နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီ ပြောသော်လည်း ဇလန်းစကီးက အပစ်အခတ်ရပ်စဲရေးကို ဦးစွာသဘောတူရမယ်ဟုဆို

၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်၊

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် အဆိုပြုခဲ့ပြီး ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက ကြိုဆိုခဲ့သော်လည်း မော်စကိုအနေနှင့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာသဘောတူရမည်ဟု အလေးပေး ပြောဆိုခဲ့ပါသည်။

တနင်္ဂနွေနေ့က ရှားရှားပါးပါး ညနှောင်းပိုင်း ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားစဉ် ကိ့ဗ်နှင့် ၎င်း၏ မဟာမိတ်များ တောင်းဆိုထားသည့် တနင်္လာနေ့မှစတင်သည့် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး အတွက် အဆိုပြုချက်ကိုမူ ပူတင်က ပြောဆိုခြင်း မရှိခဲ့ချေ။

ပူတင် အစ္စတန်ဘူလ်တွင် ကြာသပတေးနေ့တွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် အဆိုပြုခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် မော်စကို၏ အပြည့်အ၀ကျူးကျော်မှု၏ အစောပိုင်းရက်သတ္တပတ်များကတည်းက မတွေ့မြင်ရသည့် ပြောကြားချက် ဖြစ်သည်။

” ကျွန်တော်တို့က လာမယ့် မေလ ၁၅ ရက် ကြာသပတေးနေ့မှာ အစ္စတန်ဘူလ်မှာ ချက်ချင်းစတင်ဆွေးနွေးလိုပါတယ်” ဟု ပူတင်က ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများကို “ကြိုတင်သတ်မှတ်ချက်များ မရှိဘဲ” ကျင်းပသင့်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ လေးလေးနက်နက် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ပုံစံချနေပါပြီ” ဟု ပူတင်က ဆိုပြီး “ပဋိပက္ခ၏ မူလဇစ်မြစ်များကို ဖယ်ရှားပစ်ရန်” နှင့် “ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ထူထောင်ရန် ရည်ရွယ်သည်” ဟု ပြောကြားခဲ့သည်။

နေတိုး၏ အရှေ့ဘက်သို့ တိုးချဲ့ခြင်းမှ ယူကရိန်းစစ်တပ် အရွယ်အစားအထိ ရုရှား၏ မကျေနပ်ချက်များစွာသည် အခြေခံအကြောင်းရင်းများအဖြစ် ယေဘုယျအားဖြင့် နားလည်ထားသည်။

ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် ပိုလန် ခေါင်းဆောင်များသည် ကိယက်ဗ်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးနှင့်အတူ ရပ်ပြခဲ့အပြီး နာရီပိုင်းအကြာတွင် ပူတင်၏ မိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ပူတင်အား တနင်္လာနေ့မှ စတင်ကာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် သို့မဟုတ် ဖြစ်နိုင်ချေရှိသော “ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုများ” ကို ရင်ဆိုင်ရမည်ဟု ဖိအားပေးထားခဲ့သည်။

ရုရှားသမ္မတ ပူတင်၏ အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် ဇလန်းစကီးက ၎င်း၏ နိုင်ငံသည် ရုရှားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

“ရုရှားက စစ်ပွဲကို အဆုံးသတ်ဖို့ စတင်စဉ်းစားခြင်းဟာ အပြုသဘောဆောင်တဲ့ လက္ခဏာဖြစ်တယ်” ဟု ဇလန်းစကီးက X တွင် ရေးသားခဲ့သည်။ “ကမ္ဘာတစ်ဝှမ်းလုံးက ဒီအရာကို အကြာကြီး စောင့်ဆိုင်းနေခဲ့ရပြီး စစ်မှန်တဲ့ အဆုံးသတ်ခြင်းရဲ့ ပထမခြေလှမ်းဟာ အပစ်အခတ် ရပ်စဲရေးဖြစ်တယ်” ဟု ဆိုသည်။

ဇလန်းစကီးက “တစ်ရက်တည်းနဲ့တောင် သတ်ဖြတ်မှုတွေ ဆက်လုပ်ဖို့ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဆိုခဲ့ပြီး မေလ ၁၂ ရက်နေ့မှ စတင်ကာ “အပြည့်အဝ၊ ရေရှည်တည်တံ့ပြီး ယုံကြည်စိတ်ချရသော အပစ်အခတ်ရပ်စဲရေးကို ရုရှားမှ အတည်ပြုရန် မျှော်လင့်ကြောင်း” ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပူတင်၏ စေ့စပ်ညှိနှိုင်းရေး အဆိုပြုချက်သည် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။

“စေ့စပ်ညှိနှိုင်းမှုမလုပ်ခင် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို အရင်ပြုလုပ်တာက အဓိပ္ပါယ်ရှိပါတယ်” ဟု မက်ခရွန်ကဆိုပြီး ပူတင်က “ထွက်လမ်းကို ရှာဖွေနေပေမဲ့ အချိန်ဆွဲနေဆဲ ဖြစ်တယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပူးတွဲဖုန်းခေါ်ဆိုမှုအပြီးတွင် အိမ်ဖြူတော်၏ ကျောထောက်နောက်ခံဖြင့် ထွက်ပေါ်လာသည်ဟု ဥရောပသားများက စနေနေ့တွင် ပြောကြားခဲ့သည်။

ပူတင်၏အဆိုပြုချက်အပြီး နာရီပိုင်းအကြာတွင် ထရန့်က “ရုရှားနှင့် ယူကရိန်းတို့အတွက် အလားအလာရှိသော နေ့တစ်နေ့ဖြစ်ပါတယ်” ဟု ၎င်း၏လူမှုကွန်ရက် Truth Social တွင် တင်ခဲ့သည်။

“ဒီလို ဖြစ်လာစေဖို့ နှစ်ဖက်စလုံးနဲ့ ကျွန်တော် ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ထရန့်က ပြောကြားခဲ့ပြီး“မဆုံးနိုင်တဲ့ သွေးချောင်းစီးမှုကနေ လူသိန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ဖို့ စဉ်းစားကြပါ” ဟု သူက တိုက်တွန်းခဲ့သည်။

ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလိုလားကြောင်း ယူကရိန်းက ပြောကြာနေသည်မှာ နှစ်လအတွင်း ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ရုရှားက မူအရ ခေတ္တရပ်ထားမည့် အယူအဆကို ထောက်ခံသော်လည်း ကတိကဝတ်ပြုရန် ငြင်းဆိုထားပြီး ဦးစွာလိုအပ်သည့် “ကွဲလွဲမှုများ”ကို ဖြေရှင်းရန်လိုသည်ဟု ပြောဆိုထားသည်။

တနင်္ဂနွေနေ့တွင်၊ မော်စကိုသည် ကိ့ဗ်နှင့် ဆွေးနွေးမှုကို ငြင်းဆိုခဲ့ကြောင်းကို ပူတင်က ငြင်းဆိုခဲ့ပြီး “အခုအခါ ဆုံးဖြတ်ချက်ချဖို့ ကိစ္စဟာ ယူကရိန်းအာဏာပိုင်တွေအပေါ် မူတည်နေပါပြီ” ဟု ပြောကြားခဲ့သည်။

“ဒီဆွေးနွေးပွဲတွေ အတွင်းမှာ စစ်ပြေငြိမ်းရေးအသစ်၊ အပစ်အခတ်ရပ်စဲရေးအသစ်ကို စီစဉ်ဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ကျွန်တော်တို့ မဖယ်ထားပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပြုထားသော ဆွေးနွေးပွဲသည် “ကြာရှည်တည်တံ့သော တည်ငြိမ်သော ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းဖြစ်သော်လည်း ယူကရိန်းတပ်ဖွဲ့များ ပြန်လည်တည်ဆောက်ခြင်းနှင့် ယူကရိန်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခြင်း အမာခံနယ်မြေသစ်များတွင် ကတုတ်ကျင်းများ တူးပြီးတည်ဆောက်ခြင်းမလုပ်ရန်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရန့်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်သည် ၎င်း၏ ဦးစားပေးများထဲမှ တစ်ခုဖြစ်ပြီး ပူတင်ကို ပါဝင်လာရန် ကြိုးပမ်းရာတွင် များစွာအားစိုက်ထုတ်ခဲ့သည်။ ၎င်း၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဗ် (Steve Witkoff) သည် ပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ လေးကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး ဇန်နဝါရီတွင် အိမ်ဖြူတော်သို့ ထရန့် ပြန်လည်ရောက်ရှိလာပြီးကတည်းက အမေရိကန်နှင့် ရုရှားအရာရှိများကြား အခြားအဆင့်မြင့် အစည်းအဝေးများလည်း ရှိခဲ့သည်။

သို့သော် ရုရှားအား ယခင်က ထင်မှတ်မထားသော လိုက်လျောမှုအချို့ကို ကမ်းလှမ်းခဲ့သော်လည်း ထရန့် အစိုးရအဖွဲ့သည် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးဆီသို့ လမ်းကြောင်းဖွင့်ရန် ရည်ရွယ်ထားသည့် ကန့်သတ်အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားအား သဘောတူရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ဝါရှင်တန်၏ ဖျန်ဖြေရေးကြိုးပမ်းမှုများအတွက် ရုရှားက “အလွန်ကျေးဇူးတင်ပါတယ်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က CNN သို့ ပြောကြားခဲ့သော်လည်း “တစ်ချိန်တည်းမှာပင် ကျွန်တော်တို့ကို ဖိအားပေးဖို့ ကြိုးစားတာကတော့ အလွန်အသုံးမဝင်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးသည် ညာဘက်တွင် ဗြိတိန်၊ ပြင်သစ်၊ ပိုလန်နှင့် ဂျာမနီနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ၏ တရားဝင်နေအိမ်ဖြစ်သော မာရင်စကီး (Mariinskyi) နန်းတော်တွင် စနေနေ့က တွေ့ဆုံရန် ထိုင်နေကြခြင်းဖြစ်သည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊