နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အိန္ဒိယက ပါကစ္စတန်လေတပ်စခန်း ၃ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်မှု စတင်နေပြီဟု ပါကစ္စတန်က ပြောသည်။

မေလ (၁၀) ရက်။

အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် နိုင်ငံ၏လေတပ်ပိုင်ဆိုင်မှုများ ဘေးကင်းကြောင်း ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ လေတပ်စခန်းသုံးခုကို စနေနေ့က အိန္ဒိယမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ပြီး အိန္ဒိယအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဆောင်ရွက်နေပါသည်ဟု ပါကစ္စတန်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အစပျိုးခဲ့သည့် ပဋိပက္ခမှာ အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး နောက်ဆုံး တိုးမြင့်တိုက်ခိုက်မှု ဖြစ်ပါသည်။

ပါကစ္စတန်စစ်တပ်က တာလတ်ပစ် ဖာတက် (Fateh) ဒုံးကျည်များကို အသုံးပြုပြီး ပါထန်ကော့ (Pathankot) နှင့် အူဒန်ပူ (ရ) (Udhampur)‌ ဒေသရှိ အိန္ဒိယဒုံးကျည်သိုလှောင်ရုံနှင့် လေတပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ပစ်ခတ်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် ပါကစ္စတန် လေတပ်၏ ပိုင်ဆိုင်မှုများမှာ ဘေးကင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှာရစ်ဖ် (Ahmad Sharif) က ပြောကြားခဲ့သည်။ အိန္ဒိယ၏ ဒုံးကျည်အချို့သည်လည်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပန်ဂျပ်မြို့ကို ထိမှန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒါက အမြင့်ဆုံး နှောင့်ယှက်တာပဲ” ဟု ရှာရစ်ဖ်က ဆိုသည်။ အိန္ဒိယဘက်မှ ချက်ခြင်းမှတ်ချက်ပေးခဲ့ခြင်း မရှိခဲ့ပါ။

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ နာမည်ကြီး ခရီးသွားနေရာတစ်ခုတွင် ဧပြီ ၂၂ ရက်နေ့က ဟိန္ဒူခရီးသွားများ အကြမ်းဖက်တိုက်ခိုက်ခံရပြီး အရပ်သား ၂၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း နယူးဒေလီက ပါကစ္စတန်ကို အကြမ်းဖက်မှုကို အားပေးထောက်ခံခဲ့သည်ဟု အပြစ်တင်ကာ ထိုစွပ်စွဲချက်ကို အစ္စလမ်မာဘတ်က ပယ်ချခဲ့သည်။

အိန္ဒိယ ဒုံးကျည်များသည် မြို့တော် အစ္စလမ်မာဘတ် အနီးရှိခံတပ်မြို့ ရာဝါလ်ပင်ဒီ (Rawalpindi) ရှိ နူရာခန် (Nur Khan) လေတပ်စခန်း၊ ချတ်ဝါလ် (Chakwal) မြို့ ရှိ မူရစ်ဒ် (Murid) လေတပ်စခန်းနှင့် အရှေ့ပိုင်း ပန်ဂျပ် ပြည်နယ် ဂျဟန်း (Jhang) ခရိုင်ရှိ ရာဖီကီ (Rafiqui) လေတပ်စခန်းတို့ကို ပစ်မှတ်ထားခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လူဦးရေ ထူထပ်သော ရာဝါလ်ပင်ဒီ မြို့ရှိ လေတပ်စခန်းသို့ မီဒီယာများ ဝင်ရောက်ကြည့်ရှုခွင့် မရှိသည့်အပြင် တိုက်ခိုက်ခံရမှု သို့မဟုတ် ဒေသခံများထံမှာ တိုက်ခိုက်ခံရမှုကို မြင်တွေ့ရခြင်း ကြားသိရခြင်းတို့ရှိကြောင်း ချက်ခြင်း သတင်းပေးပို့ခြင်း မရှိခဲ့ပေ။

ပါကစ္စတန်က လက်တုံ့ပြန်ကြောင်း ကြေငြာပြီးနောက်တွင် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသခံများက မြို့ကြီးနှစ်ခု စရင်နာဂါ (Srinagar) နှင့် ဂျန်မူး (Jammu) နှင့် မြို့စောင့်ခံတပ် အူဒန်ပူ(ရ) (Udhampur) အပါအဝင် ဒေသတွင်းနေရာအများအပြားတွင် ကျယ်လောင်သော ပေါက်ကွဲသံများကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့ကြားနေရတဲ့ ပေါက်ကွဲသံတွေဟာ ပြီးခဲ့တဲ့ နှစ်ညက ဒရုန်းတိုက်ခိုက်မှုမှာ ကြားရတဲ့ ပေါက်ကွဲမှုတွေနဲ့ ကွဲပြားပါတယ်” ဟု ဒေသ၏ ထိပ်တန်းရဲအရာရှိဟောင်းနှင့် ဂျန်မူး (Jammu) မြို့ခံ ရှက် ပေါလ် ဗအစ် (Shesh Paul Vaid) က ပြောကြားခဲ့သည်။ “ ဒီနေရာမှာ စစ်ဖြစ်နေသလို ခံစားရပါတယ်။”

စစ်စခန်းများရှိ နယ်မြေများမှ ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ဗအစ်က ပြောကြားပြီး စစ်တပ်နေရာများကို ပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆရင်နာဂါ (Srinagar) သည် စနေနေ့အစောပိုင်းတွင် ငြိမ်သက်နေပုံရသော်လည်း လေတပ်စခန်းတစ်ခုဖြစ်သည့် မြို့တော်၏ လေဆိပ်အနီးရှိ ရပ်ကွက်များတွင် နေထိုင်သူအချို့က ပေါက်ကွဲသံများနှင့် တိုက်လေယာဉ်များ၏ ကျယ်လောင်သောအသံများကြောင့် တုန်လှုပ်သွားသည်ဟု ဆိုသည်။

“ကျွန်မ နိုးနေပြီဆိုပေမယ့် ပေါက်ကွဲသံတွေက ကျွန်မကလေးတွေကို အိပ်ရာကနေ လှုပ်ခါတုန်သွားစေတယ်။ သူတို့က စပြီးငိုကြတယ်” ဟု ရှရင်နာဂါ မြို့ခံ မိုဟာမက် ယာစင် က ပြောကြားပြီး ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း သူကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် လေကြောင်း ပျံသန်းမှုဆိုင်ရာ အာဏာပိုင်များက နိုင်ငံ၏ လေဆိပ်များကို ပျံသန်းမှု အားလုံးကို ပိတ်ထားကြောင်း ပြောကြားခဲ့သည်။

မြို့ကြီးများတွင် လူများသည် ပါကစ္စတန်၏ လက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ခံသည့် ကြွေးကြော်သံများ ရွတ်ဆိုကြသည်ကို မြင်တွေ့ခဲ့ရသည်။

“အိန္ဒိယရဲ့ ရန်လိုမှုကို နောက်ဆုံးမှာ ငါတို့ တုံ့ပြန်ခဲ့ပြီး ဘုရားသခင်ကို ကျေးဇူးတင်တယ်” ဟု လာဟိုးမြို့ အရှေ့ပိုင်းတွင် မနက်စာစားရန် ထွက်လာခဲ့သည့် မိုဟာမက် အက်ရှက်ဖ်က ပြောခဲ့သည်။

ပါကစ္စတန်နှင့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားနှင့် ရှရင်နာဂါ (Srinagar) အပါအဝင် ပါကစ္စတန် နှင့် အိန္ဒိယပြည်နယ်များရှိ နယ်နိမိတ်ချင်းထိစပ်နေသော နေရာအများအပြားတွင် ဒရုန်းစခန်း တည်နေရာ ၂၆ ခုတွင် မောင်းသူမဲ့ လေယာဉ်များကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်း တွင် အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။ ဒရုန်းများကို ခြေရာခံပြီးတိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်တဲ့နေရာတိုင်းတွင် ချက်ချင်းအရေးယူဆောင်ရွက်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ရက်အတန်ကြာ တိုက်ခိုက်မှုများနှင့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးတွင် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ခုနစ်နိုင်ငံအုပ်စု (G7) က အိန္ဒိယနှင့် ပါကစ္စတန်တို့ကို “အမြင့်ဆုံး ထိန်းချုပ်မှု” ကို စောင့်ထိန်းရန် တိုက်တွန်းခဲ့သည်။ စစ်ရေးတင်းမာမှုများသည် ဒေသတွင်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသည်ဟု သောကြာနေ့က သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ