နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ရက်ရွှေ့ဆိုင်းမယ်လို့ ဟားမတ်စ်က ကြေညာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲ

ဖေဖော်ဝါရီလ (၁၁) ရက်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲကာ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ မူလက စီစဉ်ထားတဲ့ ဖေဖော်ဝါရီလ (၁၅) ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ရက်ရွှေ့ဆိုင်းတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝချိုးဖောက်တာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ ဂါဇာမှာ ဖြစ်နိုင်ခြေရှိသော အခြေအနေတေအားလုံးအတွက် တပ်ဖွဲ့ဝင်တွေကို အမြင့်ဆုံးသတိပေးချက်အဆင့်မှာ ထားရှိဖို့ အမိန့်ပေးထားကြောင်း သူက ပြောကြားခဲ့ပါတယ်။

ဟားမတ်စ် အယ်လ်ခါစမ် တပ်မဟာမှ ပြန်ကြားရေးတာဝန်ခံ အာဘူ ဘိုင်ဒါ (Abu Ubaida) က ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ရက်ရွှေ့ဆိုင်းမယ်လို့ X (ယခင် တွစ်တာ) မှာ ၁၀ ရက်နေ့က ရေးသားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဟားမတ်စ်အဖွဲ့က ဓားစာခံများကို စီစဉ်ထားတဲ့အတိုင်း ပြန်လွှတ်ပေးနိုင်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးဘက်မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာပါက ဓားစာခံတွေကို စီစဉ်ထားတဲ့အတိုင်း ပြန်လွှတ်ပေးဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

အစ္စရေးတွေက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ပြန်ဝင်လာတဲ့ပါလက်စတိုင်းတွေကို ပြန်လည်ပို့ဆောင်ရေးမှာ နှောင့်နှေးအောင်ပြုလုပ်ခြင်း၊ ဂါဇာကမ်းမြှောင်ဒေသ အသီးသီးမှာ အရပ်သားတွေကို ပစ်ခတ်ခြင်း၊ သဘောတူညီချက်ပါ စည်းမျဥ်းတွေနဲ့အညီ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ရေးကို ငြင်းဆန်ခြင်းစတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်ခဲ့တယ်လို့ ဘိုင်ဒါက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်က အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် အကြီးစားစက်ယန္တရားတွေကို ဂါဇာထဲဝင်ခွင့်ပြုဖို့ အစ္စရေးဘက်က ငြင်းဆန်ခဲ့ပြီး ရွက်ဖျင်တဲတွေနဲ့ ယာယီအိမ်ရာ၊ လောင်စာဆီနဲ့ ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်းတွေ ပို့ဆောင်ရာမှာလည်း အစ္စရေးတို့က နှောင့်နှေးအောင် လုပ်ခဲ့တယ်လို့ သူက တိုင်ကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ရင်းနှီးတဲ့ သံတမန်သတင်းရင်းမြစ်တစ်ခုက ကုလသမဂ္ဂ၊ ကာတာစတဲ့ အခြားနိုင်ငံတွေက ယာယီခိုလှုံနေထိုင်ဖို့ ယာယီရွက်ဖျင်တဲတွေ ဂါဇာကမ်းမြောင်ကို ပို့ပို့ တောင်းဆိုထားပေမယ့် အစ္စရေးက ငြင်းဆိုထားတယ်လို့ CNN မှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကို ဟူသီသူပုန်များက ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်က ယီမင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 6 Views
မတ်လ (၁၆) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟူသီသူပုန်များအပေါ် “ ငရဲမိုးရွာလိမ့်မယ်” ဟု ယီမင်ကို သတိပေးပြီးနောက် အနည်းဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က ကနေဒါကို စည်းလုံးစေပြီး ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 9 Views
မတ်လ (၁၆) ရက်။ ထရန့်အပေါ် ခါးသီးသောခံစားချက်သည် ကနေဒါနိုင်ငံသားများကြားတွင် မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့ပြီး ထရန့်နှင့်သဘောထား အကိုက်ညီဆုံး ကနေဒါနိုင်ငံရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ
နိုင်ငံတကာသတင်း အာရှ

တီဟီရန်နှင့် နျူကလီးယား သဘောတူညီချက်အသစ်အတွက် ထရန့် တွန်းအားပေးနေချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ပေကျင်းမှာ တွေ့ဆုံဆွေးနွေးနေကြသည်။

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 10 Views
မတ်လ (၁၄) ရက်။ တရုတ်နိုင်ငံသည် တီဟီရန်၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများအတွက် အီရန်နှင့် ရုရှားနိုင်ငံတို့မှ သံတမန်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုအဖြစ် နိုင်ငံတကာက ရှုမြင်နေသည့် ပြဿနာတစ်ရပ်အတွက် ဘေဂျင်းသည် ပါဝါပွဲစားအဖြစ် ရပ်တည်ရန်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို ဝီလီယံအလ်ဆပ် (William Alsup) အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄) ရက်။ ကယ်လီဖိုးနီးယား တရားသူကြီးက ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို အမိန့်ထုတ် ကယ်လီဖိုးနီးယားပြည်နယ်မှ ဖက်ဒရယ်တရားသူကြီး ဝီလီယံအလ်ဆပ်သည် ဖက်ဒရယ်ဝန်ထမ်းအင်အားကို လျော့ချရန် ပြီးခဲ့သည့်လက သမ္မတ‌ဒေါ်နယ်ထရန့်၏ လုပ်ဆောင်မှုအောက်တွင် အလုပ်ထုတ်ခံရသော
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄) ရက်။ ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်ဟု ပူတင် ပြောသော်လည်း ထရန့်ကို ဖုန်းခေါ်ဖို့ လိုနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 12 Views
မတ်လ (၁၄) ရက်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အယူအဆက မှန်ကန်ပြီး ကျွန်တော် သေချာပေါက် ထောက်ခံမှာ ဖြစ်ပေမယ့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေ ရှိသေးကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။ သမ္မတ ဗလာဒီမာပူတင်က ရုရှားက အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ကနေဒါသည် အမေရိကန်ကို လက်တုံ့ပြန်၍ စည်းကြပ်ခွန် ဒေါ်လာ ၂၁ ဘီလီယံဖြင့် ဒဏ်ခတ်လိုက်ခြင်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 10 Views
မတ်လ (၁၃) ရက်။ ကနေဒါအစိုးရဟာ ဒေါ်လာဈေးတခုနှင့်တခု ချဉ်းကပ်မှုအတိုင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် မနက် ၁၂:၀၁ နာရီမှာအခွန်စည်းကြပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ သွင်းကုန် ဒေါ်လာ ၂၉.၈
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဒေါ်နယ်ထရန့်၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲရဲ့ ပထမဆုံး ပစ်ခတ်မှုကို စတင်ခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 12 Views
မတ်လ (၁၃) ရက်။ ထရန့်က ကနေဒါ၏ တင်ပို့ကုန်များဖြစ်သည့် စတီးလ်နှင့် အလူမီနီယံတို့အပေါ် စည်းကြပ်ခွန်များ ချမှတ်ခဲ့သည်ကို တုံ့ပြန်သည့်အနေနှင့် ကနေဒါနိုင်ငံသည် ဒေါ်လာ ၂၁ ဘီလီယံတန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းများအချို့အပေါ် လက်တုံ့ပြန် ကုန်သွယ်မှုခွန်အသစ်ကို ဗုဒ္ဓဟူးနေ့တွင်