နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးပိတ်ဆို့မှုကြောင့် အငတ်ဘေးကြုံတွေ့နေရသည့် ဂါဇာ

++++++++++++++++++++++++++++

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကဘီး (Mike Huckabee) က ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးမည့် အမေရိကန်-အစ္စရေးအစီအစဉ်အရ ကနဦးတွင် လူဦးရေ၏ ၆၀% ကိုသာ ကျွေးမွေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်မှ အသစ်ဖွဲ့စည်းထားသော ပုဂ္ဂလိကဖောင်ဒေးရှင်းတစ်ခုမှ စီမံကွပ်ကဲမည့် အဆိုပါ ထောက်ပံ့ရေးယန္တရားသည် ဟားမတ်စ်လက်ထဲသို့ ရိက္ခာဝေငှမှုများ မရောက်ရှိစေရန် ရည်ရွယ်ထားကြောင်း ဟပ်ကဘီးက ပြောကြားခဲ့သည်။

ဟားမတ်စ်သည် ဂါဇာသို့ ပေးအပ်သောအကူအညီများကို ခိုးယူကာ အမြတ်အစွန်းများ ရရှိနေသည်ဟု အစ္စရေးက အကြိမ်ကြိမ် စွပ်စွဲသော်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များက စားနပ်ရိက္ခာ အများစုသည် လိုအပ်နေသော အရပ်သားများထံ ရောက်ရှိသည်ဟု ဆိုသည်။

အမေရိကန်-အစ္စရေးအစီအစဉ်အရ၊ ဂါဇာလူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်းဟု ခေါ်ဆိုထားသည့်အဖွဲ့သည် ပုဂ္ဂလိကအမေရိကန်စစ်တပ်ကန်ထရိုက်တာများမှ လုံခြုံမှုရှိမည့် ဖြန့်ချီရေးနေရာများကို တည်ထောင်ကာ အကူအညီပေးရေးလုပ်သားများကို ခန့်အပ်မည် ဖြစ်သည်။

အစ္စရေးစစ်တပ်သည် ဖြန့်ဖြူးရေးနေရာများ၏ ဧရိယာအပြင်ဘက်တွင် လိုအပ်သော စစ်ရေးလုံခြုံရေးအတွက် ပါဝင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးတွင် ဟပ်ကဘီးက ပြောကြားခဲ့သည်။

ဖောင်ဒေးရှင်းသည် ပါလက်စတိုင်းလူမျိုး စုစုပေါင်း ၁.၂ သန်း သို့မဟုတ် ဂါဇာရှိ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်အတွက် “ကြိုတင်ထုပ်ပိုးထားသော ရိက္ခာများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ” ကို ပေးမည့် ဖြန့်ဖြူးရေးနေရာလေးခုကို ကနဦးတွင် တည်ထောင်သွားမည်ဖြစ်ကြောင်း CNN မှရရှိသော ဖောင်ဒေးရှင်းစာတမ်းတစ်ခုအရ သိရသည်။

ကျန်ရှိနေသော ဂါဇာရှိ လူဦးရေ ၄၀% အတွက် မည်သို့လုပ်ပေးမည်ဟု မျှော်လင့်ထားသလဲဟု CNN မှ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုအပေါ် ဟက်ကဘီးက ယန္တရားအား အချိန်နှင့်အမျှ “ချဲ့ထွင်” သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟက်ကဘီးက “ ဟားမတ်စ်ကြောင့် ဂါဇာတွင် ငတ်မွတ်မှု မြင့်တက်လာတယ်” ဟု ထပ်ခါ တလဲလဲ အပြစ်တင်ခဲ့ပြီးနောက် “တစ်နေရာရာမှာ စတင်ရမှာ ဖြစ်ပြီး တစ်နေရာက ဂါဇာကမ်းမြောင်က လူတွေရဲ့ ကြီးမားတဲ့ ပမာဏကိုကျွေးမွေးရမယ်” ဟု ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ဂါဇာတွင် ငတ်မွတ်ခေါင်းပါးမှုကို အစ္စရေးက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းကို လုံးလုံးလျားလျား ပိတ်ဆို့ထားခြင်းကြောင့်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့ကြသည်။

အဆိုပါ အစီအစဉ်ကို လအတော်ကြာအောင် လုပ်ဆောင်နေသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာကာ အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက “လုပ်ဆောင်ရမည့် အစီအစဉ်နှင့် အရင်းအမြစ်များ အများအပြား လိုနေသေးကြောင်း သတိပေးထားသည်။

“ စစ်မှန်သော ရည်ရွယ်ချက်မှာ ဟားမတ်စ် သို့မဟုတ် (ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်) ထံ အကူအညီများ မရောက်ဖို့နှင့် လိုအပ်သည့်နေရာရှိ ပြည်သူများ လက်ထဲသို့ အကူအညီများ ပေးအပ်ရန် လုံခြုံသောနည်းလမ်းကို ဖော်ဆောင်ရန်ဖြစ်သည်။ ဂါဇာရှိ ပါလက်စတိုင်း မိသားစုများ၏ လက်ထဲသို့အကူအညီများပေးရန်အတွက် ယခင်က အသုံးပြုခဲ့သည့် ကုလသမဂ္ဂ အခြေပြုစနစ်ကို အမေရိကန်နှင့် အစ္စရေးတို့ နှစ်ဖက်စလုံးက အယုံအကြည် မရှိဟု ဆိုပါသည်။

ထိုကူညီရေးယန္တရားတွင် ပါဝင်ရန် အတွက် တုံ့ဆိုင်းနေမှုကို ကြိုးပမ်းမှုအချို့ ရှိပုံ တွေ့ရသည်။ အမေရိကန် အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဖ် (Steve Witkoff) သည် ဂါဇာကမ်းမြောင် ဒေသနှင့်ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် “အလွတ်သဘောတွေ့ဆုံမှု” ပြုလုပ်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဟားမတ်စ်က အဆိုပြုချက်အသစ်သည် အစ္စရေး၏ ရွှေ့ပြောင်းရေးနှင့် လက်အောက်ခံအဖြစ် ငတ်မွတ်ခေါင်းပါးမှုပေါ်လစီ အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သောကြာနေ့မွန်းလွဲပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်တွင် ဟားမတ်စ်က နိုင်ငံတကာ အသိုက်အဝန်းကို အကူအညီ အထောက်အပံ့တွေကို စစ်ပုံစံသွင်းခြင်းနဲ့ ငတ်မွတ်စေရန် ထိန်းချုပ်ထားတဲ့ လုပ်ဆောင်မှုများနဲ့ လူသားချင်းစာနာထောက်ထားမှု စံညွှန်းကို ဗြောင်ချိုးဖောက်နေတာကို တားဆီးပေးရန်တောင်းဆိုခဲ့ပါသည်။

ထိုအစီအစဉ်ကို ကုလသမဂ္ဂက ပယ်ချလိုက်သည်။ အမေရိကန်-အစ္စရေးအစီအစဉ်ကို ကုလသမဂ္ဂနှင့် အခြားအကူအညီပေးရေးအဖွဲ့များက ပယ်ချခဲ့ပြီး သူတို့ကထိုအစီအစဥ်သည် ပါလက်စတိုင်းများကို အတင်းအကျပ် ရွှေ့ပြောင်းစေမှုနှင့် လူဦးရေအားလုံးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒီယန္တရားဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့ မကိုက်ညီဘဲ နိုင်ငံတကာဥပဒေအရ အစ္စရေးရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ပျက်ကွက်နေချိန်မှာ အားလုံးက ဆိုးရွားတဲ့ လုံခြုံရေးအန္တရာယ်တွေကို ဖန်တီးပေးလိမ့်မယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးမှ CNN မှ ရရှိသော စာတမ်းတွင် ယခုသီတင်းပတ်တွင် ရေးသားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် သီတင်း ၁၀ ပတ်နီးပါးကြာ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းရန်နှင့် အကူအညီများ လွတ်လပ်စွာ စီးဆင်းခွင့်ပြုရန် အစ္စရေးကို ကုလသမဂ္ဂအေဂျင်စီများက တောင်းဆိုခဲ့ပြီး အစ္စရေးက ပယ်ချခဲ့သည်။

ပါလက်စတိုင်းဒုက္ခသည်များအတွက် အဓိကကုလအေဂျင်စီ UNRWA က “ကလေးများအတွက် အစားအစာ၊ လောင်စာဆီ၊ ဆေးဘက်ဆိုင်ရာအကူအညီနှင့် ကာကွယ်ဆေးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ လျင်မြန်စွာ ကုန်သွားပါပြီ၊ UNRWA မုန့်ညက်နှင့် အစားအသောက်ပါဆယ်ထုပ်များ ကုန်သွားပါပြီ၊ လိုအပ်တဲ့ ဆေးဝါးပစ္စည်းများရဲ့ သုံးပုံတစ်ပုံကျော်မှာ ကုန်သွားပြီဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

“ ဒါက လူဦးရေ၊ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ထိခိုက်လွယ်တဲ့ အုပ်စုတွေအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်” ဟု UNRWA မှ ပြောကြားခဲ့သည်။

ငတ်မွတ်ခြင်းသည် ‘အကြီးမားဆုံးအန္တရာယ်’

++++++++++++++++++

ဟပ်ကဘီးက ဂါဇာတွင် ဆိုးရွားနေသည့် အခြေအနေအား အသိအမှတ်ပြုခဲ့သည်။ “အကြီးကျယ်ဆုံး အန္တရာယ်ကတော့၊ လူတွေ ငတ်ပြီးသေကြမယ်” ဟု ဆိုသည်။

မတ်လ ၂ ရက်နေ့မှ စတင်ခဲ့သော အစ္စရေးစစ်တပ်၏ ပိတ်ဆို့တားဆီးမှုမှ ဖန်တီးခဲ့သော အကျပ်အတည်း၏ အတိုင်းအတာကို အစ္စရေး တာဝန်ရှိသူများက ဆက်လက်ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 36 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို