နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ပံတန်းမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ရှင်းလင်းခံရ

ဖေဖော်ဝါရီလ (၁၁)ရက်။

ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ လက်ပံတန်းမြို့ ရွှေဘိုစုကျေးရွာနေ မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူး သိန်းဝင်းနဲ့ ဇနီးဖြစ်သူ စန်းစန်းကို သူတို့ရဲ့နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာပါ” လို့ ဆိုပါတယ်။

မကျီးကွင်းအုပ်စု အုပ်ချုပ်ရေးမှူး သိန်းဝင်းနဲ့ ဇနီး စန်းစန်းတို့ကို သူတို့ရဲ့နေအိမ်မှာ ကာကွယ်ရေးရဲဘော်တွေက သေနတ်နဲ့ (၁၀)ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦးဆီကနေ လက်ပစ်ဗုံး (၁)လုံးနဲ့ ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သူတို့ဟာ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေဆီကနေ ငွေကြေးတွေ အတင်းအကြပ် ကောက်ခံနေပြီး ငွေမပေးသူတွေကို စစ်ကောင်စီတွေကို သတင်းပေး ဖမ်းဆီးခိုင်းတာနဲ့ သူတို့ကို တိုင်ကြားတဲ့ ပြည်သူတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တာကြောင့် အရေးယူတာလို့ ပြောဆိုထားပါတယ်။

စစ်ဆင်ရေးကို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)က ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လူစုသူတွေ၊ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာ လုံးဝမလုပ်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 1 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ
မြန်မာသတင်း

မကြာမီ ပြည်သူတွေအားလုံး အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၈၀)နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အနေနဲ့ အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့
မြန်မာသတင်း

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 11 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ရက်တာထဲ ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နတ်ကြီးရွာရေဆိပ်ကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 14 Views
မတ်လ (၂၆)ရက်။ မနေ့က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်ဒေးတပ်စခန်းကို တော်လှန်ရေးတပ်တွေက မတ်လ (၂၂)ရက်နေ့က
မြန်မာသတင်း

ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီစသုံးလုံးအဖွဲ့ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 15 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ စသုံးလုံးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 22 Views
မတ်လ (၂၆)ရက်။ မနေ့က နေ့လယ် (၁)နာရီဝန်းကျင်က နွားထိုးကြီးမြို့ မာန်လည်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ နေ့လယ် (၁)နာရီလောက် မာန်လည်ရွာတောင်ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစက