နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တာဝန်ကနေ အနားယူ

ဇွန်လ (၁၁)ရက်။

NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ဟာ တာဝန်ကနေ အနားယူသွားခဲ့တယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို မနေ့ကစပြီး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနာယူခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

ဦးကျော်ဇော်ဟာ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကနေ အနားယူသွားပေမယ့် သမ္မတရုံးရဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံတာနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

အခုလို ဦးကျော်ဇော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကနေ အနားယူသွားတဲ့အတွက် အဲ့ဒီနေရာမှာ ဘယ်သူ့ကို အစားထိုးတာဝန်ပေးမယ်ဆိုတာကိုတော့ ထပ်မံထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဦးကျော်ဇော်ဟာ ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ နုတ်ထွက်ဖို့ တင်ပြခဲ့တာဟာ (၄)လအထိကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အခုအချိန်မှသာ ခွင့်ပြုခဲ့တာဖြစ်ပြီး သမ္မတအကြံပေးအနေနဲ့ ဆက်ရှိနေမယ်လို့ သူနဲ့နီးစပ်သူတွေထံက သိရပါတယ်။

“အခု သူက သူ့စရိတ်နဲ့သူပဲ သမ္မတကြီးရဲ့ အကြံပေးအနေနဲ့ ဆက်ရှိနေမယ်လို့ပြောတယ်။ တကယ်တော့ သူက ထွက်ဖို့တင်ပြတာ (၄)လလောက်ရှိပြီ။ သူ့အစား တာဝန်ယူမယ့်သူကို ရှာဖွေဖို့ခက်တာနဲ့ တော်လှန်ရေးကိစ္စတွေကြောင့် အခုမှဆောင်ရွက်နိုင်တာ။ ဒါပေမယ့် သမ္မတကြီးအတွက် တခြားအရေးကြီးတာဝန်တွေကို ဆက်ထမ်းဆောင်မယ်လို့လဲပြောတယ်”လို့ ဦးခင်မောင်စိုးက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

နောက်ပြီး ဦးကျော်ဇော်ဟာ ပြည်တွင်းကို လတ်တလော ပြန်ဝင်လာနိုင်တာ မရှိသေးတဲ့အတွက်ကြောင့်လဲ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတာဝန်ကနေ အနားယူတာလို့ သိရပါတယ်။

ဒါ့အပြင် ‌(၄)နှစ်တာကာလထဲ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတာဝန်ကို အပ်နှင်းခဲ့တဲ့ ယာယီသမ္မတ ဒူးဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ သမ္မတရုံးအတွင်းဝန်တို့ကို ကျေးဇူးတင်ရှိကာ တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ရတယ်လို့လဲ ဦးကျော်ဇော်က ပြောဆိုထားပါတယ်။

NUG နဲ့ နွေဦးတော်လှန်ရေးအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး တာဝန်ယူသွားမယ့် အခန်းကဏ္ဍအသစ်မှာ ယာယီသမ္မတရဲ့ မျှော်မှန်းချက်တွေကို မြှင့်တင်ပေးကာ သမ္မတရုံးရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးအနေနဲ့ ဆက်လက်ပါဝင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို