသိအမှတ်ပြု ဂုဏ်ပြုတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို