နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မိုးကုတ်မြိုတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးသေဆုံးပြီး ‌(၁၉) ဦး ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၁၁ ရက်
TNLA သိမ်းထားတဲ့ ရှမ်းပြည်နယ် မိုးကုတ်မြိုမှာ မနေ့က ဖေဖော်ဝါရီလ (၁၀)ရက်နေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးအလုံး (၂၀) လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲ့ဒီ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၅) ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး (၅) ဦးနဲ့ အမျိုးသား (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပြီး ဒေသခံတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဗုံးစထိမှန်ခဲ့တဲ့ ဒေသခံပြည်သူများကို TNLA  ရဲဌာနနဲ့ ပရဟိတ အသင်းတွေက ကယ်ဆယ်ခဲ့ကြပြီး ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်လည်း နောင်ချိုမြိုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၁) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပြီး သပြေ‌တောင်ဘုရားကုန်းပေါ်က ဘိုဘွားရိပ်သာ ပျက်စီးသွားပြီး အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ TNLA က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဘက်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ သိမ်းထားတဲ့နေရာတွေကို နေ့စဉ် ရည်ရွယ်ချက်ရှိရှိနဲ့ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာကို တွေ့မြင်နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့
မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာတွေမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာ၊ အတတ်ပညာ
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 24 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ကာ
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး