နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အိန္ဒိယက ပါကစ္စတန်လေတပ်စခန်း ၃ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်မှု စတင်နေပြီဟု ပါကစ္စတန်က ပြောသည်။

မေလ (၁၀) ရက်။

အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် နိုင်ငံ၏လေတပ်ပိုင်ဆိုင်မှုများ ဘေးကင်းကြောင်း ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ လေတပ်စခန်းသုံးခုကို စနေနေ့က အိန္ဒိယမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ပြီး အိန္ဒိယအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဆောင်ရွက်နေပါသည်ဟု ပါကစ္စတန်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အစပျိုးခဲ့သည့် ပဋိပက္ခမှာ အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး နောက်ဆုံး တိုးမြင့်တိုက်ခိုက်မှု ဖြစ်ပါသည်။

ပါကစ္စတန်စစ်တပ်က တာလတ်ပစ် ဖာတက် (Fateh) ဒုံးကျည်များကို အသုံးပြုပြီး ပါထန်ကော့ (Pathankot) နှင့် အူဒန်ပူ (ရ) (Udhampur)‌ ဒေသရှိ အိန္ဒိယဒုံးကျည်သိုလှောင်ရုံနှင့် လေတပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ပစ်ခတ်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် ပါကစ္စတန် လေတပ်၏ ပိုင်ဆိုင်မှုများမှာ ဘေးကင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှာရစ်ဖ် (Ahmad Sharif) က ပြောကြားခဲ့သည်။ အိန္ဒိယ၏ ဒုံးကျည်အချို့သည်လည်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပန်ဂျပ်မြို့ကို ထိမှန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒါက အမြင့်ဆုံး နှောင့်ယှက်တာပဲ” ဟု ရှာရစ်ဖ်က ဆိုသည်။ အိန္ဒိယဘက်မှ ချက်ခြင်းမှတ်ချက်ပေးခဲ့ခြင်း မရှိခဲ့ပါ။

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ နာမည်ကြီး ခရီးသွားနေရာတစ်ခုတွင် ဧပြီ ၂၂ ရက်နေ့က ဟိန္ဒူခရီးသွားများ အကြမ်းဖက်တိုက်ခိုက်ခံရပြီး အရပ်သား ၂၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း နယူးဒေလီက ပါကစ္စတန်ကို အကြမ်းဖက်မှုကို အားပေးထောက်ခံခဲ့သည်ဟု အပြစ်တင်ကာ ထိုစွပ်စွဲချက်ကို အစ္စလမ်မာဘတ်က ပယ်ချခဲ့သည်။

အိန္ဒိယ ဒုံးကျည်များသည် မြို့တော် အစ္စလမ်မာဘတ် အနီးရှိခံတပ်မြို့ ရာဝါလ်ပင်ဒီ (Rawalpindi) ရှိ နူရာခန် (Nur Khan) လေတပ်စခန်း၊ ချတ်ဝါလ် (Chakwal) မြို့ ရှိ မူရစ်ဒ် (Murid) လေတပ်စခန်းနှင့် အရှေ့ပိုင်း ပန်ဂျပ် ပြည်နယ် ဂျဟန်း (Jhang) ခရိုင်ရှိ ရာဖီကီ (Rafiqui) လေတပ်စခန်းတို့ကို ပစ်မှတ်ထားခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လူဦးရေ ထူထပ်သော ရာဝါလ်ပင်ဒီ မြို့ရှိ လေတပ်စခန်းသို့ မီဒီယာများ ဝင်ရောက်ကြည့်ရှုခွင့် မရှိသည့်အပြင် တိုက်ခိုက်ခံရမှု သို့မဟုတ် ဒေသခံများထံမှာ တိုက်ခိုက်ခံရမှုကို မြင်တွေ့ရခြင်း ကြားသိရခြင်းတို့ရှိကြောင်း ချက်ခြင်း သတင်းပေးပို့ခြင်း မရှိခဲ့ပေ။

ပါကစ္စတန်က လက်တုံ့ပြန်ကြောင်း ကြေငြာပြီးနောက်တွင် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသခံများက မြို့ကြီးနှစ်ခု စရင်နာဂါ (Srinagar) နှင့် ဂျန်မူး (Jammu) နှင့် မြို့စောင့်ခံတပ် အူဒန်ပူ(ရ) (Udhampur) အပါအဝင် ဒေသတွင်းနေရာအများအပြားတွင် ကျယ်လောင်သော ပေါက်ကွဲသံများကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့ကြားနေရတဲ့ ပေါက်ကွဲသံတွေဟာ ပြီးခဲ့တဲ့ နှစ်ညက ဒရုန်းတိုက်ခိုက်မှုမှာ ကြားရတဲ့ ပေါက်ကွဲမှုတွေနဲ့ ကွဲပြားပါတယ်” ဟု ဒေသ၏ ထိပ်တန်းရဲအရာရှိဟောင်းနှင့် ဂျန်မူး (Jammu) မြို့ခံ ရှက် ပေါလ် ဗအစ် (Shesh Paul Vaid) က ပြောကြားခဲ့သည်။ “ ဒီနေရာမှာ စစ်ဖြစ်နေသလို ခံစားရပါတယ်။”

စစ်စခန်းများရှိ နယ်မြေများမှ ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ဗအစ်က ပြောကြားပြီး စစ်တပ်နေရာများကို ပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆရင်နာဂါ (Srinagar) သည် စနေနေ့အစောပိုင်းတွင် ငြိမ်သက်နေပုံရသော်လည်း လေတပ်စခန်းတစ်ခုဖြစ်သည့် မြို့တော်၏ လေဆိပ်အနီးရှိ ရပ်ကွက်များတွင် နေထိုင်သူအချို့က ပေါက်ကွဲသံများနှင့် တိုက်လေယာဉ်များ၏ ကျယ်လောင်သောအသံများကြောင့် တုန်လှုပ်သွားသည်ဟု ဆိုသည်။

“ကျွန်မ နိုးနေပြီဆိုပေမယ့် ပေါက်ကွဲသံတွေက ကျွန်မကလေးတွေကို အိပ်ရာကနေ လှုပ်ခါတုန်သွားစေတယ်။ သူတို့က စပြီးငိုကြတယ်” ဟု ရှရင်နာဂါ မြို့ခံ မိုဟာမက် ယာစင် က ပြောကြားပြီး ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း သူကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် လေကြောင်း ပျံသန်းမှုဆိုင်ရာ အာဏာပိုင်များက နိုင်ငံ၏ လေဆိပ်များကို ပျံသန်းမှု အားလုံးကို ပိတ်ထားကြောင်း ပြောကြားခဲ့သည်။

မြို့ကြီးများတွင် လူများသည် ပါကစ္စတန်၏ လက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ခံသည့် ကြွေးကြော်သံများ ရွတ်ဆိုကြသည်ကို မြင်တွေ့ခဲ့ရသည်။

“အိန္ဒိယရဲ့ ရန်လိုမှုကို နောက်ဆုံးမှာ ငါတို့ တုံ့ပြန်ခဲ့ပြီး ဘုရားသခင်ကို ကျေးဇူးတင်တယ်” ဟု လာဟိုးမြို့ အရှေ့ပိုင်းတွင် မနက်စာစားရန် ထွက်လာခဲ့သည့် မိုဟာမက် အက်ရှက်ဖ်က ပြောခဲ့သည်။

ပါကစ္စတန်နှင့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားနှင့် ရှရင်နာဂါ (Srinagar) အပါအဝင် ပါကစ္စတန် နှင့် အိန္ဒိယပြည်နယ်များရှိ နယ်နိမိတ်ချင်းထိစပ်နေသော နေရာအများအပြားတွင် ဒရုန်းစခန်း တည်နေရာ ၂၆ ခုတွင် မောင်းသူမဲ့ လေယာဉ်များကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်း တွင် အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။ ဒရုန်းများကို ခြေရာခံပြီးတိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်တဲ့နေရာတိုင်းတွင် ချက်ချင်းအရေးယူဆောင်ရွက်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ရက်အတန်ကြာ တိုက်ခိုက်မှုများနှင့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးတွင် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ခုနစ်နိုင်ငံအုပ်စု (G7) က အိန္ဒိယနှင့် ပါကစ္စတန်တို့ကို “အမြင့်ဆုံး ထိန်းချုပ်မှု” ကို စောင့်ထိန်းရန် တိုက်တွန်းခဲ့သည်။ စစ်ရေးတင်းမာမှုများသည် ဒေသတွင်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသည်ဟု သောကြာနေ့က သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု