နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

အိန္ဒိယက ပါကစ္စတန်လေတပ်စခန်း ၃ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်မှု စတင်နေပြီဟု ပါကစ္စတန်က ပြောသည်။

မေလ (၁၀) ရက်။

အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် နိုင်ငံ၏လေတပ်ပိုင်ဆိုင်မှုများ ဘေးကင်းကြောင်း ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ လေတပ်စခန်းသုံးခုကို စနေနေ့က အိန္ဒိယမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ပြီး အိန္ဒိယအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဆောင်ရွက်နေပါသည်ဟု ပါကစ္စတန်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အစပျိုးခဲ့သည့် ပဋိပက္ခမှာ အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး နောက်ဆုံး တိုးမြင့်တိုက်ခိုက်မှု ဖြစ်ပါသည်။

ပါကစ္စတန်စစ်တပ်က တာလတ်ပစ် ဖာတက် (Fateh) ဒုံးကျည်များကို အသုံးပြုပြီး ပါထန်ကော့ (Pathankot) နှင့် အူဒန်ပူ (ရ) (Udhampur)‌ ဒေသရှိ အိန္ဒိယဒုံးကျည်သိုလှောင်ရုံနှင့် လေတပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ပစ်ခတ်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် ပါကစ္စတန် လေတပ်၏ ပိုင်ဆိုင်မှုများမှာ ဘေးကင်းကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှာရစ်ဖ် (Ahmad Sharif) က ပြောကြားခဲ့သည်။ အိန္ဒိယ၏ ဒုံးကျည်အချို့သည်လည်း အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပန်ဂျပ်မြို့ကို ထိမှန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒါက အမြင့်ဆုံး နှောင့်ယှက်တာပဲ” ဟု ရှာရစ်ဖ်က ဆိုသည်။ အိန္ဒိယဘက်မှ ချက်ခြင်းမှတ်ချက်ပေးခဲ့ခြင်း မရှိခဲ့ပါ။

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ နာမည်ကြီး ခရီးသွားနေရာတစ်ခုတွင် ဧပြီ ၂၂ ရက်နေ့က ဟိန္ဒူခရီးသွားများ အကြမ်းဖက်တိုက်ခိုက်ခံရပြီး အရပ်သား ၂၆ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း နယူးဒေလီက ပါကစ္စတန်ကို အကြမ်းဖက်မှုကို အားပေးထောက်ခံခဲ့သည်ဟု အပြစ်တင်ကာ ထိုစွပ်စွဲချက်ကို အစ္စလမ်မာဘတ်က ပယ်ချခဲ့သည်။

အိန္ဒိယ ဒုံးကျည်များသည် မြို့တော် အစ္စလမ်မာဘတ် အနီးရှိခံတပ်မြို့ ရာဝါလ်ပင်ဒီ (Rawalpindi) ရှိ နူရာခန် (Nur Khan) လေတပ်စခန်း၊ ချတ်ဝါလ် (Chakwal) မြို့ ရှိ မူရစ်ဒ် (Murid) လေတပ်စခန်းနှင့် အရှေ့ပိုင်း ပန်ဂျပ် ပြည်နယ် ဂျဟန်း (Jhang) ခရိုင်ရှိ ရာဖီကီ (Rafiqui) လေတပ်စခန်းတို့ကို ပစ်မှတ်ထားခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လူဦးရေ ထူထပ်သော ရာဝါလ်ပင်ဒီ မြို့ရှိ လေတပ်စခန်းသို့ မီဒီယာများ ဝင်ရောက်ကြည့်ရှုခွင့် မရှိသည့်အပြင် တိုက်ခိုက်ခံရမှု သို့မဟုတ် ဒေသခံများထံမှာ တိုက်ခိုက်ခံရမှုကို မြင်တွေ့ရခြင်း ကြားသိရခြင်းတို့ရှိကြောင်း ချက်ခြင်း သတင်းပေးပို့ခြင်း မရှိခဲ့ပေ။

ပါကစ္စတန်က လက်တုံ့ပြန်ကြောင်း ကြေငြာပြီးနောက်တွင် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသခံများက မြို့ကြီးနှစ်ခု စရင်နာဂါ (Srinagar) နှင့် ဂျန်မူး (Jammu) နှင့် မြို့စောင့်ခံတပ် အူဒန်ပူ(ရ) (Udhampur) အပါအဝင် ဒေသတွင်းနေရာအများအပြားတွင် ကျယ်လောင်သော ပေါက်ကွဲသံများကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့ကြားနေရတဲ့ ပေါက်ကွဲသံတွေဟာ ပြီးခဲ့တဲ့ နှစ်ညက ဒရုန်းတိုက်ခိုက်မှုမှာ ကြားရတဲ့ ပေါက်ကွဲမှုတွေနဲ့ ကွဲပြားပါတယ်” ဟု ဒေသ၏ ထိပ်တန်းရဲအရာရှိဟောင်းနှင့် ဂျန်မူး (Jammu) မြို့ခံ ရှက် ပေါလ် ဗအစ် (Shesh Paul Vaid) က ပြောကြားခဲ့သည်။ “ ဒီနေရာမှာ စစ်ဖြစ်နေသလို ခံစားရပါတယ်။”

စစ်စခန်းများရှိ နယ်မြေများမှ ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ဗအစ်က ပြောကြားပြီး စစ်တပ်နေရာများကို ပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆရင်နာဂါ (Srinagar) သည် စနေနေ့အစောပိုင်းတွင် ငြိမ်သက်နေပုံရသော်လည်း လေတပ်စခန်းတစ်ခုဖြစ်သည့် မြို့တော်၏ လေဆိပ်အနီးရှိ ရပ်ကွက်များတွင် နေထိုင်သူအချို့က ပေါက်ကွဲသံများနှင့် တိုက်လေယာဉ်များ၏ ကျယ်လောင်သောအသံများကြောင့် တုန်လှုပ်သွားသည်ဟု ဆိုသည်။

“ကျွန်မ နိုးနေပြီဆိုပေမယ့် ပေါက်ကွဲသံတွေက ကျွန်မကလေးတွေကို အိပ်ရာကနေ လှုပ်ခါတုန်သွားစေတယ်။ သူတို့က စပြီးငိုကြတယ်” ဟု ရှရင်နာဂါ မြို့ခံ မိုဟာမက် ယာစင် က ပြောကြားပြီး ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း သူကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် လေကြောင်း ပျံသန်းမှုဆိုင်ရာ အာဏာပိုင်များက နိုင်ငံ၏ လေဆိပ်များကို ပျံသန်းမှု အားလုံးကို ပိတ်ထားကြောင်း ပြောကြားခဲ့သည်။

မြို့ကြီးများတွင် လူများသည် ပါကစ္စတန်၏ လက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ခံသည့် ကြွေးကြော်သံများ ရွတ်ဆိုကြသည်ကို မြင်တွေ့ခဲ့ရသည်။

“အိန္ဒိယရဲ့ ရန်လိုမှုကို နောက်ဆုံးမှာ ငါတို့ တုံ့ပြန်ခဲ့ပြီး ဘုရားသခင်ကို ကျေးဇူးတင်တယ်” ဟု လာဟိုးမြို့ အရှေ့ပိုင်းတွင် မနက်စာစားရန် ထွက်လာခဲ့သည့် မိုဟာမက် အက်ရှက်ဖ်က ပြောခဲ့သည်။

ပါကစ္စတန်နှင့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားနှင့် ရှရင်နာဂါ (Srinagar) အပါအဝင် ပါကစ္စတန် နှင့် အိန္ဒိယပြည်နယ်များရှိ နယ်နိမိတ်ချင်းထိစပ်နေသော နေရာအများအပြားတွင် ဒရုန်းစခန်း တည်နေရာ ၂၆ ခုတွင် မောင်းသူမဲ့ လေယာဉ်များကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်း တွင် အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။ ဒရုန်းများကို ခြေရာခံပြီးတိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်တဲ့နေရာတိုင်းတွင် ချက်ချင်းအရေးယူဆောင်ရွက်နေပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ရက်အတန်ကြာ တိုက်ခိုက်မှုများနှင့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးတွင် အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ခုနစ်နိုင်ငံအုပ်စု (G7) က အိန္ဒိယနှင့် ပါကစ္စတန်တို့ကို “အမြင့်ဆုံး ထိန်းချုပ်မှု” ကို စောင့်ထိန်းရန် တိုက်တွန်းခဲ့သည်။ စစ်ရေးတင်းမာမှုများသည် ဒေသတွင်းတည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသည်ဟု သောကြာနေ့က သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လတ်တလော ထရန့်နှင့်ပူတင်တို့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ယူကရိန်းသို့ ရုရှားက ဒရုန်းများ စံချိန်တင်အရေအတွက်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 14 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၄ရက် CNN —ကိ့ဗ်၊ ယူကရိန်း သမတ‌ဒေါ်နယ်ထရန့်နှင့် ရုရှားသမတ ဗလာဒီမာပူတင်နှင့် ခေါ်ဆိုဆွေးနွေးမှုအပြီးတွင်  ထရန့်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် အဓိကခြေလှမ်းအဖြစ် အပစ်အခတ်ရပ်စဲရေး အတွက် ‘အပြုသဘော ဆောင်သော တုံ့ပြန်မှု’အဆိုပြုချက်ကို သဘောတူညီချက်တစ်ခုရရှိရန် တင်သွင်းခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 14 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ရက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား အပြုသဘောဆောင်သော တုံ့ပြန်မှုကို
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား ပဋိပက္ခတွင် အဆင့်အမြင့်ဆုံး ရုရှားအရာရှိတစ်ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 13 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၄ရက် CNN — ရုရှားရေတပ်၏ လက်ထောက်အကြီးအကဲသည် ရုရှားနိုင်ငံ ကာ့စ်(Kursk) ဒေသတွင် သေဆုံး သွားခဲ့သည်၊ ရုရှားနိုင်ငံ အရှေ့ဖျားရှိ ပရီမော်စကီး (Primorsky) ဒေသ၏ အုပ်ချုပ်ရေးမှူး အိုလက် ကိုဇမ်ယာကို
နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်လွှတ်တော်သည် ထရန့်၏ ‘ကြီးမားလှပသော ဥပဒေကြမ်း’ ကို အတည်ပြု ပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 24 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက် အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ဒေါ်နယ်ထရန့်၏ ကြီးမားသောအခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတနှင့် သူ၏ ပြည်တွင်းအစီအစဉ်အတွက် သိသာထင်ရှားပြီး ခက်ခက်ခဲခဲ တိုက်ပွဲတွင် အောင်ပွဲတစ်ခုအဖြစ် အတည်ပြုပေးခဲ့သည်။ ကာပီတိုလ်ဟေးလ်အောက်လွှတ်တော်တွင် ခက်ခဲကြမ်းတမ်းသော အစည်းအဝေးအပြီးတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆာလောင်မွတ်သိပ်နေတဲ့ ပါလက်စတိုင်းတွေကို သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သေနတ်နဲ့ပစ် တာကို တွေ့ခဲ့ရတယ်လို့ ဂါဇာအကူအညီပေးရေး ကန်ထရိုက်တာ ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 20 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။ ဂါဇာကမ်းမြောင်ဒေသ၏ မေးခွန်းထုတ်စရာဖြစ်နေသော အစ္စရေးနှင့် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော အစားအစာထောက်ပံ့ဖြန့်ဖြူးရေးနေရာသစ်တွင် တာဝန်ယူလုပ်ကိုင်နေသော လုံခြုံရေး ကန်ထရိုက်တာဟောင်းတစ်ဦးသည် ခြိမ်းခြောက်မှုမရှိဘဲ ဆာလောင်နေသော ပါလက်စတိုင်းများကို စက်သေနတ်များနှင့် ကြိမ်ဖန်များစွာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးက အရှိန်ပြင်းစွာ တိုက်ခိုက်လာတာကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 21 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြာသပတေးနေ့တွင် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသူများတွင် အကူအညီလာရောက်တောင်းခံသူ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ ခဲယမ်းများ တင်ပို့မှု အချို့ကို အမေရိကန်က ခေတ္တ ရပ်ဆိုင်းထားလိုက်ခြင်း။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 22 Views
CNN — ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂ ရက် စစ်ရေးအသုံးစရိတ်နှင့် ပြည်ပနိုင်ငံများသို့ အမေရိကန်၏ ပံ့ပိုးကူညီမှုများကို ပြန်လည် သုံးသပ်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ အပါအဝင် ယူကရိန်းသို့ လက်နက်တင်ပို့မှုအချို့ကို ခေတ္တရပ်ဆိုင်းထားကြောင်း အိမ်ဖြူတော်မှ အကြီးတန်း အရာရှိ တစ်ဦးက CNN
နိုင်ငံတကာသတင်း အမေရိကန်

ဖလောရီဒါသည် ခိုးဝင်လာသူများကိုထိန်းသိမ်းထားရန်ယာယီထိန်းသိမ်းရေးစခန်းတခုကို အဲဗားဂလိပ်နေရာတွင်ဆောက်လုပ်ထားသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက် ဖလော်ရီဒါအစိုးရ ရှေ့နေချုပ် ဂျိမ်းစ်အက်မိုင်ယာ (James Uthmeier)က ထိုနေရာကို “မိကျောင်းအယ်ကက်တက်ဇ်” ဟု အမည်ပေးထားပြီး သူက ဘယ်နေရာကိုမှ သွားလို့မရ သလို ဘယ်နေရာမှာမှ ပုန်းအောင်း နေလို့လဲ မရပါဘူး