နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုရေးရာဝန်ကြီး ရောဘတ်ကနေဒီ ဂျူနီယာသည် CDC ကာကွယ်ဆေးအကြံပေးကော်မတီ၏ လက်ရှိအဖွဲ့ဝင်အားလုံးကို ဖယ်ရှားလိုက်သည်။

ဇွန်လ ၁၁ ရက်၊ ၂၀၂၅

အမေရိကန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုရေးရာဝန်ကြီး ရောဘတ်ကနေဒီ ဂျူနီယာ (Robert F. Kennedy Jr.) သည် ဖက်ဒရယ်အစိုးရ၏ ကာကွယ်ဆေး အကြံပြုချက်များကို သမိုင်းကြောင်းအရ လမ်းညွှန်ပေးခဲ့သည့် ကျွမ်းကျင်သူအဖွဲ့မှ ကာကွယ်ဆေး အကြံပေးအဖွဲ့ဝင်အားလုံးကို တနင်္လာနေ့တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ၎င်းတို့တွင် “ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ရှိနေတယ်” ဟု ပြောကြားခဲ့သည်။

ကာကွယ်ဆေးအချိန်ဇယားနှင့် လိုအပ်သော ကာကွယ်ဆေးထိုးနှံမှုများကို အကြံပေးသည့် အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟို (US Centers for Disease Control and Prevention) မှ အကြံပေးသည့် အဖွဲ့ဝင် ၁၇ ဦးပါ ကာကွယ်ဆေးအလေ့အကျင့်များဆိုင်ရာ အကြံပေးကော်မတီတစ်ခုလုံးအား အနားပေးပြီး အဖွဲ့ဝင်အသစ်များဖြင့် အစားထိုးမည် ဖြစ်ကြောင်း ကနေဒီ က Wall Street Journal op-ed တွင် ကြေညာခဲ့သည်။ HHS ဝန်ကြီးတွင် ပုံမှန်အားဖြင့် လေးနှစ်ပတ်လုံး တာဝန်ထမ်းဆောင်နေသော ACIP အဖွဲ့ဝင်များကို ခန့်အပ်ရန်နှင့် ထုတ်ပယ်ရန် အခွင့်အာဏာ ရှိသည်။ သို့သော် အဖွဲ့ဝင်တစ်ခုလုံးကို အချိန်မတိုင်မီ ဖယ်ရှားခြင်းသည် မကြုံစဖူးဖြစ်သည်။

ဘုတ်အဖွဲ့၏အဖွဲ့ဝင်အများအပြားတွင် အစဉ်အလာအားဖြင့် ကလေးအထူးကုဆရာဝန်များ၊ ကူးစက်ရောဂါဗေဒပညာရှင်များ၊ ခုခံအားကျသူများကို လေ့လာသူနှင့် အခြားသမားတော်များ ပါဝင်သည်။ ဘိုင်ဒင် အစိုးရလက်ထက်တွင် နောက်ဆုံးမိနစ်တွင် ခန့်အပ်လိုက်သူများဖြစ်ကြောင်း ကနေဒီ မှပြောကြားခဲ့သည်။ “ လက်ရှိအဖွဲ့ဝင်များကို ဖယ်ရှားခြင်း မရှိပါက၊ လက်ရှိ ထရန့်အစိုးရသည် ၂၀၂၈ ခုနှစ်အထိ အဖွဲ့ဝင်အသစ်အများစုကို ခန့်အပ်နိုင်လိမ့်မည်မဟုတ်” ဟု ရေးသားခဲ့သည်။

ACIP အဖွဲ့ဝင်များသည် နိုင်ငံရေးအရ ခန့်အပ်သူများမဟုတ်ပါ။ သို့သော်လည်း ဖက်ဒရယ် ကာကွယ်ဆေးမူဝါဒနှင့် ကာကွယ်ဆေးဘေးကင်းရေးတို့ကို နှစ်ရှည်လများဝေဖန်သူ ကနေဒီက လက်ရှိအုပ်စုသည် ကိုယ်ကျိုးစီးပွား ပဋိပက္ခများ လွှမ်းမိုးမှုများရှိနေသည်ဟု ဝေဖန်ပြောဆိုခဲ့သည်။ ACIP သည် ၎င်း၏အဖွဲ့ဝင်များအတွက် ၂၀၀၀ မှ ၂၀၂၄ ခုနှစ်အတွင်း ပဋိပက္ခများနှင့် ထုတ်ဖော်မှုများဆိုင်ရာ အသေးစိတ်အချက်အလက်များကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ကနေဒီ ကလည်း ACIP သည် ၎င်း၏ ကာကွယ်ဆေး အကြံပြုချက်များတွင် ပွင့်လင်း မြင်သာမှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ကော်မတီသည် မကြာသေးမီက ကလေးများ အတွက် Covid-19 ကာကွယ်ဆေးထိုးရန် အကြံပြုကန့်သတ်ချက်များကို နည်းပါးစေရန် စဉ်းစားခဲ့သည်။ ACIP ၏အကြံပြုမှုမပါဘဲ ကာကွယ်ဆေးအချိန်ဇယားကို အပ်ဒိတ် လုပ်ထားကြောင်း ကနေဒီက ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။

ကနေဒီ၏ ကြေညာချက် (op-ed) ထုတ်ဝေပြီးသည့်တိုင်အောင် ၎င်းတို့သည် အလုပ်ရပ်စဲမှု သတိပေးချက်ကို မရရှိခဲ့ဟု အလုပ်ရပ်နားခံလိုက်ရသည့် ACIP အဖွဲ့ဝင်တစ်ဦးမှ CNN သို့ ပြောကြားခဲ့သည်။

“လူထုကျန်းမာရေးကို ထိခိုက်စေတဲ့ အရာမျိုး ကျွန်တော် တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး” ဟု ထိုအကြံပေးက ဆိုသည်။ “ ကျွန်တော် အံ့သြသွားတယ်။ တော်တော်မျက်နှာပြောင်တိုက်နိုင်တယ်။ ဒါက အမေရိကမှာ ကာကွယ်ဆေးထိုးတာကို အခြေခံအားဖြင့် မတည်မငြိမ် ဖြစ်စေလိမ့်မယ်။”

ACIP သည် “ကျွန်တော်သိတဲ့ ဘယ်အဖွဲ့အစည်းတွေထက်မဆို ကိုယ်ကျိုးစီးပွားရှာမှုကို အပြင်းထန်ဆုံးကာကွယ်ထားတဲ့ မူဝါဒ ရှိပါတယ်” ဟု အကြံပေးသူက ပြောသည်။ “ကနေဒီက ပိုသိဖို့ လိုပါတယ်” ဟု အကြံပေးက ဆိုသည်။

ကနေဒီသည် လူဝီစီယားနားမှ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ဘီးလ်ကက်ဆစ်ဒီ (Bill Cassidy) နှင့်ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့်ပင်စင်များကော်မတီဥက္ကဌ၊ ကာကွယ်ဆေးအကြံပေးဘုတ်များတွင် အဓိကအခန်းကဏ္ဍများကို ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ အထက်လွှတ်တော်အမတ်နှင့် တိုင်ပင်မည်ဖြစ်ပြီး၊ အပြောင်းအလဲမရှိဘဲ ACIP ကို သူကဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလမိန့်ခွန်းတွင် ကနေဒီကပြောကြားခဲ့သည်။ ဘီးလ်ကက်ဆစ်ဒီသည်ကနေဒီကို ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှု ရေးရာဝန်ကြီး ရာထူးခန့်ထားရန်ကြားနာမှုတွင် ထောက်ခံမဲပေးခဲ့သည့် လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။

“ ဟုတ်ပါတယ်၊ အခုစိုးရိမ်နေကြတာက ACIP ဟာ ကာကွယ်ဆေးအကြောင်း ဘာမှမသိတဲ့ လူတွေကိုခန့်မှာကိုပါ” ဟု ကက်ဆစ်ဒီက တနင်္လာနေ့တွင် X ပို့စ်တွင် ပြောကြားခဲ့သည်။ “ ကျွန်တော်က ဝန်ကြီးကနေဒီနဲ့ စကားပြောပြီးပြီ။ ဒီလိုကိစ္စတွေ ဖြစ်မလာကြောင်း သေချာအောင် ကျွန်တော် သူနဲ့ ဆက်ပြောနေမယ်။”

CNN မှ မန်နူ ရာဂျုး (Manu Raju) သည် ကနေဒီ၏ အမည်စာရင်းတင်သွင်းမှုအတွက် ၎င်း၏ယခင်ထောက်ခံမှုနှင့်ပတ်သက်၍ ယခုမည်သို့ ခံစားရကြောင်း ကက်ဆစ်ဒီကို မေးမြန်းခဲ့ရာတွင် အထက်လွှတ်တော်အမတ်၏ဝန်ထမ်းတစ်ဦးမှ အနှောင့်အယှက်ပေးခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ကို ကိုးကားခဲ့သည်။

ကနေဒီကို ထောက်ခံမဲပေးတာ နောင်တရသလားဆိုတာကို ထပ်ခါထတ်ခါ ဖိအားပေး မေးသည့်အခါ ကက်ဆစ်ဒီက “ မှတ်ချက်မပေးဘူး” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ကနေဒီ၏ လုပ်ဆောင်ချက်သည် “အလေးထားပြီး မေးခွန်းထုတ်စရာတွေ ရှိလာတယ်” ဟု မိန်းပြည်နယ်မှ ရီပတ်ဘလီကန်အမတ် ဆူဆန်ကောလင်း (Susan Collins) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “လူတိုင်း နုတ်ထွက်ပေးဖို့ တောင်းဆိုတာက အရမ်းများနေတယ်လို့ ကျမ မြင်ရတယ်။”

CDC ကော်မတီသည် Covid-19၊ RSV၊ တုတ်ကွေး (influenza)၊ HPV နှင့် ဦးနှောက်နှင့် ကျောရိုးတွင် ဖြစ်သည့် meningococcal ကူးစက်ရောဂါအတွက် ကာကွယ်ဆေးထိုးရန် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ တွေ့ဆုံရန် စီစဉ်ထားသည်။ HHS က အေဂျင်စီအား ၎င်း၏အကြံပေးအဖွဲ့အား ဖြည့်စွက်ရန် အကြမ်းဖျင်း နှစ်ပတ်ခန့် အချိန်ပေး၍ အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ လူတွေကို ဒီလိုအမြန်ခန့်အပ်ခြင်းက သူတို့ဟာ မှန်ကန်တဲ့စစ်ဆေးမှု မခံရဘူးလို့ ဆိုလိုပြီး အကျိုးစီးပွား ပဋိပက္ခပြဿနာတွေကို စစ်ဆေးဖို့ အချိန်မရှိဘူး” ဟု ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကို ဥပဒေဌာနမှ ဥပဒေပါမောက္ခ ဒိုရစ် ရီ့စ် (Dorit Reiss) က CNN သို့ ပြောကြားခဲ့သည်။ “ ဒါက ကာကွယ် ဆေးတွေ အပေါ် ယုံကြည်မှုကို ပြန်လည်ရရှိစေမှာ မဟုတ်ပါဘူး၊ ဒီလိုလုပ်ဖို့ ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး” ဟု ဆိုသည်။

အခြားကျန်းမာရေးခေါင်းဆောင်များနှင့် အင်စတီကျူးရှင်းအဖွဲ့အစည်းများသည် CDC ၏ အကြံပေးကော်မတီကို လျင်မြန်စွာ ကာကွယ်ပြီး ပြောဆိုခဲ့ကြသည်။

Robert Wood Johnson Foundation ၏ ဥက္ကဌနှင့် CEO ဖြစ်ပြီး ယခင် CDC ၏ ဒါရိုက်တာဖြစ်သူ ဖြစ်သူ ဒေါက်တာ ရစ်ချက် ဘက်ဆာ (Richard Besser) က ကော်မတီသည် အမေရိကန် ကျန်းမာရေးအေဂျင်စီများကို နှစ်ပေါင်း ၆၀ ကျော် လမ်းညွှန်ခဲ့ပြီး ကလေးအထူးကုဆရာဝန်အဖြစ် ၎င်း၏လုပ်သက် နှစ် ၃၀ တာကာလအတွင်း ၎င်းအဖွဲ့၏အကြံဉာဏ်များကို အားကိုးခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ ဒီဆုံးဖြတ်ချက်က ကလေးအထူးကုဆရာဝန်တွေနဲ့ သူတို့ရဲ့လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ တခြားပံ့ပိုးပေးသူတွေကို ပိုခက်ခဲစေပါလိမ့်မယ်။ ACIP က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးတွေကို ပေးနေတဲ့ ကာကွယ်ဆေးတွေကို စိစစ်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ အယူအဆဟာ လုံးဝကို အဓိပ္ပါယ်မဲ့ပါတယ်” ဟု ဘက်ဆာ (Besser) က ပြောကြားခဲ့သည်။

“ ကာကွယ်ဆေးတွေရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုအပေါ် မလိုလားအပ်တဲ့ သံသယတွေ ပေါ်ပေါက်လာစေဖို့ ဝန်ကြီးကနေဒီထက် ဘယ်သူကမှ ပိုပြီး မလုပ်ဆောင်ခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်နိုင်ငံသားတိုင်းရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို ဂရုမစိုက်ကြောင်း ပြသနေတာ ဖြစ်တယ်” လို့ ဝေဖန်ခဲ့ပါတယ်။

ကနေဒီ၏ဆုံးဖြတ်ချက်သည် ယုံကြည်မှုကို ပျက်ပြားစေပြီး မရေမတွက်နိုင်သည့် အသက်များကို ကယ်တင်ခဲ့သည့် ပွင့်လင်းမြင်သာမှုဖြစ်စဉ်ကို ဖျက်စီးလိုက်ခြင်းဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသောဝက်သက်ရောဂါ ( measles) ကူးစက်ပြန့်ပွားနေမှုနှင့် ပုံမှန်ကလေး ကာကွယ်ဆေးများ ထိုးနှံခြင်းနှုန်းများကျဆင်းနေခြင်းတို့အပြင် ထိုလုပ်ဆောင်မှုသည် ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကာကွယ်တားဆီးနိုင်သည့် ရောဂါများ ပြန့်ပွားလာစေရန် တွန်းအားပေးမည့် အခြေအနေသို့ ဖြစ်စေနိုင်သည်ဟု အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘရုစ် အေ စကော့ (Bruce A. Scott) ၏ ကြေညာချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ကလေးဆေးဘက်ဆိုင်ရာအကယ်ဒမီ (American Academy of Pediatrics) ၏ ဥက္ကဌ ဒေါက်တာ ဆူဆန် ကရပ်စလီ (Susan Kressly) က မကြာသေးမီရက်များအတွင်း ထရန့်အစိုးရက ယခင်က လုပ်ဆောင်မှုများကို အငြင်းပွားစေသည့် အလုပ်ထုတ်ပယ်မှုများနှင့် ကြေညာချက်များသည် ကြိုတင်ကာကွယ်ဆေးများနှင့်ပတ်သက်၍ ဆန့်ကျင်ပြောကြားချက်များသည် မိသားစုများအတွက် ဇဝေဇဝါ ဖြစ်စေပြီး မည်သည်ကို လိုက်နာရမည်မသိခြင်းကို ဖြစ်စေသည်ဟု ဆိုသည်။

“ ဤလုပ်ဆောင်မှုသည် ကျွန်ုပ်တို့၏ လူနာများနှင့် ဆယ်စုနှစ်များအတွင်း တည်ဆောက်ထားသောကလေးအထူးကုဆရာဝန်များ၏အကြား ယုံကြည်မှုကို ပျက်ပြားစေပြီး ကျွန်ုပ်တို့ မှီခိုအားထားရသောအရေးကြီးသော သိပ္ပံနည်းကျ ကျွမ်းကျင်မှုမရှိဘဲ ကျွန်ုပ်တို့ကို ထားခဲ့သည်” ဟု ကရပ်စလီ (Kressly) မှပြောကြားခဲ့သည်။

အမေရိကန်ကူးစက်ရောဂါများအသင်း၏ဥက္ကဋ္ဌ ဒေါက်တာတီနာတန် (Dr. Tina Tan)က ကော်မတီဝင်များသည် အရည်အချင်းပြည့်မီပြီး ACIP ၏သမာဓိနှင့်ပတ်သက်၍ ကနေဒီ၏စွပ်စွဲချက်များသည် “လုံးဝအခြေအမြစ် မရှိဘဲ၊ အသက်အရွယ်မရွေး အမေရိကန်လူမျိုးများအပေါ် သိသိသာသာ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်” ဟု ပြောကြားခဲ့သည်။

“ ကျွမ်းကျင်သူအဖွဲ့တစ်ခုလုံးကို တစ်ဖက်သတ်ဖယ်ရှားခြင်းသည် မဆင်မခြင်၊ အမြင်ကျဉ်းမြောင်းပြီး ပြင်းထန်စွာ အန္တရာယ်ဖြစ်စေပါသည်” ဟုဆိုခဲ့သည်။

မကြာသေးမီက ထုတ်ပယ်ခံရသော CDC အကြံပေးပုဂ္ဂိုလ်က ပံ့ပိုးပေးသူများသည် အေဂျင်စီကာကွယ်ဆေးထိုးခြင်းအချိန်ဇယားကို အားကိုး၍ရတော့မည် မဟုတ်ကြောင်းနှင့် ၎င်းတို့ယုံကြည်နိုင်သည့် ACIP အတွက် အပြိုင်ကော်မတီတစ်ခုကို ဖန်တီးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရောဂါကာကွယ်ဆေးစိတ်ချယုံကြည်နိုင်မှုပရောဂျက် (Vaccine Integrity Project) ၏ ကြိုးပမ်းမှုတစ်ခုဖြစ်သည့် အမေရိကန်၏ ကျန်းမာရေး ခေါင်းဆောင်(ဝန်ကြီး) က ကောင်းစွာ လေ့လာထားသော ကာကွယ်ဆေးများ၏ ဘေးကင်းရေးအပေါ် အခြေအမြစ် မရှိသော သံသယစိတ်များ ရှိနေခြင်းကြောင့် ယခုနှစ် အစောပိုင်းတွင် ပြဿနာစတင်ခဲ့သည်။ ပရောဂျက်၏ ထည့်သွင်းစဉ်းစားချက်များထဲတွင် ကာကွယ်ဆေးဘေးကင်းမှုနှင့် ထိရောက်မှုကို အကဲဖြတ်ရန် သီးခြားလွတ်လပ်သော အဖွဲ့သစ်တစ်ခု မရှိမဖြစ်လိုအပ်သည်၊

“ ACIP အလုပ်ထုတ်ပယ်မှုသည် ခေတ်သစ်ပြည်သူ့ကျန်းမာရေးအတွက် အမှောင်ဆုံး နေ့ရက်များကို ကိုယ်စားပြုသည်” ဟု ရောဂါကာကွယ်ဆေးစိတ်ချယုံကြည်နိုင်မှု (Vaccine Integrity Project) ပရိုဂျက် တည်ထောင်သူ ဒေါက်တာ မိုက် အော့စတာဟုမ်း (Mike Osterholm) က ပြောကြားခဲ့သည်။ “ကနေဒီဟာ သိပ္ပံပညာနဲ့ အသက်တွေကို ကယ်တင်ဖို့ စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အချိန်ကို ဝင်ရောက်နေပါပြီ” ဟု ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော