နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ရက်ရွှေ့ဆိုင်းမယ်လို့ ဟားမတ်စ်က ကြေညာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲ

ဖေဖော်ဝါရီလ (၁၁) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲကာ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ မူလက စီစဉ်ထားတဲ့ ဖေဖော်ဝါရီလ (၁၅) ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ရက်ရွှေ့ဆိုင်းတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝချိုးဖောက်တာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ ဂါဇာမှာ ဖြစ်နိုင်ခြေရှိသော အခြေအနေတေအားလုံးအတွက် တပ်ဖွဲ့ဝင်တွေကို အမြင့်ဆုံးသတိပေးချက်အဆင့်မှာ ထားရှိဖို့ အမိန့်ပေးထားကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ် အယ်လ်ခါစမ် တပ်မဟာမှ ပြန်ကြားရေးတာဝန်ခံ အာဘူ ဘိုင်ဒါ (Abu Ubaida) က ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ရက်ရွှေ့ဆိုင်းမယ်လို့ X (ယခင် တွစ်တာ) မှာ ၁၀ ရက်နေ့က ရေးသားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဟားမတ်စ်အဖွဲ့က ဓားစာခံများကို စီစဉ်ထားတဲ့အတိုင်း ပြန်လွှတ်ပေးနိုင်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဘက်မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာပါက ဓားစာခံတွေကို စီစဉ်ထားတဲ့အတိုင်း ပြန်လွှတ်ပေးဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

အစ္စရေးတွေက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ပြန်ဝင်လာတဲ့ပါလက်စတိုင်းတွေကို ပြန်လည်ပို့ဆောင်ရေးမှာ နှောင့်နှေးအောင်ပြုလုပ်ခြင်း၊ ဂါဇာကမ်းမြှောင်ဒေသ အသီးသီးမှာ အရပ်သားတွေကို ပစ်ခတ်ခြင်း၊ သဘောတူညီချက်ပါ စည်းမျဥ်းတွေနဲ့အညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ရေးကို ငြင်းဆန်ခြင်းစတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်ခဲ့တယ်လို့ ဘိုင်ဒါက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်က အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် အကြီးစားစက်ယန္တရားတွေကို ဂါဇာထဲဝင်ခွင့်ပြုဖို့ အစ္စရေးဘက်က ငြင်းဆန်ခဲ့ပြီး ရွက်ဖျင်တဲတွေနဲ့ ယာယီအိမ်ရာ၊ လောင်စာဆီနဲ့ ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေ ပို့ဆောင်ရာမှာလည်း အစ္စရေးတို့က နှောင့်နှေးအောင် လုပ်ခဲ့တယ်လို့ သူက တိုင်ကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ရင်းနှီးတဲ့ သံတမန်သတင်းရင်းမြစ်တစ်ခုက ကုလသမဂ္ဂ၊ ကာတာစတဲ့ အခြားနိုင်ငံတွေက ယာယီခိုလှုံနေထိုင်ဖို့ ယာယီရွက်ဖျင်တဲတွေ ဂါဇာကမ်းမြောင်ကို ပို့ပို့ တောင်းဆိုထားပေမယ့် အစ္စရေးက ငြင်းဆိုထားတယ်လို့ CNN မှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက