နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂရင်းလန်းကို ဒုသမ္မတဗန့်စ် သွားရောက်လည်ပတ်ပြီးနောက် ဂရင်းလန်း အခြေစိုက်အာကသတပ်ဖွဲ့ စစ်ဦးစီးမှူးအား ရာထူးမှ ထုတ်ပယ်

ဧပြီလ (၁၂) ရက်။

ဒိန်းမတ်နိုင်ငံပိုင်း ဂရင်းလန်းရှိ ဘီဒူးဖစ်အာကာသတပ်ဖွဲ့အခြေစိုက်စခန်း (Pituffik Space Base) ၏ စစ်ဦးစီးကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အမေရိကန် အစိုးရက ဧပြီလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။

အကြောင်းပြချက်မှာ “သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားလို့ပါပဲ။” ဟု ဆိုသည်။ ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ဒုသမ္မတဗန့်စ်၏ ဂရင်းလန်းခရီးစဉ်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်လ် (Sean Parnell) သည် ဂရင်းလန်းအခြေစိုက်စခန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဆူဆန်နာ မိုင်ယာစ် (Susanna Myers) ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း ၁၀ ရက်နေ့၌ တွစ်တာတွင် ရေးသားခဲ့သည်။ “ သမ္မတထရန့်၏ အစီအစဉ်ကို ပျက်ပြားစေသော သို့မဟုတ် အမိန့်ပေးသည့် ကွင်းဆက်ကို ပျက်ပြားစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ကာကွယ်ရေးဌာနအနေနဲ့ လက်ခံမည်မဟုတ်” ဟု ရေးသားခဲ့သည်။

ဒုသမ္မတဗန့်စ် ဂရင်းလန်းကို လာရောက်စဉ် မိန့်ခွန်းပြောရာ၌ “အမေရိကန်က အာတိတ်ကို မဖြစ်မနေ ဦးဆောင်ရမယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဒိန်းမတ်အစိုးရကို “ ဂရင်းလန်းပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေကို ခွဲဝေမပေးဘူး” ဟု ဝေဖန်ခဲ့ပါသည်။

ဒုသမ္မတဗန့်စ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီး ဗန့်စ်လာရောက်လည်ပတ်ပြီးနောက် ၃ ရက်အကြာတွင် စခန်းဦးစီဗိုလ်မှူးကြီးမိုင်ယာစ်သည် အခြေစိုက်စခန်းရှိတပ်ဖွဲ့ဝင်အားလုံးထံသို့ အီးမေးလ်တစ်စောင်ပေးပို့ခဲ့သည်ဟု အမေရိကန်သတင်းမီဒီယာ Military.com က သတင်းဖော်ပြခဲ့သည်။ ဂရင်းလန်းတွင် နေထိုင်စဉ်အတွင်း ဗန့်စ်၏အပြုအမူနှင့် စကားလုံးများက ၎င်းတို့ကို ပြဿနာတက်ခဲ့စေကြောင်း ယင်းအီးမေးလ်တွင် ဖော်ပြခဲ့သည်ဟု ဆိုသည်။

“ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကို နားလည်တယ်လို့ ပြောဖို့ မရည်ရွယ်ပါဘူး” ဟု မိုင်ယာစ်က အီးမေးလ်တွင် ရေးသားခဲ့သော်လည်း ၎င်း၏ ခရီးစဉ်အတွင်း ဗန့်စ် ပြောဆိုခဲ့သည့် အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန်မှုများသည် ဘီဒူးဖစ်အာကာသစခန်း၏ အခြေအနေမှန်ကို ထင်ဟပ်ခြင်း မရှိကြောင်း ရေးသားခဲ့သည်ဟု Military.com က ဖော်ပြခဲ့သည်။

မိုင်ယာစ်၏နေရာကို ဗိုလ်မှူးကြီး ရှောင်လီး (Shawn Lee) နဲ့ အစားထိုးမည်ဖြစ်ကြောင်း အာကာသစစ်ဆင်ရေးကွပ်ကဲရေးဌာန (Space Operations Command) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဤအကြိမ်ရာထူးမှ ထုတ်ပယ်မှုသည် ဂရင်းလန်းကို သိမ်းပိုက်ရန် အမေရိကန်က ဆက်လက် ဆောင်ရွက်မည်ကို မီးမောင်းထိုးပြနေသည်။ ထရန့်သည် ဂရင်းလန်းကို “ တစ်နည်းနည်းနဲ့ရယူရန်” ကတိပြုထားပြီး ဗန့်စ်သည် ကျွန်း၏ (ကာကွယ်ရေး) အင်အားနည်းမှုကို ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။ ထိုနေရာတွင် ဂရင်းလန်း၏တည်ရှိမှုကို ခိုင်မာစေရန် အမေရိကန်မှလွဲ၍ “ရွေးချယ်စရာမရှိကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ မတ်လ (၂၈) ရက်နေ့တွင် ဗန့်စ်နှင့်သူ၏ဇနီး အူရှာတို့သည် ဂရင်းလန်း၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ ဘီဒူးဖစ်အာကာသတပ်ဖွဲ့အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် ဂရင်းလန်းသည် ဒိန်းမတ်ထက် အမေရိကန်၏ လုံခြုံရေး ထီးရိပ်အောက်သို့ ရောက်ရှိလာခြင်းက ပိုကောင်းမည်ဆိုသည့် သဘောထားကိုလည်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ။

ဒုတိယသမတဗန့်စ်နှင့် ဂရင်းလန်းအခြေစိုက်စခန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဆူဆန်နာ မိုင်ယာစ် (Susanna Myers) တို့ကို မတ်လနှောင်းပိုင်းတွင် အတူတွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အမေရိကန်သံတမန်နှင့် ပူတင်တို့ မတွေ့ဆုံမီ မော်စကိုမြို့အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားစစ်ဗိုလ်ချုပ် သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 6 Views
ဧပြီလ (၂၆) ရက်။ ရုရှားနိုင်ငံ ဘလာရှီကာ (Balashikha) မြို့မှာ ဒီနေ့ (၂၆) ရက် သောကြာနေ့က ကားဗုံးပေါက်ကွဲမှု
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း-ရုရှားစစ်ပွဲကိုရပ်ရန်အမေရိကန်အစိုးရ၏တွန်းအားပေးနေသည့်မူချမှတ်ထားမှုသည်မဟာမိတ်နိုင်ငံများကို စိုးရိမ်တပ်လှန့်သွားစေခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 6 Views
ဧပြီလ (၂၅) ရက်။ ထရန့်အစိုးရ၏ မူဘောင်ချမှတ်ထားမှုတွင် ယူကရိန်းမှ များပြားသည့် လိုက်လျောမှုကို လုပ်ဆောင် ပေးရမည်ဖြစ်သည်ဟုဆိုသည်။ ခရိုင်းမီးယားကို ရုရှား၏နယ်မြေအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ဘဏ္ဍာရေးဝန်ကြီးဘက်ဆင့်နှင့် အီလွန်မတ်စ်တို့ ဌာနဆိုင်ရာ ဝန်ထမ်းများ အပြောင်းအလဲနှင့် ပတ်သက်၍ အော်ဟစ်ငြင်းခုံရန်ဖြစ်ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 16 Views
ဧပြီလ (၂၄) ရက်။ ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန် သတင်းဝဘ်ဆိုဒ် Axios က ဘဏ္ဍာရေးဝန်ကြီး ဘက်ဆင့်၊ ထရန့်အစိုးတွင် ထိပ်တန်းစီးပွားရေး ကက်ဘိနက်အဖွဲ့ဝင် နှင့် သမ္မတထရန့်၏အနီးကပ် အကြံပေး စီးပွားရေး လုပ်ငန်းရှင်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ထရန့်-ဇလန်းစကီး စကားစစ်ပွဲအပြီး ရုရှားက ကိယက်ဗ်ကို တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 15 Views
ဧပြီလ (၂၄) ရက်။ ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ၂၄ ရက်နေ့ အစောပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှု မစမီ နာရီပိုင်းအလိုမှာ အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ယူကရိန်း သမ္မတ ဇလန်းစကီးဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏ အမိမြေလုံခြုံရေးဝန်ကြီး လုံခြုံရေးများ ရှိနေသည့်ကြားက ပိုက်ဆံအိတ် အခိုးခံရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 20 Views
++++++++++++ ဧပြီလ (၂၃) ရက်။ အမိမြေလုံခြုံရေးဝန်ကြီး ခရစ်စတီနုံးမ် (Kristi Noem) သည် အီစတာနေ့ (ဧပြီလ ၂၀ရက်နေ့) တွင် မိသားစုများနှင့် ဝါရှင်တန်ဒီစီရှိ စားသောက်ဆိုင်တခုတွင် စားသောက်ပွဲကျင်းပနေစဥ် သူမ၏လက်ကိုင်အိတ်ကို ခိုးယူခြင်းခံခဲ့ရ‌ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
+++++++++++++++++++ အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာ ဟိမ၀န္တာဒေသမှာ အရပ်သားအများ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုလို့ ယူဆရပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသား၊
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်နဲ့ အိန္ဒိယ နီးကပ်မှုမရှိရင် အမှောင်ဖုံးသွားနိုင်တယ်လို့ ဒုသမ္မတဂျေဒီဗန့်စ် သတိပေး

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
+++++++++++++++++++++++++ အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စွမ်းအင်နဲ့ ကာကွယ်ရေးပစ္စည်းတွေရောင်းချလိုကြောင်း ဒုတိယသမ္မတဂျေဒီဗန့်စ်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အင်္ဂါနေ့ကတွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ခါတလဲလဲ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်ပါမြို့ကို သွားရောင်းလည်ပတ်ရင်း ဂျေဒီဗန့်စ်က အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံအချို့ရဲ့ “တူညီခြင်းနဲ့
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဟုဆို

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 19 Views
ဧပြီလ (၂၃) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဖြစ်သော်လည်း သုညတော့ ဖြစ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်တွင် ဧပြီလ (၂၃) ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။ ထရန့်၏ မှတ်ချက်များသည် တရုတ်နိုင်ငံအပေါ်