နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တိုက်ခိုက်ရမယ်၊ ငြင်းဆိုရမယ်၊ ရှုံးနိမ့်မှုကို ဘယ်တော့မှ လက်မခံရဘူး”

ထရန့်ရဲ့ဇာတ်ကောင်စရိုက်ကိုသိတဲ့ ဇာတ်ညွှန်းရေးဆရာက အနာဂတ်အတွက် ဟောကိန်းထုတ်လိုက်တယ်-

“အရင်တစ်ကြိမ်နဲ့ မတူဘဲ၊ သူက အရာအားလုံးကို အကောင်အထည်ဖော်လိမ့်မယ်။ နောက်လေးနှစ်မှာ ပရမ်းပတာတွေ ဖြစ်လာလိမ့်မယ်။”

ရုပ်ရှင်မင်းသား စဘတ်စ်တီရင်စတိန်း (Sebastian Stan) က ဒေါ်နယ်ထရန့်ရဲ့လူငယ်ဘဝကို သရုပ်ဆောင်ထားပါတယ်။

“အခုကနေ နောက်လေးနှစ်ဟာ မယုံနိုင်လောက်အောင်ကို ဖရိုဖရဲ ဖြစ်တော့မှာပါ။ သူက ပရမ်းပတာလောကထဲမှာ ရှိနေပါတယ်။ သူ့ဘဝဟာ တစ်စုံတစ်ယောက်ကို ကိုက်မယ် ပြီးရင် နောက်တစ်ယောက်ကို ကိုက်မယ်။ အဲ့ဒါကို ထပ်ခါတလဲလဲ လုပ်နေတာ။ သူဟာ တည်ငြိမ်တဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့ မလုပ်ပါဘူး။ လက်ရှိ ပြဿနာ ဖြစ်နေတဲ့ စကားလုံးတွေ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ အမှန်တကယ် ကြံရွယ်ထားတယ်ဆိုတာ အလေးအနက်ထားပြီး အာရုံစိုက်ကြဖို့ တိုက်တွန်းပါတယ်။”

“သူ” ဆိုတာ ဒေါ်နယ်ထရန့်ကို ရည်ညွှန်းပါတယ်။ ဒီစကားလုံးတွေကို ပြောခဲ့တဲ့သူက ဇန်နဝါရီ ၁၇ ရက်နေ့က ဂျပန်နိုင်ငံမှာ ရုံတင်ပြသခဲ့တဲ့ “The Apprentice (အလုပ်သင်): The Making of Donald Trump” ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာ ဂါဘရီရယ် ရှာမန် (Gabriel Sherman) ဖြစ်ပါတယ်။

ရှာမန်က ၂၀၁၇ ခုနှစ် ထရန့် ပထမအစိုးရလက်ထက်ကထက် အခုအကြိမ်က ပိုပြီးတော့ မတည်ငြိမ်မှုတွေ ကြီးလာလိမ့်မယ်လို့ ဆက်လက်ပြောပါတယ်။

“ပြီးခဲ့တဲ့အခေါက်က ထရန့်ဟာ သူ့ရဲ့ဆိုးဝါးတဲ့ အတွေးအခေါ်တွေကို ဖိနှိပ်ဖို့ ကြိုးစားခဲ့တဲ့သူတွေ သူ့ပတ်ဝန်းကျင်မှာ ရှိခဲ့ပါတယ်။ ထရန့်ကိုယ်တိုင်ကလည်း အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်ကို မသိသေးတာလဲ ပါပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ သူပြောသလို လုပ်တဲ့လူတွေနဲ့ ဝိုင်းရံထားတယ်။ သမ္မတ အတွေ့အကြုံလည်း ရှိထားတဲ့ အခုအစိုးရရဲ့ အစွန်းရောက်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာပါ။” လို့ သူက ပြောပါတယ်။

ရှာမန်ဟာ နိုင်ငံရေးဂျာနယ်လစ်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ထရန့်နဲ့ လူကိုယ်တိုင် အကြိမ်ကြိမ် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီလိုအတွေ့အကြုံရှိတဲ့ ရှာမန်က ထရန့်ရဲ့ ငယ်ဘဝကို ရှာမန်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားခဲ့ပြီး ထရန့်ရဲ့ သမတသက်တမ်း လေးနှစ်အတွက် စိုးရိမ်ပူပန်မှုတွေကို ကြိုတင်ပြောဆိုထားခဲ့ပါတယ်။။

Apprentice လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကို ၂၀၂၄ ခုနှစ်မှာ Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး အောက်တိုဘာလမှာ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ ပြသခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရမရ မသိရသေးခင်ပေါ့။ “မဲဆွယ်ကာလအတွင်း ထရန့် က စွဲချက်အမျိုးမျိုးနဲ့ စွဲချက်တင်ခံရပြီး သူ့ရဲ့ သမ္မတရာထူးကို ထပ်မံအနိုင်ရဖို့ အခွင့်အလမ်းတွေကို ခြိမ်းခြောက်နေတယ်လို့ ခံစားခဲ့ရပါတယ်” လို့ ရှာမန်က ပြောကြားခဲ့ပါတယ်။

ထရန့်သမ္မတအဖြစ် ပြန်လည်အရွေးခံရပြီးနောက် ဒီရုပ်ရှင်ကို ဂျပန်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ်။ ရှာမန်က “ဒီရုပ်ရှင်ကို ကြည့်ပြီး လူတွေရဲ့ ထရန့်အပေါ် ထင်မြင်ပုံက ပြောင်းလဲစေမှာပါ” လို့ ဆက်ပြောပါတယ်။

“ရုပ်ရှင်ဆိုတာ “ရှင်သန်နေတဲ့ အနုပညာ” ဆိုတော့ သူတို့ကြည့်တဲ့ အခြေအနေပေါ် မူတည်ပြီး ရှုမြင်တဲ့ပုံစံက ပြောင်းလဲသွားလိမ့်မယ်။ အဲဒါက ရုပ်ရှင်တွေရဲ့ ဆွဲဆောင်မှုပါပဲ။ ဂျပန်လူမျိုးတွေက ဒီရုပ်ရှင်ရဲ့ ဇာတ်ဆောင်ကို ‘လက်ရှိအမေရိကန်သမ္မတ’ ဆိုတဲ့ပုံစံနဲ့ နားလည်သွားပါလိမ့်မယ်။ ထရန့်အကြောင်း သတင်းတွေကနေ ဖော်ပြတဲ့ အချက်အလက်တွေနဲ့မတူဘဲ ရုပ်ရှင်ထဲက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုနဲ့ စိတ်ဝိညာဉ်တွေကို ဖော်ပြပေးနိုင်တဲ့အတွက် ထရန့်နဲ့ တွေ့ဆုံခွင့် မရှိတဲ့သူတွေတောင် သူ့ရဲ့ တကယ့်မျက်နှာအစစ်ကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“တိုက်ခိုက်ရမယ်၊ ငြင်းဆိုရမယ်၊ ရှုံးနိမ့်မှုကို ဘယ်တော့မှ လက်မခံရဘူး” ဆိုတဲ့ သွန်သင်ချက်

၂၀၁၇ ခုနှစ်က ထရန့်က သမတအဖြစ် တာဝန်ယူပြီးနောက် ရှာမန်က The Apprentice ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို စတင်ရေးသားခဲ့ပါတယ်။

“ဇာတ်ညွှန်းကို ၂၀၁၇ နဲ့ ၂၀၁၈ ကြားမှာ ကျွန်တော် အပြီးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ update (နောက်ဆုံးအခြေအနေနဲ့ ကိုက်ညှိတာတွေ) လုပ်နေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲမှာ ရှုံးသွားပေမယ့် အကြောင်းအရာကတော့ အခြေခံအားဖြင့် မပြောင်းလဲသေးပါဘူး။ ဒါပေမယ့် အရှုံးကတော့ ရုပ်ရှင်ရဲ့ မက်ဆေ့ချ်က ပိုပြီးသက်သေပြလို့ရသွားခဲ့တယ်” လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ထရန့်ရှုံးနိမ့်ပြီးနောက် ထရန့်ဟာ သူရဲ့ရှေ့နေ Roy Cohn “တိုက်ခိုက်၊ ငြင်းဆိုနဲ့ အရှုံးကို ဘယ်တော့မှဝန်မခံ” ဆိုတဲ့ အကြံပေးချက်ကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။။

သူရှုံးပြီးနောက် ဒီရုပ်ရှင်အတွက် ထုတ်လုပ်ရေးရန်ပုံငွေ ကျွန်တော် ရှာနိုင်ခဲ့ပါတယ်။ တကယ်လို့ ထရန့်သာ အနိုင်ရခဲ့ရင် ရုပ်ရှင်ရိုက်ဖို့ ဖြစ်လာမှာ မဟုတ်ဘူး။

ဒါပေမယ့် The Apprentice ရိုက်ကူးရေးကိုတော့ သတိနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ “ရုပ်ရှင်ကို ‘ကျောင်းသား’ လို့ တခြားအမည် ပေးခဲ့ပြီး ရိုက်ကူးမယ့်နေရာကို တစ်ကြိမ်မှတောင် ကြိုတင်ထုတ်ပြန်ကြေညာတာမျိုးတောင် မလုပ်ဘဲ ထုတ်လုပ်ရေးကို အတတ်နိုင်ဆုံး လျှို့ဝှက်ထားခဲ့ပါတယ်။ အဲဒါကြောင့် အနှောင့်အယှက် တစ်စုံတစ်ရာ မကြုံခဲ့ရပါဘူး။

“The Apprentice” လူငယ် ထရန့်နဲ့ သူရဲ့ဆရာ

ရှာမန် ပြောသလို၊ ဂျပန်မှာ ပြမယ့်ခေါင်းစဉ်က အကြံပြုထားတဲ့အတိုင်း၊ ဒီဇာတ်ကားက ဒေါ်နယ်ထရန့်လိုလူကို ဘယ်လို ဖန်တီးခဲ့တာလဲဆိုတာကို လက်ခံနိုင်လောက်တဲ့ ရှင်းပြချက်ပေးထားပါတယ်။

သူ့ရဲ့ ဆရာ ရွိုင်းကုမ်း (Roy Cohn) ရဲ့ သွန်သင်ချက်တွေကြောင့် ထရန့်ဟာ သူရဲ့ဦးနှောက်ထဲမှာ “အဖြစ်မှန်ကို ငြင်းဆိုခြင်း” ဆိုတဲ့ အယူအဆကို အမြစ်တွယ်ခဲ့ပြီး အခု သမ္မတအဖြစ် အသက်ရှင်သန်နေတယ်ဆိုတာကို ဒီရုပ်ရှင်က ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

“ရွိုင်းကုမ်းက ဒေါ်နယ်ထရန့်မှာ အောင်မြင်လိုတဲ့ ရည်မှန်းချက်၊ လူတွေအပေါ် အောင်မြင်အောင် စွမ်းဆောင်လိုတဲ့ ဆန္ဒကို မြင်ခဲ့တယ်။ သူ့ခြေရာအတိုင်း လိုက်လာမယ်လို့ ယုံကြည်ပြီး သူ့ရဲ့ စွမ်းအင်တွေကို ထရန့်ထဲကို လောင်းထည့်ခဲ့ပါတယ်။

ရွိုင်းဟာ ကွဲလွဲမှုတွေရဲ့ စရိုက်လက္ခဏာဖြစ်သည်။ သူဟာ လိင်တူချစ်သူအဖြစ် ဘဝကို ဖြတ်သန်းခဲ့ပြီး သူ့အနီးနားရှိ ယောက်ျားတွေကို စိတ်ဝင်စားတာကို ဖုံးကွယ်ထားတာ မရှိပေမယ့် သူဟာ လိင်တူချစ်သူ ဖြစ်တယ်ဆိုတာကိုတော့ ဘယ်တော့မှ ထုတ်ဖော်မပြောဆိုခဲ့ပါဘူး။ တကယ်လို့ Roy ကို ‘မင်းက gay လားလို့ မေးရင် မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းလိမ့်မယ်။ အမှန်တရားကို ငြင်းဆိုတယ်ဆိုတဲ့ ဒီရပ်တည်ချက်ဟာ နောက်ပိုင်း ထရန့်အပေါ် လွှမ်းမိုးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အဓိကပြောလို့ရတဲ့ သာဓကက လွှတ်တော် ကက်ပီတိုကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်ပေမယ့် ထရန့်က ဒီဖြစ်စဉ်ကို “A Day of Love” လို့ ခေါ်ဆိုခဲ့ပါတယ်။ အဖြစ်မှန်ကို ငြင်းဆိုနိုင်စွမ်းဟာ Roy ထံမှ သင်ယူခဲ့သော အရာတစ်ခုဖြစ်ပါတယ်။

ရွိုင်းကုမ်းဟာ ၂၀ ရာစုမှာ အရက်စက်ဆုံးနဲ့ မာကြောတဲ့ အမျိုးသား ဖြစ်ခဲ့ပါက၊ ထရန့်က သူ့ကို ဘာလုပ်ခဲ့သလဲဆိုတာ ဒီဇာတ်ကားကို ကြည့်မယ်ဆိုရင် ထရန့်နဲ့ ရဲ့ ဇာတ်ကောင်ကို နားလည်မှာပါ”

ထရန့်က ဘယ်လိုလူမျိုးဆိုတာကို ကြည့်ရှုသူတွေကို စဉ်းစားဖို့ ချန်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

ရှာမန်ဟာ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုပြီးနောက် The Apprentice ကို ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သတင်းစာဆရာအဖြစ် ဆောင်းပါး ရေးသားတာနဲ့ ဇာတ်ညွှန်းရေးသားတာရဲ့ အကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိတယ်လို့ ပြောပါတယ်။

“သတင်းသမားတစ်ယောက်ရဲ့အလုပ်က 100% မှန်ကန်တယ်လို့ သုံးသပ်လို့ရတဲ့ အဖြစ်အပျက်တွေကို ရေးဖို့ပါပဲ။ ဒါပေမယ့် စာရေးဆရာတစ်ယောက်အနေနဲ့ ဖန်တီးချင်တဲ့ ဆန္ဒလည်း ရှိတယ်။ အထောက်အထားမရှိရင်တောင် စိတ်ခံစားမှုတစ်ခုအနေနဲ့ အမှန်တရားကို လိုက်ရှာတာဟာ အနုပညာဖြစ်ပါတယ်။

ဒီ “The Apprentice” ရုပ်ရှင်ဇာတ်လမ်းမှာ တကယ့်အဖြစ်အပျက်များကို သစ္စာရှိရှိ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဥပမာအားဖြင့်၊ ထရန့်နဲ့ သူ့ဆရာ Roy Cohn အကြား စကားပြောဆိုမှုတွေဟာ ပါဝင်ပတ်သက်သူများသာ သိတဲ့အရာဖြစ်တာကြောင့် စိတ်ကူးပုံဖော်ပြီး တကယ့်အစစ်လို ဖော်ပြနိုင်ဖို့ ကြိုးစားထားပါတယ်။

တစ်ခါတရံမှာ ရုပ်ရှင်က လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ အလားအလာရှိပါတယ်။ ဒါဆို “အလုပ်သင်” ကရော ဘယ်လို ပြောင်းလဲပေးနိုင်မလဲ။ ဒီမေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ရှာမန်က “ဒါကို ဘယ်လိုဖြေရမှန်းမသိဘူး” လို့ ပြောခဲ့ပေမယ့် လက်တွေ့နဲ့ ပတ်သက်ပြီးတော့လည်း အဆိုးမြင်နေပုံရပါတယ်။

“ဒီဇာတ်ကားမှာ နိုင်ငံရေးသတင်းစကား မရှိပါဘူး။ ဇာတ်ညွှန်းရေးတဲ့အခါမှာ ထရန့်က ၂၀၂၄ မှာ သမ္မတအတွက် ၀င်ပြိုင်မယ်လို့ မထင်ခဲ့ပါဘူး။ ဒီဇာတ်ကားအတွက် ရန်ပုံငွေရှာတုန်းကတောင် သူက ရီပတ်ဘလစ်ကန်သမ္မတလောင်းဖြစ်မယ်လို့ မထင်ခဲ့မိပါဘူး။ ဒီဇာတ်ကားကို ကြည့်ပြီးနောက် ထရန့်က ဘယ်လိုလူမျိုးလဲဆိုတာကို ပရိသတ်က ဆုံးဖြတ်ပေးမယ့်သူ ဖြစ်မလားမသိဘူး။

အခုအချိန်မှာ ကျွန်တော် အပြင်းထန်ဆုံးခံစားရတာက ဟောလီးဝုဒ်စတူဒီယိုကြီးတွေက ဒီလိုရုပ်ရှင်မျိုး ရိုက်ဖို့ ရှောင်ကြပါတယ်။ ထရန့်ရဲ့ တရားစွဲဆိုတာခံရနိုင်ပြီ တရားရုံးမှာ တရားရင်ဆိုင်ရမယ့် အန္တရာယ် ကိုသူတို့ကြောက်ရွံ့ကြပါတယ်။ အမှန်တကယ်လည်း ထရန့်ဘက်က ကုမ္ပဏီကြီးတွေကို ဒီပရောဂျက်ကနေ နုတ်ထွက်ဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတာ ကြားခဲ့ရပါတယ်။ နိုင်ငံရေးအရ စွဲချက်တင်ခံထားရတဲ့ အနုပညာကို စိန်ခေါ်ရမယ့် ပတ်ဝန်းကျင်က အခုအချိန်ထိ ကြမ်းတမ်းခက်ခဲနေသေးတယ်ဆိုတာကို ကျွန်တော် သိခဲ့ရတယ်။”

ဒါပေမယ့် အန္တရာယ်ကို မကြောက်ဘဲ ဖန်တီးထားတာကြောင့် ကြည့်ရှုဖို့ တန်ဖိုးလည်း ကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။ ထရန့်ရဲ့ အုပ်ချုပ်မှု လေးနှစ်မစခင် “The Apprentice” ဟာ ပရိသတ်တွေအတွက် ဘယ်လိုဆွဲဆောင်နိုင်သလဲ။

ဘယ်လိုလူမျိုးက ကမ္ဘာကြီးကို လှုပ်ရှားအောင် လုပ်ဖို့ကြိုးစားနေတယ်ဆိုတာ။ အံ့သြစရာနဲ့ အတူ သေချာပေါက် စမ်းသပ်ကြည့်ရမယ့် အတွေ့အကြုံတစ်ခုပါ။

+++++++++++++

ရုပ်ရှင်ဂျာနယ်လစ် ဆိုက်တိုး ဟီရိုအာကီရဲ့ “The Apprentice” ရုပ်ရှင်သုံးသပ်ချက်ကို ဂျပန်ဘာသာမှ မြန်မာဘာသာကို ပြန်ဆိုထားပါတယ်.

ဓာတ်ပုံ။

ဇာတ်ညွှန်းရေးဆရာ ဂါဘရီရယ် ရှာမန် (Gabriel Sherman)
“The Apprentice” ပိုစတာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော