နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။

ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။

ကျွန်တော်တို့မှာ ယူကရိန်းရဲ့ပြဿနာတွေရှိပြီး အရှေ့အလယ်ပိုင်းမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားမှာလဲ ပြိုင်ဆိုင်မှုတွေရှိနေပြီး ကျွန်တော်တို့အားလုံးမှာဉာဏ်ရည်တုပညာ AI တီထွင်မှုတွေကနေ သန့်ရှင်းတဲ့နည်းပညာတွေအထိ ဆန်းသစ်တီထွင်မှုအားလုံး လုပ်ဆောင်ကြဖို့ ရှိပါတယ်။ ရိုးရိုးသားသားပြောရရင် အကောက်ခွန် တိုးမြှင့်တာဟာ ထိပ်တန်းဦးစားပေး မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

ဘယ်လိုပဲဖြစ်စေ သမ္မတ ထရန့်ရဲ့ စိုးရိမ်မှုက ဘာလဲ။ ကျွန်တော်တို့နှစ်ဦးကြားမှာ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ကျွန်တော်တို့နှစ်ဦး ပုံမှန်စကားပြောနေတယ်ဆိုတာ ခင်ဗျားသိပါတယ်။ သူတို့နိုင်ငံမှာ များပြားတဲ့ လိုငွေပြနေတာကြောင့် ဥရောပနဲ့ ကုန်သွယ်ရေးအခြေအနေကို မကျေနပ်ဘူးလို့ သူက ပြောပါတယ်။ ဒီအခြေအနေကို ကြည့်လိုက်တဲ့အခါ အမေရိကန်ကို ပထမဦးဆုံး မေးခွန်း မေးချင်တာက ဥရောပသမဂ္ဂဟာ ခင်ဗျားရဲ့ ပထမရင်ဆိုင်နေရတဲ့ ပြဿနာပဲလားဆိုတာဖြစ်တယ်။ မဟုတ်ဘူး၊ ကျွန်တော်တော့ မထင်ဘူး။

ခင်ဗျားရဲ့ ပထမဆုံး ပြဿနာက တရုတ်ပဲ။ ဒါကြောင့် ပထမပြဿနာကို ခင်ဗျားအာရုံစိုက်သင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဥရောပဟာ ခင်ဗျားရဲ့မဟာမိတ်ဖြစ်တယ်။ ဥရောပကို ရင်းနှီးမြှုပ်နှံမှုတွေ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးတွေမှာ ပိုမိုထည့်ဝင်စေချင်ရင်၊ အမေရိကန်ရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်တယ်ဆိုရင် အခွန်စည်းကြပ်မှုနဲ့ ခြိမ်းခြောက်ပြီး ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးကို မထိခိုက်စေသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

တတိယအချက်အနေနဲ့ အမေရိကန်နဲ့ ဥရောပအကြား တန်ဖိုးရှိတဲ့ ကုန်ထုတ်လုပ်မှု ကွင်းဆက် ပေါင်းစည်းမှုဟာ အလွန်မြင့်မားပါတယ်။ ဘာကိုဆိုလိုတာလဲ? ဆိုလိုတာက ကဏ္ဍတော်တော်များများမှာ အခွန်စည်းကြပ်လိုက်မယ်ဆိုရင် ကုန်ကျစရိတ်ကို တိုးစေပြီး အမေရိကန်မှာ ငွေကြေးဖောင်းပွမှုကို ဖြစ်လာစေမှာ ဖြစ်ပါတယ်။ မင်းတို့ ပြည်သူတွေက ဒါကို လိုချင်မလား။

ကျွန်တော် သေချာမသိဘူး။ ကျွန်တော်တို့အတွက်တေ့ ဒီကိစ္စက အလွန်ရိုးရှင်းပါတယ်။ ကုန်သွယ်ရေး လိုငွေပြမှုကို ကြည့်ရင် သမ္မတထရန့်က ဖော်ပြတဲ့ ကိန်းဂဏန်းတွေ ခင်ဗျားမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် အသေးအမွှားကိစ္စတွေမှာ သူနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကျွန်တော် ပြောခဲ့တယ်။ ငွေကြေးစီးဆင်းမှုကို ကြည့်ပါ။

ဥရောပက စုဆောင်းငွေ အများအပြားဟာ အမေရိကန်စီးပွားရေးကို ထောက်ပံ့ပေးဖို့ ဖြစ်သွားမှာ ဖြစ်တယ်။ ဒုတိယအချက်က ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ ကျွန်တော်တို့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို အမေရိကန်ဆီက အကြီးမားဆုံး ဝယ်ယူသူတွေ ဖြစ်ပါတယ်။ ကုန်သွယ်မှု လိုငွေပြမှုမှာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို မထည့်ထားဘဲ ကုန်သွယ်မှုလိုငွေ ရှိတယ်လို့ ဆိုတာဟာ မျှတမှု မရှိပါဘူး။ ထရန့်ကကျွန်တော်တို့မှာ ကုန်သွယ်ရေး လိုငွေပြနေတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေအကြောင်းကိုတော့ ကျွန်တော် ထည့်မပြောတော့ပါဘူး။ ခင်ဗျားတို့က ဒါတွေကို ဆက်ပြီးဝယ်နေရမယ်။ ဘာကြောင့်ဝယ်ရ မှာလဲ?

CNN သတင်းထောက်။ ခင်ဗျားသူနဲ့ ထိပ်တိုက်တွေ့မလို့လား။

မက်ခရွန်။ ။ ကျွန်တော် လုပ်ခဲ့ပြီးပါပြီ၊ နောက်တစ်ကြိမ်လည်း ထပ်လုပ်သင့်ရင် လုပ်ပါဦးမယ်၊ ရှင်းရှင်းလင်းလင်းပြောရရင် အခန်းထဲမှာနေပြီးတော့ တုံ့ပြန်ဖို့ အဆင်သင့် ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီထက် ပိုတွေးမိတာက ဥရောပသမဂ္ဂအနေနဲ့ ကျွန်တော်တို့ ဘာကိုလိုချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့အတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေရမယ်။

CNN သတင်းထောက်။ သမ္မတထရန့်လိုလူက ခင်ဗျားတို့ ကျွန်တော်လုပ်ဆောင်ချက်ကို လက်ခံမလားအခြားကြိုက်တဲ့လမ်းကိုရွေးမလားလိုက်မလားဆိုတဲ့ အကောက်ခွန်နဲ့ ခြိမ်းခြောက်နေမှုမျိုးကို ရင်ဆိုင်နေရတဲ့ ဥရောပသမဂ္ဂအတွက် ဒီလိုလုပ်ဆောင်မှုဟာ မသင့်တော်ဘူးလို့ အကြံပြုလိုပါသလား။

တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိမယ် နောက်ကိုယ့်အနေနဲ့ ရှင်းရှင်းလင်းလင်း ရှိနေခဲ့ရင် ဆန့်ကျင်ဘက်ဖြစ်လာမယ် ထင်ပါတယ်။ ဥရောပသမဂ္ဂဟာ တခြားသူတွေရဲ့ အစပြုမှုကို စောင့်ဆိုင်းပြီးမှ တုံ့ပြန်တာကို မပြုလုပ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ လုပ်ရမှာက ကိုယ့်အတွက် ကိုယ့်ဖာသာလုပ်ရမှာ ဖြစ်တယ် နောက်ပြီး ကိုယ့်လူတွေကို ဒီဟာက ကျွန်တော်တို့ရဲ့ ပရောဂျက်ပဲ။ ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့အရာပဲလို့ ပြောပြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် ဥရောပရဲ့ ထိပ်တန်းဦးစားပေး ပြိုင်ဆိုင်မှုဆိုင်ရာ အစီအစဉ်တွေကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ AI ရည်မှန်းချက်တွေ ဖြစ်ပြီး ကျွန်တော်တို့ အဲ့ဒါတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရမှာပါ။ တကယ်လို့ ဒီအချိန်မှာ အကောက်ခွန်ကိစ္စ ရှိလာရင်လည်း ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းသွားမယ်။

CNN အင်တာဗျူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက