နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မာကိုရိုဘီယို၏ မှတ်ချက်

+++++++++++++++++++++

မာကိုရိုဘီယို၏ မှတ်ချက်သည် မာမွတ်ခါလီလ် (Mahmoud Khalil) ၏ ယုံကြည်ချက်များကို ကိုးကားပြီး ၎င်းအား ပြည်နှင်ဒဏ်ပေးမှုကို တရားမျှတမှုရှိသည်ဟု အကြောင်းပြချက်ပေးခဲ့သည်။

ယမန်နှစ်က ဂါဇာစစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အမေရိကန်တွင် ဦးဆောင်ခဲ့သည့် ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ ကျောင်းသား ခါလီလ်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက မတ်လ ၈ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မာမွတ်ခါလီလ်သည် အမေရိကန်အတွက် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သက်သေအထောက်အထားများပေးရန် တရားသူကြီးကတောင်းဆိုထားသော နောက်ဆုံး ရက်ကို ရင်ဆိုင်ရချိန်တွင် ထရန့်အစိုးရက ၎င်းအား ပြည်နှင်ဒဏ်ပေးမှုသည် တရားမျှတမှုရှိသည်ဟု အကြောင်းပြရာတွင် ဆန္ဒပြ ကိုလံဘီယာကျောင်းသား၏ ယုံကြည်ချက်ကို ကိုးကား၍ တုံ့ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဂါဇာတွင် စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ဘွဲ့ရကျောင်းသား ခါလီလ်ကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက မတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အင်္ဂါနေ့တွင် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးက ဗုဒ္ဓဟူးနေ့တွင် သူ့ကို ပြည်နှင်ဒဏ်ပေးရန် သက်သေအချက်အလက် ပြရန် ဖက်ဒရယ်အစိုးရကို အမိန့်ပေးခဲ့သည်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းက ယင်းအတွက် တုံ့ပြန်ထားသော နိုင်ငံခြားရေးဝန်ကြီး မာကိုရိုမှတ်စုတိုတစ်ခုကို NBC သတင်းဌာနမှ ရရှိခဲ့သည်။ စာမျက်နှာတစ်မျက်နှာခွဲရှိ မှတ်စုတိုတစ်ခုတွင် ခါလီလ်အား အမေရိကန်မှ ဖယ်ရှားခြင်းအား အကြောင်းပြရန်အတွက် ၁၉၅၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေ၏ မထင်မရှား ပြဋ္ဌာန်းချက်ကို ကိုးကားဖော်ပြခဲ့သည်။

ခါလီလ် ၏ “အတိတ်၊ လက်ရှိ သို့မဟုတ် ထင်မှတ်ထားသော ယုံကြည်ချက်များ၊ ထုတ်ပြန်ချက်များ သို့မဟုတ် ပါဝင်ပတ်သက်မှုများသည် တရားဥပဒေဘောင်အတွင်း” မှ ဖြစ်သော်လည်း အဆိုပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတွင်း၌ နေထိုင်ခွင့် ရှိမရှိ ဆုံးဖြတ်ရန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးတည်းကိုသာ ခွင့်ပြုထားကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။

သူက ခါလီလ်ကို အမေရိကန်နိုင်ငံတွင် နေခွင့်ပြုခြင်းသည် “အမေရိကန်ပြည်ထောင်စုရှိ ဂျူးကျောင်းသားများအတွက် ရန်လိုသောပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိမ့်မည်” ဟုပြောကြားခဲ့သည်။

“အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒသည် အမေရိကန်၏ အကျိုးစီးပွားများနှင့် အမေရိကန် နိုင်ငံသားများအကျိုးစီးပွားကို အဓိကကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပြီး ဂျူးဆန့်ကျင်ရေး အပြုအမူနှင့် အမေရိကန် ပြည်ထောင်စုတွင် အနှောင့်အယှက် ဖြစ်စေသော ဆန္ဒပြမှုများကို ခွင့်လွှတ်ခြင်းသည် အဆိုပါ သိသာထင်ရှားသော နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်ကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်သည်” ဟု ၎င်းက ရေးသား ခဲ့သည်။

ခါလီလ်၏ရှေ့နေ ဘာဟာအက်ဇမိုင် (Baher Azmy) က “လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် နောက်ဆုံးတွင် ဤအမှုကို စွဲဆိုရန် မည်သည့်အချက်မျှ မရှိကြောင်း ဝန်ခံခဲ့သည်ဟု တုံ့ပြန်ပြောဆို လိုက်သည်။

“ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် တကယ်ကတော့ တရားဝင် အမြဲတမ်းနေထိုင်သူတွေ၊ ဒီနိုင်ငံကို တခြားကနေ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဂါဇာနဲ့ ပါလက်စတိုင်းကို အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ဒါမှမဟုတ် နိုင်ငံတွင်းဟောပြောချက်မှာ ဆွေးနွေးနေတဲ့ တခြားအရေးကြီးတဲ့ ကိစ္စရပ်တွေ အကြောင်းတွေကို တိုင်းပြည်က နှင်ထုတ်ခံရမှာကို မကြောက်မရွံ့ဘဲ ပြောနိုင်မလား အခြေခံဥပဒေရဲ့ ပထမပြင်ဆင်ချက် (First Amendment) က လုံးဝ ကာကွယ်ပေးတယ်ဆိုတဲ့ ယုံကြည်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်မလား” ဟု အက်ဇမိုင် (Azmy) က ကြာသပတေးနေ့တွင် ပြုလုပ်သော ဗာကျူရယ် အွန်လိုင်း (virtual) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “နောက်တခါဆိုရင် အမေရိကန် နိုင်ငံသားတွေပါ ဒီလိုဆက်ဆံခံရမလားပဲ။” ဟု သူက ပြောခဲ့သည်။

လက်ထောက် လူဝင်မှုကြီးကြပ်ရေး တရားသူကြီးချုပ် ဂျေမီကွန်မင်စ် (Jamee Comans) သည် ခါလီလ်အား အမေရိကန်မှပြည်နှင်ဒဏ်ပေးမည် သို့မဟုတ် လွှတ်ပေးသင့်သည်တို့ကို သောကြာနေ့ လူဝီစီယားနားတွင် ပြုလုပ်မည့် ကြားနာမှုတွင် ဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ သူမက ခါလီလ် ကို ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ချက်ချခဲ့ပါက ခါလီလ်၏ ရှေ့နေများအဖွဲ့က အယူခံဝင်နိုင်သည်။

ခါလီလ်၏နောက်ထပ်ရှေ့နေ မာ့ဗင်ဒါဟောက် (Marc Van Der Hout) က ရူဘီယို၏မှတ်ချက်သည် အမေရိကန်တွင် ခါလီလ် ရှိနေခြင်းသည် “ဖြစ်နိုင်ချေရှိသော ဆိုးရွားသော နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကျိုးဆက်များ ဖြစ်နိုင်သည်” ဟု အစိုးရက တင်ပြခဲ့သော တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်ကြောင်း အကျဉ်းချုံး ပြောကြားခဲ့သည်။

“ခင်ဗျားတို့အားလုံးမြင်တဲ့အတိုင်းပဲ စာမျက်နှာနှစ်မျက်နှာပါတဲ့ စာတမ်းကို အစိုးရက တင်သွင်းတယ်။ စာမျက်နှာ နှစ်မျက်နှာ ဒါပဲ” ဟု မာ့ဗင်ဒါဟောက်က ပြောသည်။ “ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မာမွတ် ခါလီလ် ဒီမှာရှိနေတာက နိုင်ငံခြားရေး ပေါ်လစီ အကျိုးစီးပွားတွေကိုထိခိုက်စေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူဘာတွေ ပြောနေတာလဲ? အမေရိကန်ပြည်ထောင်စုရဲ့ ပထမပြင်ဆင်ချက်ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ ဆန္ဒပြခွင့်တွေ ကျင့်သုံးခြင်းဟာ အမေရိကန်ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေအကြောင်း ပြောနေပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်၊ ကိုးကားချက်ကတော့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံးဝမသက်ဆိုင်ပါဘူး။”

ခါလီလ်ဖမ်းဆီးခံရပြီး ငါးပတ်မပြည့်မီတွင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးခဲ့သည်။ အထူးသဖြင့် မွတ်ဆလင်ကျောင်းသား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ဗီဇာများကို ရုတ်သိမ်းခဲ့သည်။

နိုင်ငံခြားရေးဌာနသည် ကျောင်းသားဗီဇာ ၃၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း ရူဘီယိုက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နေ့တိုင်းလုပ်တယ်” ဟု ၎င်းက ဆိုသည်။ “အဲဒီလို အစွန်းရောက်သူတစ်ယောက်ကို တွေ့တိုင်း သူတို့ရဲ့ ဗီဇာကို သိမ်းပစ်လိုက်တယ်”

ဗုဒ္ဓဟူးနေ့တွင်၊ အမိမြေလုံခြုံရေးဌာနက နိုင်ငံခြားကျောင်းသားများအပါအဝင် ရွှေ့ပြောင်း အခြေချသူများ၏ ဆိုရှယ်မီဒီယာလှုပ်ရှားမှုတွင် ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုကို စောင့်ကြည့်ရန် တာဝန်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ စစ်ဆင်ရေးနှင့် ရင်းနှီးသော သတင်းရင်းမြစ်သုံးခုမှ NBC News သို့ ပြောကြားရာတွင် ထိုအဖွဲ့သည် အမေရိကန်တွင် ပညာသင်ကြားနေသော နိုင်ငံခြား ကျောင်းသား ၁.၅ သန်းခန့်ကို ၎င်းတို့၏ ဗီဇာများ ရုပ်သိမ်းရန် ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးစနစ်၏ မကြုံစဖူးသော လုပ်ဆောင်ချက်များသည် ဖက်ဒရယ်အစိုးရ၏ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု တိုက်ဖျက်ရေးအမည်ဖြင့် တက္ကသိုလ်များကို ပိုမိုကျယ်ပြန့်စွာ ဖြိုခွင်းလိုက်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင်၊ တရားရေးဌာနသည် ကျောင်းများနှင့် ကောလိပ်ကျောင်းများတွင် “ဂျူးဆန့်ကျင်ရေးနှောင့်ယှက်မှု” ဟု ခေါ်သည့်လှုပ်ရှားမှုကို “အမြစ်ပြတ်” ရန် အလုပ်အဖွဲ့တစ်ခု ကို စတင်ခဲ့သည်။

ကိုလံဘီယာ၊ ဟားဗတ်နှင့် ပရင်စတန်အပါအဝင် မကြာသေးမီရက်သတ္တပတ်များအတွင်းက တက္ကသိုလ်အများအပြားသို့ ဖက်ဒရယ်ရန်ပုံငွေ ဒေါ်လာသန်းရာပေါင်းများစွာကို အစိုးရက ရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မကျေနပ်မှုများကြောင့် အစိုးရက ရန်ပုံငွေများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ မာမွတ် ခါလီလ် (Mahmoud Khalil) ကို ထောက်ခံသည့် ဆန္ဒပြသူများသည် မတ် ၁၀ ရက်က နယူးယောက်မြို့၌ စုဝေးခဲ့ကြသည်။Yuki Iwamura / AP (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက