နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

++++++++++++++++++++++++++++++++++

အယ်ဒီတာ့အာဘော်

ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။

ဂျပန်နိုင်ငံ၊ ဆိုက်တမစီရင်စုမှာ ထရပ်ကားတစီး ကားလမ်းလယ်မှာ ထရပ်ကားတစီး ဖြတ်သွားချိန် ရုတ်တရက် ပြိုကျပြီး နက်ရှိုင်းတဲ့ အပေါက်ကြီး ဖြစ်သွားလို့ ထရပ်ကားလည်း ဒီအပေါက်ကြီးထဲကို ခေါင်းစိုက်ကျသွားတယ် ကယ်ဆယ်ရေးတွေ ရောက်လာ ပြီး ကားထဲက ကားသမားကိုကယ်ဖို့ ကြိုးစားပေမဲ့ ကံဆိုးစွာဘဲ ကားခေါင်းက အောက်ဖက်ကို ထိုးကျသွားတယ်။ ဝန်တင်တဲ့ ယာဉ်နောက်ပိုင်းကိုပဲ ထုတ်ယူနိုင်ခဲ့တယ်။

မြေအောက်မိလ္လာ ရေပိုက်လိုင်း ကျိုးပေါက်ပြီး ရေတွေ ဒလဟောစီးနေတဲ့အတွက် မကယ်နိုင်ဘူး တွင်းကြီးက အတွင်းမှာ နှစ်နဲ့ချီရေတိုက်စားပြီး အထဲမှာ နက်ရှိုင်းတဲ့ ဂလိုင်ကြီး ဖြစ်နေတာ ဘယ်သူမှမသိကြဘူး မြေအောက်ရေတွေ စီးဆင်းနေတာတွေ‌ကြောင့်ကယ်ဆယ်ရေးမအောင်မြင်ခဲ့ဘူး။ တစ်ရက်လည်းမရ တပတ်လည်းမရနဲ့ ၃ လအထိ ကြာလာတယ်။

ဂျပန်တွေ တောင်ကြာလို့ အံ့သြဝေဖန်နေကြတယ်။ ဘာကြောင့် ဒီလောက်တောင် ကြာသလဲဆိုတော့ ကားသမားအလောင်းကို ဆယ်ဖို့ ဒီထက်နက်တဲ့အောက်တဆင့်တူးပြီး အဲဒီကနေတူးမြောင်းဖောက် အောက်ဖက်ကနေ အထက်ဖြစ်တဲ့နေရာကိုတက်ပြီး အလောင်းကို ထုတ်ယူရတယ်။ တစ်ခုချီးကျူးဖို့ကောင်းတာက အစိုးရက သူ့ပြည်သူကို သေနေပေမဲ့ ပစ်မထားဘူး မိသားစုအတွက် ရအောင် ပြန်ယူပေးတယ်။

အလောင်းကို ပြန်ရတာကို သူတို့ကလူယဥ်ကျေးပီသစွာ ကယ်တင်နိုင်တယ်လို့ ရေးတယ် အလောင်းကို ကယ်တင်တာ။ အသက်ကသေနေပြီ မိသားစုကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်အောင် ကယ်တင်ပေးတယ်လို့ သုံးတယ်။

သေဆုံးတဲ့သူက အသက် ၇၄ နှစ်ရှိပြီး ဂျပန်မှာ အသက်အရွယ် ၇၀ ပြည့်ရင် ကားမောင်းလိုင်စင် သက်တမ်းတိုးရင် မောင်းနိုင် မမောင်းနိုင် စစ်တယ်။ ၇၀ ပြည့်လို့ သက်တန်းတိုးရင် မွန်းမံသင်တန်း တက်ရတယ်။ ကားလည်း မောင်းပြရတယ်။ ဘရိတ် ကောင်းကောင်းနင်းနိုင်တယ် အမြင်ကြည်လင်တယ် လမ်းကိုဖြောင့်ဖြောင့် မောင်းနိုင်တယ် ကျန်းမာသန်စွမ်းတယ်ဆိုရင် သတိမေ့ရောဂါ မရှိရင် အသက် ၈၀ လဲ ကားမောင်းလို့ ရတယ်။ အသက် ၉၀ လည်း ကားမောင်လို့ ရတယ်။ စစ်ဆေးတာ မအောင်ရင်တော့ လိုင်စင်သက်တမ်းတိုးပေးမတော့ဘူး။

ဒီနေရာမှာပြောချင်တာက သေဆုံးသွားတဲ့ ကားသမားကို အသက် ၇၄ နှစ် နဲ့ ကားမောင်းရလားဆိုပြီး မဆီမဆိုင် ငါနဲ့ကိုင်တုတ်ပြီး လာဆဲတယ်။ တချို့ကလဲ ဂျပန်လို တိုးတက်တဲ့နိုင်ငံမှာ ၃ လ ကြာတယ် ဆိုတာ မဖြစ်နိုင်ဘူး ဂျင်းသတင်းလို့ ပုတ်ခတ်တယ်။

အဖြစ်မှန်ကို မိမိဗဟုသုတချို့တဲ့တာကြောင့် လိမ်တယ် မမှန်ဘူးလို့ပြောနေတာ၊ သေတဲ့လူကို အသားလွတ် ဝင်ဆဲတာတွေဖတ်ပြီး ကျွန်တော်တို့နိုင်ငံ အောက်တန်း နောက်တန်းကျနေတာ ဒီလို စိတ်ဓါတ်တွေ ကြီးစိုးနေလို့လားလို့ စိတ်မ‌ကောင်း ဖြစ်မိတယ်။

ကျွန်တော်တို့တောင် ကားသမားကို ချက်ချင်းကယ်ထုတ်နိုင်မယ်လို့ ထင်ထားခဲ့တာ။ တရက်လည်း မကယ်နိုင်၊ တပတ်ကြာလည်း မကယ်နိုင် ဖြစ်နေတော့ ဘယ်လို ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေမိတယ်။ သူ့မိသားစုဆိုရင် ဘယ်လောက်တောင် ခံစားရမလဲဆိုတာကို ကိုယ်ချင်းစာမိတယ်။

ဒီသတင်းတင်ပေးတဲ့ အဓိက ရည်ရွယ်ချက်က ဂျပန်အစိုးရရဲ့ မိမိပြည်သူအပေါ် သေဆုံးသွားတာတောင် ပစ်မထားဘဲ ဘယ်လောက်ကြာကြာ မရရအောင် ယူပေးတယ် ဆိုတာရယ် သေဆုံးသူရဲ့သမီးက သူ့အဖေအလောင်းကို ပြန်ရတဲ့အတွက် သူ့မှာ ဘယ်လောက်ခံစားခဲ့ရ စောင့်ခဲ့ရတာကို ကိုယ်ချင်းစာပြီး မျှဝေပေးလိုက်တာ ဖြစ်တယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 24 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 21 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 25 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ
မြန်မာသတင်း

ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 24 Views
ဧပြီလ (၈)ရက်။ ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အား (၂၀၀)ခန့်နဲ့ လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၈)မိုင်အနီးကို စစ်ကြောင်းထိုးဝင်လာပြီး မိုင်တိုင်အမှတ်
မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 41 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ KIO တောင်ပိုင်း တပ်ရင်းတွေကို သွားရောက်စစ်ဆေးတာရှိပါတယ်။ အဲ့ဒီမှာ နမ့်ဖက်ကာရွာက ဒေသခံတွေ
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 33 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့ရာ ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ လင်မယား
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 34 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး