နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ရော့ဒရီဂို ဒူတာတေး (Rodrigo Duterte) ကို ဟိ့ဂ်နိုင်ငံတကာတရားရုံး (The Hague) မှာ စစ်ဆေးနေပါသည်။

သို့သော် လာမည့်အပတ်တွင် သူ့မွေးရပ်မြေ၏ မြို့တော်ဝန်အဖြစ် သူ့ကို ရွေးချယ်ခံရနိုင်ဖွယ်ရှိနေပါသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့ CNN သတင်း။

ဖိလစ်ပိုင်တောင်ပိုင်း ဒါဗာအိုမြို့မှာ မြို့တော်ဝန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ အပြည့်အ၀ လုပ်ဆောင်နေပြီး ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေက မဲဆွယ်စည်းရုံးနေကြပါသည်။

သို့သော် ဦးဆောင်ပြိုင်ဖက်များထဲမှ တစ်ဦးသည် ထိုနေရာတွင် ထင်ရှားစွာ ရှိမနေတော့ပါ။ ယင်းအစား နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) ၏ ချုပ်နှောင်မှုအောက်တွင် သူသည် မိုင်ပေါင်း ၇,၀၀၀ အကွာတွင် ရှိနေခဲ့သည်။

ဖိလစ်ပိုင်သမ္မတဟောင်း ရော့ဒရီဂို ဒူတာတေးသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စွပ်စွဲခံရမှုဖြင့် The Hague တွင် ရုံးတင်စစ်ဆေးခံရန် စောင့်ဆိုင်းနေခဲ့သည်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးတွင် ရောင်းဝယ်ဖောက်ကားသူများကို အကြမ်းဖက်နှိမ်နင်းခဲ့ရာတွင် လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဘေးနားတွင် ရှိနေသော အပြစ်မဲ့သူများလည်း အသတ်ခံရာတွင် ပါဝင်ခဲ့သည်။

ထိုလုပ်ဆောင်ခဲမှုများသည် ဒါဗာအိုမြို့တော်ဝန်ရာထူးအတွက် အသက် ၈၀ အရွယ်ရှိသူ ဒူတာတေးအတွက် အရည်အချင်းပြည့်မီမှုအပေါ် ထိခိုက်မှု မရှိခဲ့ပါ။ ၎င်းသည် ဆယ်စုနှစ် နှစ်ခုကြာအပေါ်တွင် လည်းကောင်း၊ ဖိလစ်ပိုင် ရွေးကောက်ပွဲ ဥပဒေအရ၊ ဒေသဆိုင်ရာ တရားရုံးတွင် ရာဇ၀တ်မှု ကျူးလွန်ခြင်းမှသာလျှင် ကိုယ်စားလှယ်လောင်းတစ်ဦးအား မဲမပေးဘဲ ထားနိုင်သည်။

ဒူတာတေးသည် လာမည့်တနင်္လာနေ့ ရွေးကောက်ပွဲတွင် ကောင်းစွာအနိုင်ရဖို့ရှိနေပြီး သူ၏‌ဒေသတွင်း လူကြိုက်များနေမှုကို ကျေးဇူးတင်ရမည် ဖြစ်သည်။ ဒူတာတေးသည် ၎င်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ရက်စက်ကြမ်းကြုတ်သော ”သုညသည်းခံရေးမူဝါဒ” ကို ကျင့်သုံးပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သမ္မတအဖြစ် ၎င်း၏ ဆယ်စုနှစ်နှစ်စုနှစ်စုကြာ သံမဏိချုပ်ကိုင်မှုဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သည်။

“ ကျွန်တော် ဒီမှာပဲ တစ်သက်လုံးကြီးပြင်းခဲ့ရပြီး ငယ်ငယ်တုန်းကတော့ နေရာတကာမှာ သတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှုတွေ အရမ်းများပြီး သိပ်အန္တရာယ်ကြီးခဲ့တယ်” ဟု ဒါဗာအို (Davao) မှ ဒူတာတေး ထောက်ခံသူတဦးဖြစ်သည့် အသက် ၄၆ နှစ်အရွယ် အိုင်ယန် ဘဲလ်ဒိုဇာ (Ian Baldoza) က ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော် အသက်ကြီးလာတာနဲ့အမျှ အသတ်ခံရသူတွေဟာ မူးယစ်ဆေး စွဲနေသူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေ၊ ဒုက္ခပေးနေသူတွေလို့ နားလည်လာတယ်။”

လူပေါင်း ၁.၈ သန်းနေထိုင်သော မြို့တွင် အများပြည်သူ ဘေးကင်းရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် တရားဥပဒေစိုးမိုးမှု အားကောင်းစေခြင်းအတွက် ဒူတာတေးအား ချီးကျူးကြောင်း CNN သို့ ပြောကြားရာတွင် “ အခြားမြို့များနှင့်မတူဘဲ လမ်းပေါ်မှာ တံတွေးထွေးခြင်း ဒါမှမဟုတ် အမှိုက်စွန့်ပစ်ထားခြင်းကို သင် ဘယ်နေရာမှာ တွေ့ရမှာ မဟုတ်ပါ။”

ဒါဗာအိုမဲဆန္ဒရှင်အများစုသည် အလားတူ ခံစားရသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်နှင့် လူထုသဘောထားကောက်ခံသည့် ကုမ္ပဏီ WR Numero ၏အကြီးအကဲ ကလီဗ် အာဂူလား (Cleve Arguelles) က ပြောကြားခဲ့သည်။

“သူ့ရဲ့ ICC မှာအဖမ်းခံရတာက ဒူတာတေးပေါ် ယုံကြည်ကိုးစားမှုကို လျော့မကျစေပါဘူး သူဘယ်သူလဲဆိုတာနဲ့ သူဘယ်လို ရပ်တည်ခဲ့သလဲဆိုတာကပိုပြီး တန်ဖိုးထားလေးစားမှု ရှိပါတယ်” ဟု သူကဆိုသည်။

ဒူတာတေးကို မဲပေးခဲ့သူ ဘော်ဒိုဇာ (Baldoza) သည် ဒူတာတေး၏မူးယစ်ဆေးစစ်ပွဲအတွင်း ပါးကွက်သားများက အသတ်ခံရသော အိမ်နီးချင်းများကို မျက်မြင်တွေ့ခဲ့ရသော်လည်း ၎င်း၏ Facebook ပရိုဖိုင်တွင် ဒူတာတေးကို လိုလားသော ပို့စ်များဖြင့် ပြည့်နှက်နေသည်။

“ ကျွန်တော်တို့ သူတော်စင်တစ်ဦးကို ရှာဖွေနေတာ မဟုတ်ပါဘူး။ နိုင်ငံရေးအမြင်ရှိသော ခေါင်းဆောင်တစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ဒူတာတေးမိသားစုမှာ အဲ့ဒီအရာရှိပါတယ်။ အထူးသဖြင့် သူ့မျိုးနွယ်ခေါင်းဆောင်တွေထဲမှာ ရှိတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြိုင်ပွဲအပေါ် လူသိရှင်ကြား မှတ်ချက်မပေးသော်လည်း၊ ဖိလစ်ပိုင်ဒုသမ္မတ ဒူတာတေး၏သမီး ဆာရာသည် ကြာသပတေးနေ့တွင် ပြုလုပ်သည့် စုဝေးပွဲ၌ သူမ၏ဖခင်ကိုယ်စား ထောက်ခံသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“ သမ္မတ ဒူတာတေးက မင်းရဲ့ချစ်ခြင်းမေတ္တာ၊ မင်းရဲ့ဆက်လက်ပံ့ပိုးမှုနဲ့ တစ်နေ့နေ့ ကျွန်မတို့နိုင်ငံကို ပြန်လာခွင့်ရပါစေလို့ ဆုတောင်းပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင် ရှိပါတယ်” ဟု မိုးသည်းထန်စွာရွာသွန်းနေသည့် မနီလာမြို့တော်ရှိ လူအုပ်ကြီးကို သူမက ပြောကြားခဲ့သည်။

ခရိုင်ကောင်စီဝင်များနှင့် မြို့တော်ဝန်များမှ ဥပဒေပြုလွှတ်တော်အမတ်များအထိ လူသန်းပေါင်း ၁၂၀ ခန့်ရှိသော ကျွန်းစုနိုင်ငံတဝှမ်းတွင် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရာထူးနေရာ ထောင်ပေါင်းများစွာကို သိမ်းပိုက်ရန် ပြင်ဆင်နေပါသည်။

ဒူတာတေးမျိုးနွယ်စု၏ မျိုးဆက်သုံးဆက်သည် ရွေးကောက်ပွဲအတွက် တိုက်ပွဲဝင်နေကြသည်။ ဒူတာတေး၏ သားဖြစ်သူ ဆာဘက်စတီယန် (Sebastian) သည် လက်ရှိ ဒါဗာအို (Davao) မြို့တော်ဝန်ဖြစ်ပြီး သူ့ဖခင်၏နေရာတွင် အရွေးခံမည့်သူဖြစ်ပြီး အခြားသားဖြစ်သူ ပါအိုလို (Paolo) သည် အမျိုးသားကွန်ဂရက်တွင် ပြန်လည်အရွေးခံရန် ကြိုးပမ်းနေသည်။ ပါအိုလို၏သားနှစ်ယောက်သည် ဒေသဆိုင်ရာကောင်စီနေရာအတွက် အရွေးခံနေကြသည်။

၎င်း၏ကျော်ကြားမှုမှာ ကျဆင်းသွားသည်ဟု ထင်ရသော်လည်း ဒူတာတေးသည် နိုင်ငံရေးအရ ရှင်သန်နေမည်ဖြစ်သည်။ ၎င်း၏အသက်အရွယ်ကြီးရင့်မှုနှင့် ကျန်းမာရေး ချို့တဲ့မှုကြောင့်နောက်သူ့နေရာကိုဆက်ခံမည့် မင်းဆက်သည် ယခင်ကကဲ့သို့ ခိုင်မာမှုမရှိသည့်အပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် ပါမောက္ခဖြစ်သူ Ateneo de Davao တက္ကသိုလ်မှ ပါမောက္ခဟောင်း ရာမွန် ဘီလန်နို (Ramon Beleno) က ဆိုသည်။ သူသည် ဒူတာတေး မျိုးနွယ်၏ bailiwick တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာခဲ့သူဖြစ်သည်။

“ ဒါဗာအိုက လူတွေက နိုင်ငံရေးမင်းဆက်တစ်ခုက အလုပ်ဖြစ်နေရင် လက်ခံမယ်ဆိုတဲ့အမြင်ရှိတယ်” ဟု ဘီလန်နို (Beleno) ကပြောသည်။

“ဒါပေမယ့် နိုင်ငံရေး မင်းဆက်ကို ထူထောင်ခဲ့တဲ့ ဦးဆောင်သူ ခိုင်မြဲနေသရွေ့ အဲဒါက အလုပ်ဖြစ်နေတယ်”

Opposition camps, in the elder Duterte’s absence from the country, are re-emerging across Davao, according to Beleno.

နိုင်ငံတွင်းမှအကြီးအကဲ ဒူတာတေး မရှိတော့တဲ့နောက်ပိုင်းတွင် အတိုက်အခံအုပ်စုများ Davao တစ်ခွင် ပြန်လည်ပေါ်ပေါက်လာနေကြောင်း ဘီလန်နိုက ဆိုသည်။

၎င်းတို့ထဲတွင် ဆယ်စုနှစ်အတွင်း နိုင်ငံရေးပြိုင်ဖက်ဟောင်းတဦးဖြစ်သူ ကွယ်လွန်သူ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌဟောင်း ပရိုစပါရို နိုဂရားလက်စ် (Prospero Nograles) ၏ သားမြေးများလည်းပါဝင်လာခဲ့သည်။

ကာလို နိုဂရားလက်စ် (Karlo Nograles) သည် မြို့တော်ဝန်ရာထူးအတွက် ရောဒရီဂိုဒူတာတေး (Rodrigo Duterte) ကို ယှဉ်ပြိုင်နေပြီး ၎င်း၏ညီမ ရှေ့နေတစ်ဦးဖြစ်သည့် မာဂရီတာ (Margarita) သည် TikTok တွင် အင်ဖလူအင်စာတဦးဖြစ်ပြီး ပါအိုလို (Paolo) ကို စိန်ခေါ် နေသည်။

နိုင်ငံရေးမင်းဆက်အပေါ်သိက္ခာကျစရာဖြစ်လာခြင်း

+++++++++++++++++++++++++

ဒူတာတေး မိသားစုအမည်တွင် အက်ကြောင်းများ စတင်ပြသနေပြီဖြစ်သည်။

ဒုသမ္မတ ဆာရာဒူတာတေးသည် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ကာလကြာရှည် ရန်ဖြစ်မှုများ ရှိနေကာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များအတွက် စွပ်စွဲပြစ်တင်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

“လွန်ခဲ့တဲ့လတွေမှာ ကျွန်တော့်နာမည်နဲ့ ကျွန်တော့် မိသားစုနာမည်ကို ရွှံ့ထဲကို ဆွဲချခြင်း ခံခဲ့ရပါတယ်” ဟု မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လူထုစည်းဝေးပွဲမှာ သူမက ပြောခဲ့သည်။

“ အရင်က ဒါကို ထပ်ခါတလဲလဲ ပြောခဲ့ပြီး အခု ထပ်ပြောမယ်။ ကျမဟာ ဒီနိုင်ငံရဲ့ ပြဿနာ မဟုတ်ဘူး၊ ဒူတာတေးတွေက ဖိလစ်ပိုင်ရဲ့ ပြဿနာ မဟုတ်ဘူး” ဟု လက်ရှိ မားကို့စ် အုပ်ချုပ်ရေးတွင် မိသားစု၏ မဟာမိတ်များက ရန်သူအဖြစ်သို့ ပြောင်းလဲသွားကြောင်း သူမက ပြောကြားခဲ့သည်။

မားကို့စ် ဂျူနီယာသည် နိုင်ငံအတွင်း အကျော်ကြားဆုံး နိုင်ငံရေးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကွယ်လွန်သူ ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ် (Ferdinand E. Marcos) ၏ သားဖြစ်သည်။

ပါအိုလို ဒူတာတေး (Paolo Duterte) နှင့် ၎င်း၏ကိုယ်ရံတော်များသည် မကြာသေးမီက နိုက်ကလပ်တွင် ရန်ပွဲတစ်ခု၌ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးမှ ၎င်းအား တိုင်ကြားရန်တရားစွဲဆိုခဲ့သည်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဒီခိုက်ရန်ဖြစ်မှုဗီဒီယိုဖိုင်ဟာ “အတော်ကြာနေတဲ့အချိန်ကပါ” ဟု ဗီဒီယိုထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။

အကယ်၍ ဒူတာတေးသည် မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရပါက ICC က ခွင့်ပြုပါက Zoom ခေါ်ဆိုမှုဖြင့် မျက်ကွယ်တွင် ကျမ်းသစ္စာကျိန်ဆိုနိုင်ဆဲဖြစ်ကြောင်း နိုင်ငံရေး သိပ္ပံပညာရှင် နှင့် စစ်တမ်းကောက်ယူသူ Arguelles မှ ပြောကြားခဲ့သည်။ ၎င်း၏နေ့စဉ်တာဝန်များကို ဒုမြို့တော်ဝန်ထံ လွှဲအပ်ထားနိုင်မည်ဖြစ်သည်။

သသို့ရာတွင် ဒူတာတေးသည် လက်တွေ့တွင် ကျမ်းသစ္စာကျိန်ဆိုရန် ခွင့်မပြုခဲ့လျှင် ဒုတိယနေရာတွင်ရှိသည့် ကာလို နိုဂရားလက်စ် ( Karlo Nograles) ခန့်မှန်းထားသည့်နေရာကို ယူသွားမည် ဖြစ်ပါသည်။

ဒူတာတေးသည် ဖိလစ်ပိုင်တွင် ခြောက်နှစ်ကြာ ခက်ခဲစွာ ရုန်းကန်အုပ်ချုပ်ခဲ့ပြီး၊ သူ ပွင့်ပွင့်လင်းလင်း ကြွားလုံးထုတ်ခဲ့သည့် မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွင်း၊ ဆင်းရဲနွမ်းပါးသော မြို့များမှ လူငယ်အများအပြားကို ရဲများနှင့် ပါးကွက်သား သေနတ်သမားများက ပစ်သတ်ခဲ့သည်။

ရဲတပ်ဖွဲ့၏ အချက်အလက်များအရ လူပေါင်း ၆,၀၀၀ သေဆုံးခဲ့ရပြီး “ သေဆုံးသူဦးရေဟာ ၃၀,၀၀၀ အထိ ရှိနိုင်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုပါသည်။

ဒူတာတေး၏ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ချဉ်းကပ်မှုသည် သတ်ဖြတ်မှုအား စုံစမ်းစစ်ဆေးမှု စတင်ခဲ့သော အတိုက်အခံ လွှတ်တော်အမတ်များထံမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဒူတာတေးသည် ၎င်း၏ အပြင်းထန်ဆုံး ပြိုင်ဘက်ကို ထောင်သွင်းအကျဉ်းချခဲ့ပြီး အချို့သော သတင်းမီဒီယာများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို သစ္စာဖောက်များနှင့် ပူးပေါင်းကြံစည်သူများအဖြစ် စွပ်စွဲခဲ့သည်။

ICC သည် ဒူတာတေး၏နောက်ထပ် ကြားနာမှုကို စက်တင်ဘာ ၂၃ ရက်သို့ ချိန်းဆိုထားသည်။

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့ CNN သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော