နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၊ အာလ်တီဒီနာသည် ‘စစ်ပွဲဖြစ်နေသကဲ့သို့’ တောမီးလောင်ကျွမ်းနေဟု တာဝန်ရှိသူများပြော

ဇန်နဝါရီလ (၁၁) ရက်။

လော့စ်အိန်ဂျလိစ်ကောင်တီ ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကက်သရင်း ဘာဂါက ခရိုင်အတွင်းရှိ တောမီးဒဏ်ခံ အာလ်တီဒီနာမြို့ကို စစ်ပွဲဇုန်တစ်ခုလို ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖျက်ဆီးမှုအတိုင်းအတာကို မေးမြန်းရာတွင် ဘာဂါက “ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး” လို့ ပြောပါတယ်။ “အိမ်မကျန်တဲ့ နေရာတချို့ ရှိသလို တခြားနေရာတွေမှာလည်း သစ်ပင်တွေပေါ်မှာ မီးခိုးငွေ့တွေ တွေ့နေရပေမယ့် အိမ်တွေတော့ ထိခိုက်မှု မရှိဘူး” လို့ သူက ရှင်းပြပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့က အာဏာပိုင်တွေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆောက်အအုံ ဘယ်လောက် မီးလောင်ပျက်စီးခဲ့တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် အီတင်ချောက် (Eaton Canyon) အနီးတဝိုက်က အခြေအနေတွေကို ဘာဂါက “အဲဒီဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ပျက်စီးမှုဟာ ထိတ်လန့်စရာကောင်းပါတယ်။” လို့ ပြောခဲ့ပါတယ်။

လူပေါင်း ၁၅၃,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ပေးထားခဲ့တယ်လို့ အရာရှိ အများအပြားရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ တောမီးများအနက် ပဲရာဆေ့ဒေသ မီးလောင်မှုဟာ ခန့်မှန်းခြေအားဖြင့် ၈,၀၉၃ ဟက်တာအထိ ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ ၈ ရာခိုင်နှုန်းအထိ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံမီးသတ်ဌာနက ပြောပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ အဆောက်အအုံအရေအတွက်မှာ ၅၃၀၀ ကျော်ရှိပြီး ၎င်းသည် ပြည်နယ်သမိုင်းမှာ တတိယမြောက် အများဆုံး ဖြစ်ပါတယ်။

အီတင်မီးလောင်မှုမှာတော့ အဆောက်အအုံပေါင်း ၄၀၀၀ ကျော်ကို မီးလောင်ပျက်စီးခဲ့ရပြီး ပြည်နယ်သမိုင်းမှာ စတုတ္ထမြောက် လူအသေအပျောက်အများဆုံး မီးလောင်မှုဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုမှာ ၃ ရာခိုင်နှုန်းသာ ထိန်းနိုင်ခဲ့ပြီး အခုအချိန်အထိ ဟက်တာ ၅၅၀၀ ခန့် ပျံ့နှံ့သွားခဲ့တယ်လို့ မီးသတ်အရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လော့စ်အိန်ဂျလိစ်ကောင်တီနှင့် အိမ်နီးချင်း ဗင်တူရာ (Ventura) ကောင်တီ အနောက်တောင်တန်းတွေမှာတော့ လောင်ကျွမ်းနေတဲ့ ကက်နက်မီးလောင်မှုဟာ ၃၅ ရာခိုင်နှုန်းအထိ လောင်ကျွမ်းနေတယ်လို့သိရပြီး မီးလောင်ကျွမ်းမှု ဧရိယာဟာ ၄၀၄ ဟက်တာခန့် ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ဝရုန်းသုန်းကားဖြစ်နေတဲ့ကြားထဲ ဖောက်ထွင်းခိုးယူမှုလည်း ဖြစ်ပွားနေသောကြောင့် သက်ရောက်ရာဒေသတွေမှာ ကာဖျူးထုတ်ထားတယ်လို့ လော့စ်အိန်ဂျလိစ်ကောင်တီ ဥပဒေထိန်းသိမ်းရေးအရာရှိ ရောဘတ်လူနာက ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်အမျိုးသား အစောင့်တပ်ကို အကူအညီတောင်းမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

စစ်ဆေးရေးဂိတ်တွေကို လူအင်အားဖြည့်ဖို့နဲ့ ယာဉ်အသွားအလာ ထိန်းချုပ်မှုကို ကူညီဖို့ ပြင်ဆင်ထားတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆွမ်က ဆိုထားပြီး “ကျွန်တော်တို့ဟာ လာမယ့်ရက်တွေမှာ မြိ့ရွာတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ရဲ့အမျိုးသား အစောင့်တပ်အဖွဲ့ဝင်တွေအပါအဝင် ကျွန်တော်တို့ရဲ့မှာရှိသမျှ အင်အားကို အားလုံးအသုံးပြုသွားမှာဖြစ်ပါတယ်။ နေအိမ်စွန့်ခွာသွားကြတာကို အခွင့်ကောင်းယူတဲ့သူတွေကို ဖောက်ထွင်းပြီး ပစ္စည်းယူတာတွေကို သည်းခံမှာ မဟုတ်ပါဘူး” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

တောမီးတွေကြောင့် လက်ရှိအချိန်ထိ အနည်းဆုံး သေဆုံးသူ ၁၀ ဦးရှိနေပြီလို့ အာဏာပိုင်များက ပြောကြားပါတယ်။

တောမီးနှစ်ခုတွေကို ဇန်နဝါရီ ၉ ရက်နေ့အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေမယ့် လက်ရှိ အချိန်မှာတော့ ကူးစက်မှုနှေးကွေးသွားတယ်လို့ မီးသတ်သမားတွေက ပြောကြားခဲ့ပါတယ်။

လော့အိန်းဂျလိစ်တောမီးကြီးအတွင်း ကမ္ဘာ့နာမည်ကျော်တွေရဲ့ အိမ်တွေလည်း မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာကျော်အင်္ဂလိပ်မင်းသားကြီး အန်သိုနီဟော့ကင်းရဲ့ နေအိမ်အပါအဝင် ပဲရစ်ဟီလ်တန်၊ ဂျက်ဖ်ဘရစ်၊ ဘီလီခရစ္စတယ်နဲ့ ဂျနီဖာဂရေးစတဲ့ နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အာရပ်လူမျိုးတွေရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတွေမှာတော့ ပါလက်စတိုင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အားပေးခဲ့တဲ့ မင်းသားကြီး ဂျိမ်းစ်ဝုဒ်ရဲ့ အိမ်မီးလောင်သွားမှုနဲ့ ပတ်သက်ပြီး စာနာတတ်သွားပြီလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

လော့စ်အိန်ဂျလိစ်မြို့အနီး တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံကျော်မယ်လို့ ခန့်မှန်းထားပါတယ်။

အစ္စရေးနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၇.၉ ဘီလီယံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တစ်နှစ်တာအတက် အမေရိကန်က သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ ဘရောင်းတက္ကသိုလ်ရဲ့ စစ်ပွဲကုန်ကျစရိတ် ခန့်မှန်းချက်အရ သိရပါတယ်။

သတင်းရင်းမြစ်။ CNN, ကျိုဒို၊ အာဆာဟိဒစ်ဂျစ်တယ်

ဓာတ်ပုံ။ CNN/AFP

In this aerial view taken from a helicopter, burned homes are seen from above during the Palisades fire in Los Angeles county, California on January 9, 2025. Massive wildfires that engulfed whole neighborhoods and displaced thousands in Los Angeles remained totally uncontained January 9, 2025, authorities said, as US National Guard soldiers readied to hit the streets to help quell disorder. Swaths of the United States’ second-largest city lay in ruins, with smoke blanketing the sky and an acrid smell pervad

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက