နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုမှု စံချိန်တင် ကျဆင်းခဲ့ပြီး ကွာရှင်းမှုက မြင့်တက်လာခဲ့

ဖေဖော်ဝါရီလ (၁၀) ရက်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံမှာ လူဦးရေကျဆင်းမှုကို ရပ်တန့်တားဆီးဖို့ လူငယ်တွေကို အိမ်ထောင်ပြုပြီး ကလေးမွေးကြဖို့ အစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံမှာ မှတ်တမ်းတင်ထားတဲ့ အိမ်ထောင်သစ် အရေအတွက်ဟာ မနှစ်က စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ စုံတွဲပေါင်း ၆.၁ သန်းလောက်ဟာ သူတို့ရဲ့ လက်ထပ်ထိမ်းမြားမှုကို မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။ မနှစ်ကထက် ၂၀.၅% ကျဆင်းသွားခဲ့တယ်လို့တရုတ်နိုင်ငံရဲ့ အရပ်ဘက်ရေးရာဝန်ကြီးဌာနရဲ့ စနေနေ့ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဝန်ကြီးဌာနက ၁၉၈၆ ခုနှစ်ကစပြီး စာရင်းဇယားကို ထုတ်ပြန်ခဲ့ရာ ဒီအရေအတွက်ဟာ စံချိန်တင်နိမ့်ကျမှု တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်ရေးတွေ ပြိုကွဲလာပြီး မွေးဖွားမှုတွေ ကျဆင်းလာတာဟာ တရုတ်ပြည်အတွက် ဆိုးရွားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေပါတယ်၊၊ အစိုးရဟာ လုပ်သားအင်အားကျုံ့လာနေတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံရဲ့ စီးပွားရေးနှေးကွေးလာမှုနဲ့အတူ လျင်မြန်စွာတိုးပွားလာတဲ့ သက်ကြီးရွယ်အို ဦးရေရဲ့ ဝန်ထုတ်ဝန်ပိုးကိုလည်း တွန်းလှန်နေရပါတယ်။

တင်းကြပ်တဲ့ကိုဗစ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ ခေတ္တပြန်လည် တက်လာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ လက်ထပ်မှု အရေအတွက် သိသိသာသာ ပြန်လည်ကျဆင်းလာမှုဟာ ၂၀၁၃ ခုနှစ်ကစတင်ကာ ဆယ်စုနှစ်ကြာ ကျဆင်းလာခဲ့တာရဲ့ နောက်ဆက်တွဲ ကျဆင်းနေမှုဖြစ်ပါတယ်။

မနှစ်က ကိန်းဂဏန်းဟာ ၂၀၁၃ ခုနှစ်မှာ အများဆုံး မှတ်ပုံတင်ထားတဲ့ အိမ်ထောင်စုသစ် ၁၃ သန်းရဲ့ ထက်ဝက်ကျော်အထိ လျော့နည်းသွားခဲ့ပါတယ်။

စနေနေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကွာရှင်းမှု အရေအတွက် အနည်းငယ် တိုးလာတာကို တွေ့ရပါတယ်။ မနှစ်က ကွာရှင်းဖို့ စာရင်းသွင်းထားသော စုံတွဲ ၂.၆ သန်းနီးပါး ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၂၈,၀၀၀ တိုးလာခဲ့ပါတယ်။

တရုတ်အစိုးရဟာ ၂၀၂၁ ခုနှစ်ကစ၍ ကွာရှင်းခွင့်တောင်းခံတဲ့ လျှောက်ထားမှုတွေကို ရက်၃၀ ကြာ စိတ်အေးချမ်းတည်ငြိမ်ခွင့်ကို သတ်မှတ်ပေးထားပေမဲ့ ကွာရှင်းခြင်းဟာ အမျိုးသမီးတွေကို လက်မဲ့ဖြစ်စေခြင်း ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်ခြင်းတို့ကြောင့် ပိုမိုခက်ခဲစေတယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

မနှစ်က ကလေးမွေးဖွားနှုန်း အနည်းငယ် တိုးလာပေမဲ့ တရုတ်နိုင်ငံရဲ့ လူဦးရေကတော့ သုံးနှစ်ဆက်တိုက် ကျဆင်းသွားခဲ့ပါတယ်။

အသက် ၁၆ နှစ်မှ ၅၉ နှစ်ကြားရှိ လုပ်သားဦးရေဟာ မနှစ်က ၈.၈၃ သန်းအထိ ကျဆင်းခဲ့ပြီး ဆက်လက်ကျဆင်းနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အသက် ၆၀ ကျော်သူတွေရဲ့ လူဦးရေဟာ စုစုပေါင်း လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ နိုင်ငံအတွင်း လက်ထပ်မှု နည်းပါးခြင်းနဲ့ မွေးဖွားမှု ကျဆင်းခြင်းတို့အကြား တိုက်ရိုက်ဆက်စပ်မှုကို သိမြင်ကြပါတယ်။ လူမှုရေးစံနှုန်းတွေနဲ့ အစိုးရစည်းမျဉ်းတွေဟာ လက်မထပ်ရသေးတဲ့စုံတွဲများအတွက် လက်ထပ်ဖို့နဲ့ ကလေးယူဖို့ဟာ စိန်ခေါ်မှု ဖြစ်နေတဲ့ အချက်ဖြစ်ပါတယ်။

အဲ့ဒီကျဆင်းမှုတွေကို တွန်းလှန်နိုင်ဖို့ တရုတ်အာဏာပိုင်တွေဟာ ငွေကြေးမက်လုံးတွေကနေ ဝါဒဖြန့်လှုံ့ဆော်မှုတွေအထိ လူငယ်တွေကို လက်ထပ်ဖို့နဲ့ ကလေးမွေးဖို့ အစီအမံများစွာကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

အာဏာပိုင်များဟာ Blind Date လို့ခေါ်တဲ့ တခါမှ မတွေ့မမြင်ဘူးသူတွေနဲ့ ချိန်းတွေ့ပွဲတွေ၊ အုပ်စုလိုက်မင်္ဂလာပွဲတွေကို စီစဉ်ပေးလျက်ရှိပါတယ်။ ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးတဲ့ အမျိုးသားများစွာအတွက် အိမ်ထောင်ပြုရန်ခက်ခဲစေတဲ့ သတို့သားက သူ့ရဲ့အနာဂတ်ဇနီးရဲ့ မိသားစုကို “သတို့သမီးအတွက် စျေးနှုန်း” အစဥ်အလာအရ ပေးချေရမှုကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။

အချို့ဒေသန္တရ အစိုးရတွေဟာ ငယ်ရွယ်သော စုံတွဲတွေကို လက်ထပ်ဖို့ ငွေကြေး မက်လုံးတွေနဲ့ ဆွဲဆောင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကစတင်လို့ တရုတ်မိသားစု စီမံကိန်းအဖွဲ့ဟာ “ခေတ်သစ်အိမ်ထောင်ရေးနဲ့ ကလေးမွေးဖွားခြင်းယဉ်ကျေးမှု” ကို ဖန်တီးဖို့ အစီအစဉ်တွေကို စတင်ခဲ့ပြီး “ကလေးမွေးဖွားခြင်းရဲ့ လူမှုရေးတန်ဖိုး” ကို မြှင့်တင်ရန်နဲ့ “သင့်လျော်တဲ့ အသက်အရွယ်မှာ လက်ထပ်ဖို့” လူငယ်တွေကို အားပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ အဆိုပါမူဝါဒတွေဟာ အလုပ်လက်မဲ့မြင့်မားမှု၊ လူနေမှုစရိတ်တွေ မြင့်တက်လာမှုနဲ့ စီးပွားရေးနှေးကွေးမှုကြားမှာ ခိုင်မာတဲ့လူမှုဖူလုံရေး အထောက်အပံ့တွေ ကင်းမဲ့နေတဲ့ တရုတ်လူငယ်လူရွယ်တွေကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပါ။

အများစုဟာ အိမ်ထောင်ရေးနဲ့ ကလေးမွေးဖွားတာကို ရွှေ့ဆိုင်းထားကြပြီး လူငယ်အများအပြားဟာ အိမ်ထောင်ပြုခြင်းနဲ့ ကလေးယူခြင်းတို့ကို လုံးဝစွန့်ပစ်ရန် ရွေးချယ်ကြပါတယ်။

“ဘဝက ပင်ပန်းလွန်းတော့ အိမ်ထောင်ပြုဖို့ ဘယ်လိုသတ္တိရှိနိုင်မလဲ? ဟင်း” ဟု သက်ပြင်း ချပြီး တရုတ်လူမှုကွန်ရက် Weibo တွင် ထိပ်တန်းတင်ဆက်သူက စံချိန်တင်လက်ထပ်မှု ကျဆင်းသည့် သတင်းကို တုံ့ပြန်သည့်အနေနဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အိမ်ထောင်ပြုခြင်းနဲ့ မွေးဖွားမှု နှစ်ခုစလုံး ကျဆင်းရတာဟာ တရုတ်နိုင်ငံရဲ့ လူဦးရေတိုးနှုန်းကို ကန့်သတ်ဖို့ ရေးဆွဲထားတဲ့ ဆယ်စုနှစ်များစွာက မူဝါဒတွေကြောင့် ဖြစ်ပြီး အိမ်ထောင်ပြုနိုင်တဲ့ အသက်အရွယ် လူငယ်တွေ နည်းပါးလာတယ်လို့ တရုတ်တာဝန်ရှိသူတွေအိမ်း လူမှုဗေဒပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်တစ်ခုကြာ တစ်အိမ်ထောင် ကလေးတယောက် မူဝါဒကို အဆုံးသတ်ခဲ့ပြီး ဇနီးမောင်နှံတွေကို ကလေးနှစ်ယောက် မွေးခွင့်ပြုပြီးနောက် ၂၀၂၁ ခုနှစ်တွင် ကလေးသုံးဦးအထိ တိုးမြှင့်ခဲ့ပေမဲ့ အိမ်ထောင်ပြုမှုနဲ့ ကလေးမွေးဖွားမှုနှုန်းဟာ တိုးမလာဘဲ ဆက်လက်ကျဆင်းသွားခဲ့ပါတယ်။

အဲ့ဒီလို ဆက်တိုက်ကျဆင်းမှုလမ်းကြောင်းဟာ အိမ်ထောင်ရေးအပေါ် သဘောထားတွေ ပြောင်းလဲခြင်းရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ပညာတတ်နဲ့ ငွေကြေးအရ အမှီအခိုကင်းတဲ့ အမျိုးသမီးငယ်တွေအကြားမှာ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

ကလေးထိန်းနဲ့ အိမ်မှုကိစ္စတွေအတွက် အမျိုးသမီးတွေကို တာဝန်ယူရမယ်လို့ မျှော်လင့်ထားတာမျိုးလို ကျယ်ပြန့်တဲ့ လုပ်ငန်းခွင် ခွဲခြားဆက်ဆံမှုတွေနဲ့ ဘိုးဘေးအစဉ်အလာထုံးတမ်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အချို့အမျိုးသမီးတွေအပေါ် အိမ်ထောင်ရေးအပေါ် စိတ်ပျက်လာကြပါတယ်။

အိမ်ထောင်ပြိုကွဲမှုနဲ့ပတ်သက်ပြီး ကလေးတစ်ဦး မူဝါဒမှာ မွေးဖွားကြီးပြင်းလာတဲ့ လူငယ်တွေဟာ မိဘတွေရဲ့ မတရား အလိုလိုက်မှုကြောင့် အလျှော့ပေးလိုစိတ်နည်းပါးပြီး အနိုင်ယူလိုစိတ်များတဲ့အတွက် အချင်းချင်း ညှိနှိုင်းလို့မရတဲ့အတွက် လက်ထပ်ပြီး အိမ်ထောင်ကွဲကြတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ် ဟာဘင်တွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၆ ရက်၊ တွင် စုံတွဲများ ဟာဘင် ရေခဲ-နှင်းကမ္ဘာ တွင် အုပ်စုဖွဲ့ မင်္ဂလာပွဲ၌ စုံတွဲများ ပွေ့ဖက်နေကြစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော