နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားနိုင်ငံ၏ ခေါင်းဆောင်သစ်အတွက် ကြီးမားသောခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များ ကြားဖြတ်အစိုးရစစ်တပ်နဲ့ ပေါင်းစည်းကြမည်။

မတ်လ (၁၁) ရက်။

ယခုသဘောတူညီချက်သည် ပိုမိုစည်းလုံးညီညွတ်ပြီး ကိုယ်စားပြုမှုရှိသည့်နိုင်ငံကို ဦးဆောင်ရန် ကတိပြုထားသည့် ဆီးရီးယားကြားဖြတ်အစိုးရသမ္မတအာမက်အာရှာရာရာ (Ahmed al-Sharaa) အတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

အစ္စလာမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များနှင့် ပူးပေါင်းထားသည့် ကာ့ဒ်ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ ညွန့်ပေါင်းအဖွဲ့များသည် ယခင်က အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်မှုရှိခဲ့သည့် ယာယီအစိုးရတပ်ဖွဲ့များနှင့် ပေါင်းစည်းရန် သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစိုးရတပ်ဖွဲ့များနှင့် ရာထူးမှ ဖယ်ရှားခံရသော အာဆတ်အစိုးရကို သစ္စာခံသူများကြား ရက်အတန်ကြာ ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားပြီး အရပ်သားရာကျော် သေဆုံးခဲ့ရပြီးနောက် တနင်္လာနေ့တွင် အဆိုပါအဖွဲ့နှစ်ဖွဲ့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

SDF သည် အဆိုပါတိုက်ပွဲများတွင် အများစုပါဝင်ခြင်းမရှိသော်လည်း ၎င်းသည် ဆီးရီးယားခေါင်းဆောင်ဟောင်းနှင့် ဆီးရီးယားခေါင်းဆောင်အသစ်တို့ကို ကာလကြာရှည်စွာ ဆန့်ကျင်နေခဲ့သည်။ အပစ်အခတ်ရပ်စဲရေးအသစ်သည် ဆီးရီးယား၏ အကြီးဆုံး စစ်တိုက်နေသည့် အဖွဲ့နှစ်ဖွဲ့ကို ယခင်ကသဘောထားကွဲလွဲနေသည့် မဟာမိတ်များအကြား တပ်ဖွဲ့ဝင်များအားလုံး ပေါင်းစည်းနိုင်မှု ဖြစ်သည်။

ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်ရှာရာရာနှင့် SDF ခေါင်းဆောင် မာဇိုလမ် အက်ဒီ (Mazloum Abdi) တို့အကြား တနင်္လာနေ့က တွေ့ဆုံမှုအပြီးတွင် အဆိုပါ သဘောတူညီချက် ကို SDF မှ ထိန်းချုပ်ထားရာ ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကို လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ဆီးရီးယားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဘာသာရေးနဲ့ လူမျိုးရေးနောက်ခံတွေ မခွဲခြားဘဲ နိုင်ငံရေးဖြစ်စဉ်မှာ ကိုယ်စားပြုပါဝင်ခွင့်” ရရှိရေး အတွက် ဆီးရီးယားအစိုးရက အားလုံး၏ အခွင့်အရေးတွေအတွက် အာမခံချက်ကိုလည်း ဆီးရီးယားအစိုးရ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

SDF ၏ ခေါင်းဆောင် အက်ဒီ (Abdi) က တနင်္လာနေ့တွင် အဆိုပါ သဘောတူညီချက်အား “ဆီးရီးယားနိုင်ငံသစ်ကို တည်ဆောက်ရန် အမှန်တကယ် အခွင့်အရေး” ဟု ချီးကျူးခဲ့သည်။

“ဆီးရီးယားနိုင်ငံသားအားလုံးရဲ့ အခွင့်အရေးတွေကို အာမခံပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကျွန်ုပ်တို့ ကတိပြုထားပါတယ်” ဟု X ၏ ပို့စ်တွင် သူက ရေးသားခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် နိုင်ငံတွင်း များပြားလှသော လူမျိုးရေးနှင့် ဘာသာရေး အုပ်စုများ၏ ဆီးရီးယား ကိုယ်စားလှယ်များပါဝင်သည့် ပိုမိုစည်းလုံးညီညွတ်သည့် ဆီရီယားအစိုးရကို ဦးဆောင်ရန် ကတိပြုထားသည့် ရှာရာအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

ရှာရာ သည် ISIS နှင့် အယ်ကိုင်ဒါ တို့နှင့် ဆက်နွှယ်မှုရှိသော ဂျီဟတ်ဝါဒီ ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်း၏နောက်ကြောင်းကြောင့် နိုင်ငံတကာစင်မြင့်ပေါ်တွင် ကြောက်ရွံ့မှုများ တိုးလာနေခြင်းကို လျှော့ချရာတွင်လည်း ထိုအခြေအနေက ကူညီပေးနိုင်သည်။

မကြာသေးမီရက်ပိုင်းများအတွင်း အဆိုပါစိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ဆီးရီးယားနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားကာ ရာနှင့်ချီသော အရပ်သားအများစုမှာ အာဆတ်မိသားစုကိုယ်စားပြုသည့် အလာဝိတ်မျိုးစုအသိုက်အဝန်းမှ အရပ်သားများ သေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်သည် “မှန်ကန်သောခြေလှမ်းသစ်ဖြစ်ပြီး၊ ၎င်းသည် ဆီးရီးယား ပြည်သူများအား အာမခံချက်ပေးကာ စည်းလုံးညီညွတ်မှုကို ပြသသည်” ဟု အင်္ဂလန်နိုင်ငံ လန်ကက်စတာ (Lancaster) တက္ကသိုလ်မှ အရှေ့အလယ်ပိုင်းနှင့် မြောက် အာဖရိက လေ့လာရေးဆိုင်ရာ ကထိကရာဟတ်ဖ် အယ်ဒေါ့လီ (Rahaf Aldoughli) က ပြောကြားခဲ့သည်။

“ဒါတောင် စိန်ခေါ်မှုတွေ အများကြီးရှိသေးတယ်” ဟု အင်္ဂါနေ့က ဖုန်းအင်တာဗျူးတစ်ခုတွင် သူမက ပြောကြားခဲ့သည်။

ရှာရာရာသည် အာဆတ်သစ္စာခံများ၏ လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုတွင် လက်တုံ့ပြန်မှု လှိုင်းလုံးများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို စစ်ဆေးအ‌ရေးယူမည်ဟု ကတိပြုထားသည်။

ပြီးခဲ့သောနှစ်နှောင်းပိုင်းတွင် အာဆတ်အစိုးရကို အာဏာမှ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်မှုသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြည်တွင်းစစ်ကြောင့် ကျိုးကြေပျက်စီးနေသော နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို သေချာစေရန် ကြိုးပမ်းရာတွင် ရှာရာရာ ရင်ဆိုင်နေရသော ရှုပ်ထွေးသော စိန်ခေါ်မှုများစွာကို မီးမောင်း ထိုးပြခဲ့သည်။

အာဆတ်အစိုးရလက်ထက်တွင် အခြေခံအခွင့်အရေးများ ငြင်းပယ်ခံခဲ့ရသော ဆီးရီးယားမှ ကာ့ဒ်များသည် ရှာရာရာ၏ ဦးဆောင်မှုအောက်တွင် အနာဂတ်တွင် မည်သို့မည်ပုံ လုပ်ဆောင်မည်ကို စိုးရိမ်တကြီး စောင့်မျှော်နေသော လူနည်းစုအုပ်စုများထဲတွင် ပါဝင်ခဲ့သည်။

SDF နှင့် ဆီးရီးယားအစိုးရတို့ကြား သဘောတူညီချက်သည် တူရကီနှင့် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် ပြည်သူ့စစ်မဟာမိတ်အဖွဲ့၏ ပဋိပက္ခကို အရှိန်လျော့သွားစေနိုင်ကြောင်း SDF မှ အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း ဆီးရီးယားမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မကြုံစဖူးသော တိုက်ခိုက်မှုများ တိုးမြင့်လာသည်ဟု ဆိုသည်။

SDF နှင့် ဆီးရီးယားအစိုးရတို့ကြား သဘောတူညီချက်အပေါ် တူရကီက ချက်ခြင်း မှတ်ချက်မပေးပေ။ တူရကီသမ္မတ အာဒိုဂန်က ဆီးရီးယားနိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ သာယာဝပြောမှုနှင့် လူမှုရေးငြိမ်းချမ်းမှုကို အပြင်းထန်ဆုံးနည်းလမ်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည့် တိုက်ခိုက်မှုအမျိုးမျိုးကို ရှုတ်ချကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းတွင် အာရပ်နိုင်ငံများက သဘောတူညီချက်၏ သတင်းများကို ကြိုဆိုခဲ့ကြပြီး ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းသည် “ပြည်တွင်းငြိမ်းချမ်းရေးကို စုစည်းရန်၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် အင်စတီကျူးရှင်းများနှင့် ဥပဒေဆိုင်ရာ နိုင်ငံတော် တည်ဆောက်ရေးဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ရပ်” ဟု ခေါ်ဆိုခဲ့သည်။

NBC သတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက