နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်၏ တွေ့ဆုံရန် ကမ်းလှမ်းချက်ကို ဇလန်းစကီးက စိန်ခေါ်လက်ခံ

၂၀၂၅ ခုနှစ်၊ မေလ (၁၁) ရက်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တူရကီတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန် ရုရှားခေါင်းဆောင်၏ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံရန် တိုက်တွန်းလိုက်ပြီးနောက် ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်းစကီးက မကြာမီတွင် ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း၏ အဓိကဥရောပမဟာမိတ်များ စနေနေ့တွင် ကိ့ဗ်တွင် တွေ့ဆုံပြီးနောက်၊ ရုရှားအားရာဇသံပေးခဲ့ကြသည်။ တနင်္လာနေ့က ယူကရိန်းတွင် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို သဘောတူရန် တိုက်တွန်းလိုက်ပြီး သဘောမတူပါက “ ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုအသစ်” ကို ရင်ဆိုင်ရမည်ဟု ဆိုခဲ့သည်။ ထရန့်သည် အဆိုပါအစီအစဉ်ကို ထောက်ခံခဲ့ကြောင်း ဂျာမနီအဓိပတိသစ် ဖက်ဒရစ်မာ့ဇ် (Friedrich Merz) က ပြောကြားခဲ့သည်။

ညနှောင်းပိုင်း မိန့်ခွန်းတွင် ပူတင်က ရာဇသံကို အသိအမှတ်မပြုခဲ့သလို အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကိုလည်း လျစ်လျူရှုကာ ကြာသပတေးနေ့တွင် တူရကီ၌ ယူကရိန်းနှင့် တိုက်ရိုက် ဆွေးနွေးမှု ပြုလုပ်ရန် အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်သည် ၂၀၂၂ ခုနှစ် မော်စကို၏ ယူကရိန်းကိုအပြည့်အ၀ ကျူးကျော်မှု အစောပိုင်းရက်သတ္တပတ်များစတင်ကတည်းက မတွေ့မြင်မလုပ်ဆောင်ခဲ့သည့်အရာဖြစ်သည်။

ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို ပူတင်က သဘောတူလက်ခံခြင်းမပြုမခြင်း နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ယူကရိန်း၏ မဟာမိတ်များက တနင်္ဂနွေနေ့တွင် အလေးပေး ပြောကြားခဲ့ကြသည်။ သို့သော် ကြာသပတေးနေ့တွင် ရုရှားမှတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ယူကရိန်းမှ ချက်ချင်း သဘောတူသင့်ကြောင်း ထရန့်မှ ပြောကြားခဲ့ပြီး ပူတင်အပေါ် ဖိအားပေးရန် ကြိုးပမ်းမှုများကို လျော့ပါးစေခဲ့သည်။

“ အခုပဲ တွေ့ဆုံဆွေးနွေးရေးလုပ်ပါ” ဟု ထရန့်က သူ၏ Truth Social တွင်ရေးသားခဲ့သည်။

ထရန့် ရေးသားအပြီး တစ်နာရီအတွင်း ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံရန် အဆင်သင့်ပြင်ဆင်ထားပြီဟု ဇလန်စကီးက ဆိုခဲ့သည်။ စစ်ပွဲစတင်ပြီးနောက် ခေါင်းဆောင်များ၏ ပထမဆုံးတွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။

“ ကြာသပတေးနေ့မှာ တူရကီမှာ ပူတင်ကို ကျွန်တော် စောင့်နေမယ်။ ကိုယ်တိုင်ကိုယ်ကျ၊ ဒီအချိန် ရုရှားတွေက ဆင်ခြေပေးဖို့ အကြောင်းရှာမှာ မဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဇလန်းစကီး က တနင်္ဂနွေနေ့က X တွင် ပြောကြားခဲ့သည်။

ဇလန်းစကီးက တနင်္လာနေ့မှစပြီး “ အပြည့်အဝနှင့် ရေရှည်တည်တံ့သော အပစ်အခတ် ရပ်စဲရေး” သည် “ သံတမန်ရေးရာအတွက် လိုအပ်သောအခြေခံ” ကို ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့သော်လည်း ၎င်းသည် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခုဖြစ်မည်ဟု မသတ်မှတ်ခဲ့ပါ။

တနင်္လာနေ့ နောက်ဆုံးထား၍ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ဥရောပနှင့် အမေရိကန်တို့မှ ပူးတွဲတောင်းဆိုမှုအား စနေနေ့တွင် ပူတင်က ရင်ဆိုင်ခဲ့ရသော်လည်း ၎င်း၏ “ တိုက်ရိုက်” ဆွေးနွေးပွဲ၏ တန်ပြန်ကမ်းလှမ်းမှုသည် မော်စကိုအပေါ် ဖိအားများစွာကို သက်သာရာရစေခဲ့ပြီး ယခုသီတင်းပတ်အတွင်း အလားအလာရှိသော ဆွေးနွေးပွဲများသို့ အာရုံပြောင်းသွားခဲ့သည်။ အကယ်၍ တနင်္လာနေ့တွင် အပစ်အခတ်ရပ်စဲရေး မရှိပါက ရုရှားအပေါ် ခြိမ်းခြောက်လာသော နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက် လုပ်ဆောင်မည်ဆိုသည်ကို ဥရောပခေါင်းဆောင်များက ပြောကြားခြင်း မရှိသေးပါ။

ထရန့်၏မှတ်ချက် မပေးမီတွင် ဇလန်းစကီးက ပူတင်၏ကမ်းလှမ်းချက်ကို “ အပြုသဘော ဆောင်သောလက္ခဏာ” ဟု ခေါ်ဆိုပြီး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို မော်စကိုမှ ပထမဆုံးသဘောတူရန် ကိ့ဗ်မှ မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ ယူကရိန်း၏ ဥရောပမဟာမိတ်များကမူ ပူတင်၏ကမ်းလှမ်းချက်ကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပြီး အပစ်အခတ်ရပ်စဲရေး မတိုင်မီ ဆွေးနွေးပွဲအသစ်များ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီ၏ အဓိပတိအသစ်ဖြစ်သော မာ့ဇ် (Merz) က “လက်နက်ပစ်ခတ်ခံများ ငြိမ်သက်သွားပြီးမှ ဆွေးနွေးပွဲများ စတင်နိုင်မည်” ဟု ပြောကြားခဲ့သည်။ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တပ်ခ် (Donald Tusk) က ရုရှား၏ “ချက်ခြင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ထူးခြားသောဆုံးဖြတ်ချက်” ကို တစ်ကမ္ဘာလုံးက စောင့်မျှော်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် က ပူတင်၏ တန်ပြန်ကမ်းလှမ်းမှုသည် မလုံလောက်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလကတည်းက သြဇာလွှမ်းမိုးမှု ကျဆင်းလာခဲ့သည့် ယူကရိန်းဆိုင်ရာ ထရန့်အုပ်ချုပ်ရေး၏ အထူးကိုယ်စားလှယ် ကိ့ကဲလ်လော့ဂ် (Keith Kellogg) က ဆွေးနွေးပွဲများ မတိုင်မီ အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ရမည် “အခြားနည်းလမ်းကို လှည့်ပတ်လုပ်ဆောင်ရန်မဟုတ်” ဟု ဥရောပတိုက်များ၏ ပြောဆိုချက်များကို ပဲ့တင်ထပ်ပြီး ပြောဆိုခဲ့သည်။

သို့သော် ထရမ့်က ၎င်း၏ အစောပိုင်းတောင်းဆိုချက်ဖြစ်သည့် ရုရှားမှ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီရန်ကိစ္စကို စွန့်လွှတ်ခဲ့ပြီး ယူကရိန်းအား ကြိုတင် သတ်မှတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် တောင်းဆိုတိုက်တွန်းခဲ့သည်။

ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များသည် သမ္မတပူတင်တွင် စစ်ပွဲကိုရပ်ရန်ဆန္ဒမရှိကြောင်း ထရန့်အားကြိုးစားစည်းရုံးရန် လအတန်ကြာ ကြိုးပမ်းခဲ့ပြီး ရုရှားအနေနှင့် အမေရိကန်သမတက အထူးလိုလားနေသည့် ငြိမ်းချမ်းရေးရရှိအတွက် အပစ်အခတ် ရပ်စဲရေးကို သဘောတူညီချင်မှုရှိမရှိကို စမ်းသပ်မှုအဖြစ် လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့သည်။

တူရကီ နိုင်ငံကဆွေးနွေးပွဲများကို လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

ဆွေးနွေးပွဲအတွက် စင်မြင့်ကို ပြင်ဆင်နေပြီ ဖြစ်ပြီး ပူတင်သည် တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်နှင့် တနင်္ဂနွေနေ့တွင် စကားပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အာဒိုဂန်က ပူတင်၏ အဆိုပြုချက်ကို အပြည့်အ၀ ထောက်ခံခဲ့ပြီး အစ္စတန်ဘူလ်ကို ဆွေးနွေးပွဲနေရာအဖြစ် ကမ်းလှမ်းခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

အန်ကာရာသည် ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးရန် အဆင်သင့်ဖြစ်ကြောင်း တူရကီက အတည်ပြုခဲ့ပြီး ဆွေးနွေးပွဲများ မတိုင်မီ အပစ်အခတ်ရပ်စဲရန် ယူကရိန်း၏ မဟာမိတ်များ၏ အဆိုပြုချက်ကို တူရကီက သဘောတူကြောင်း နိုင်ငံ၏ သမ္မတရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ငြိမ်းချမ်းရေးရရှိရန် အခွင့်အလမ်း ပြတင်းပေါက်ကို ဖွင့်ထားကြောင်း အသိအမှတ်ပြုပြီး ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လိုအပ်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးလိမ့်မည်” ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အကယ်၍ ရုရှားက အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ငြင်းဆိုပါက တူရကီသည် ဆွေးနွေးပွဲကို လက်ခံကျင်းပရန် ငြင်းဆိုခြင်း ရှိမရှိကိုမူ ပြောကြားထားခြင်းမရှိပါ။

နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုသည် နေတိုးနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ကာ ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ တူရကီနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး ပူတင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆိုပြုသည့်နေ့တွင် ၎င်းသည် နိုင်ငံအတွင်း၌ ရှိနေမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် ထရမ့်၏ရုရှားအပေါ် တောင်းဆိုမှုကို လျှော့ချခြင်းသည် ချဉ်းကပ်မှုတွင် သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်က ထရမ့်သည် ယူကရိန်းတွင် ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် ရက်သတ်မှတ်ချက်ကို မဖော်ပြဘဲ တောင်းဆိုခဲ့သည်။ “အပစ်အခတ်ရပ်စဲရေးကို မလေးစားရင် အမေရိကန်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက နောက်ထပ် ပိတ်ဆို့ အရေးယူမှု တွေ ချမှတ်လိမ့်မယ်” ဟု ၎င်းက သတိပေးခဲ့သည်။ ကိ့ဗ်ရှိ ဥရောပခေါင်းဆောင်များသည် တနင်္လာနေ့ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ခြင်းဖြင့် ခြိမ်းခြောက်မှုကို အလေးအနက်ထားကာ ထပ်လောင်းပြောကြားခဲ့သည်။

ပူတင်၏ ညနှောင်းပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းမှုသည် ရုရှားအပေါ် ဖိအားများကို ယူကရိန်းသို့ ပြန်ပြောင်းရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ယူကရိန်းစစ်ဗိုလ်ချုပ် ရက်ချန်ကို (Radchenko) က ပြောကြားခဲ့သည်။

” ထရန့်က တိုက်ရိုက်တွေ့ဆုံဆွေးနွေးစေလိုတာကို ပူတင်က သိပါတယ်” ဟု ရက်ချန်ကိုက ပြောကြားခဲ့သည်။ “ အခု၊ ‘ကြည့်စမ်း၊ ကျွန်တော်တို့က ဆွေးနွေးမှုတွေ ကမ်းလှမ်းခဲ့ပြီ။ (မလိုက်နာရင်) ယူကရိန်းနိုင်ငံသားတွေက ငြိမ်းချမ်းရေးမလိုလားသူတွေ ဖြစ်မှာပေါ့’ ဟု ပြောခဲ့ပြီး ပူတင်က ဘောလုံးကို ကိ့ဗ်ဖက်ကို ပို့မှာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားကို အမြန်ဖြတ်ကျော်ပြေးရန် ကြိုးပမ်း ခဲ့ကြသလား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက် အီရန်၏ ပစ်မှတ်ထားခြင်းခံရသည့် သင်္ဘောသုံးစင်းအနက် နှစ်စင်းမှာ ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းဖြစ်သည့် MSC ပိုင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောနှစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် သင်္ဘောများ သိမ်းဆည်းခံရမှု။ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောနှစ်စင်းကို သိမ်းဆည်းပြီး အီရန်ပိုင်နက်ရေပြင်သို့ ရွှေ့ပြောင်းလိုက်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC)
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

  • 2026 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက် အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရရှိလုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လက်ထောက်များက
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား