နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂရင်းလန်းကို ဒုသမ္မတဗန့်စ် သွားရောက်လည်ပတ်ပြီးနောက် ဂရင်းလန်း အခြေစိုက်အာကသတပ်ဖွဲ့ စစ်ဦးစီးမှူးအား ရာထူးမှ ထုတ်ပယ်

ဧပြီလ (၁၂) ရက်။

ဒိန်းမတ်နိုင်ငံပိုင်း ဂရင်းလန်းရှိ ဘီဒူးဖစ်အာကာသတပ်ဖွဲ့အခြေစိုက်စခန်း (Pituffik Space Base) ၏ စစ်ဦးစီးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အမေရိကန် အစိုးရက ဧပြီလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။

အကြောင်းပြချက်မှာ “သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားလို့ပါပဲ။” ဟု ဆိုသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဒုသမ္မတဗန့်စ်၏ ဂရင်းလန်းခရီးစဉ်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်လ် (Sean Parnell) သည် ဂရင်းလန်းအခြေစိုက်စခန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဆူဆန်နာ မိုင်ယာစ် (Susanna Myers) ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ၁၀ ရက်နေ့၌ တွစ်တာတွင် ရေးသားခဲ့သည်။ “သမ္မတထရန့်၏ အစီအစဉ်ကို ပျက်ပြားစေသော သို့မဟုတ် အမိန့်ပေးသည့် ကွင်းဆက်ကို ပျက်ပြားစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ကာကွယ်ရေးဌာနအနေနဲ့ လက်ခံမည်မဟုတ်” ဟု ရေးသားခဲ့သည်။

ဒုသမ္မတဗန့်စ် ဂရင်းလန်းကို လာရောက်စဉ် မိန့်ခွန်းပြောရာ၌ “အမေရိကန်က အာတိတ်ကို မဖြစ်မနေ ဦးဆောင်ရမယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဒိန်းမတ်အစိုးရကို “ဂရင်းလန်းပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေကို ခွဲဝေမပေးဘူး” ဟု ဝေဖန်ခဲ့ပါသည်။

ဒုသမ္မတဗန့်စ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီး ဗန့်စ်လာရောက်လည်ပတ်ပြီးနောက် ၃ ရက်အကြာတွင် စခန်းဦးစီဗိုလ်မှူးကြီးမိုင်ယာစ်သည် အခြေစိုက်စခန်းရှိတပ်ဖွဲ့ဝင်အားလုံးထံသို့ အီးမေးလ်တစ်စောင်ပေးပို့ခဲ့သည်ဟု အမေရိကန်သတင်းမီဒီယာ Military.com က သတင်းဖော်ပြခဲ့သည်။ ဂရင်းလန်းတွင် နေထိုင်စဉ်အတွင်း ဗန့်စ်၏အပြုအမူနှင့် စကားလုံးများက ၎င်းတို့ကို ပြဿနာတက်ခဲ့စေကြောင်း ယင်းအီးမေးလ်တွင် ဖော်ပြခဲ့သည်ဟု ဆိုသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို နားလည်တယ်လို့ ပြောဖို့ မရည်ရွယ်ပါဘူး” ဟု မိုင်ယာစ်က အီးမေးလ်တွင် ရေးသားခဲ့သော်လည်း ၎င်း၏ ခရီးစဉ်အတွင်း ဗန့်စ် ပြောဆိုခဲ့သည့် အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန်မှုများသည် ဘီဒူးဖစ်အာကာသစခန်း၏ အခြေအနေမှန်ကို ထင်ဟပ်ခြင်း မရှိကြောင်း ရေးသားခဲ့သည်ဟု Military.com က ဖော်ပြခဲ့သည်။

မိုင်ယာစ်၏နေရာကို ဗိုလ်မှူးကြီး ရှောင်လီး (Shawn Lee) နဲ့ အစားထိုးမည်ဖြစ်ကြောင်း အာကာသစစ်ဆင်ရေးကွပ်ကဲရေးဌာန (Space Operations Command) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဤအကြိမ်ရာထူးမှ ထုတ်ပယ်မှုသည် ဂရင်းလန်းကို သိမ်းပိုက်ရန် အမေရိကန်က ဆက်လက် ဆောင်ရွက်မည်ကို မီးမောင်းထိုးပြနေသည်။ ထရန့်သည် ဂရင်းလန်းကို “တစ်နည်းနည်းနဲ့ရယူရန်” ကတိပြုထားပြီး ဗန့်စ်သည် ကျွန်း၏ (ကာကွယ်ရေး) အင်အားနည်းမှုကို ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ ထိုနေရာတွင် ဂရင်းလန်း၏တည်ရှိမှုကို ခိုင်မာစေရန် အမေရိကန်မှလွဲ၍ “ရွေးချယ်စရာမရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ မတ်လ (၂၈) ရက်နေ့တွင် ဗန့်စ်နှင့်သူ၏ဇနီး အူရှာတို့သည် ဂရင်းလန်း၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ ဘီဒူးဖစ်အာကာသတပ်ဖွဲ့အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် ဂရင်းလန်းသည် ဒိန်းမတ်ထက် အမေရိကန်၏ လုံခြုံရေး ထီးရိပ်အောက်သို့ ရောက်ရှိလာခြင်းက ပိုကောင်းမည်ဆိုသည့် သဘောထားကိုလည်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ။

ဒုတိယသမတဗန့်စ်နှင့် ဂရင်းလန်းအခြေစိုက်စခန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဆူဆန်နာ မိုင်ယာစ် (Susanna Myers) တို့ကို မတ်လနှောင်းပိုင်းတွင် အတူတွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက