နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့် နဲ့ ပတ်သက်တဲ့ ပို့စ်တချို့ကိုတင်မိတဲ့အတွက် နောင်တရတယ်လို့ အီလွန်မာ့ခ်ဆို

၂၀၂၅ခုနှစ်၊ ဇွန်လ ၁၁ရက်

ဘီလျံနာသူဌေးကြီး အီလွန်မာ့ခ် သည် ဆိုရှယ်မီဒီယာပေါ်တွင် စကားစစ်ထိုးနေစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့်ပတ်သက်သော ပို့စ်အချို့ကိုတင်မိသည့်အတွက် နောင်တရမိကြောင်း ပြောကြားခဲ့သည်။

“ရေးတာကအရမ်လွန်သွားတယ်” ဟု ၎င်း၏ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X တွင် မာ့ခ်ကရေးသားခဲ့သည်။

Tesla ပိုင်ရှင်သည် ၎င်း၏အိမ်ဖြူတော်တာဝန်မှ နုတ်ထွက်ပြီး ထရန့် ၏ အခွန်ဥပဒေ မူကြမ်းကို “စက်ဆုပ်ရွံရှာဖွယ်” ဟုခေါ်ဆိုပြီးနောက် ၎င်းတို့နှစ်ဦးသည် လူအများကြားတွင် အခြေအတင်ဖြစ်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က New York Post နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရင်ကြားစေ့ရေး ဖြစ်နိုင်ခြေ ရှိကြောင်း ကို ထရန့်က ပွင့်ပွင့်လင်းလင်းပြောခဲ့ပါသည်။  ထရန့် က အခုလိုကွဲကွာ သွားခြင်း အပေါ် “အနည်းငယ်စိတ်ပျက်မိသည်” ဟုဆိုသော်လည်း “ခွင့်မလွှတ်နိုင်လောက်သည့် ခက်ခဲသော ခံစားချက်” မရှိကြောင်း ပြောကြားခဲ့သည်။

“သူဒီလိုပြောတာကို အရမ်းခံစားရလို့ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မာ့ခ် ရဲ့ ဆိုရှယ်မီဒီယာမှာ ခပ်ပြောင်ပြောင် တင်းတင်းမာမာရေးသားမှုနဲ့ ပတ်သက်ပြီးထရန့် က ပြောသည်။

ကြီးမားသောအခွန်ဖြတ်တောက်မှုနှင့် ကာကွယ်ရေးအသုံးစရိတ်များ အပါအဝင် ဘတ်ဂျက်ကို ပြီးခဲ့သည့်လက အောက်လွှတ်တော်က အတည်ပြုခဲ့ပြီး ယခုအခါ အထက်လွှတ်တော် အမတ်များ က ထည့်သွင်းစဉ်းစားလျက်ရှိသည်။

“ဒီဥပဒေကြမ်းကို သတ်ပစ်ဖို့” ၀ါရှင်တန်မှာ ရှိနေတဲ့ ကိုယ်စားလှယ်တွေကို အမေရိကန်တွေ က ခေါ်ယူဖို့ မာ့ခ်ကတိုက်တွန်းခဲ့ပြီး  “နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ စီးပွားရေးကျဆင်းမှုကို ဖြစ်စေမယ်” လို့ သူယုံကြည်ကြောင်း တိုက်တွန်းခဲ့ပါသည်။

နှောင်းပိုင်းလိင်ပိုင်းဆိုင်ရာရာဇဝတ်မှု ကျူးလွန်သူဂျက်ဖရီအက်ပ်စ်တိန်း( Jeffrey Epstein) နှင့် ထရန့်နှင့် ဆက်စပ်နေသည့် မထုတ်ဝေရသေးသော အစိုးရဖိုင်များတွင် ထရန့်သည် ပါဝင် လာသည်ဟု နည်းပညာလုပ်ငန်းရှင်က အခိုင်အမာဆိုခဲ့သည်။ အိမ်ဖြူတော်က အဲဒီစွပ်စွဲချက် တွေကို ပယ်ချခဲ့ပါတယ်။

တုံ့ပြန်သည့်အနေဖြင့် ထရန့် က မာ့ခ် သည် “စိတ်ပျက်သွားပြီ” ဟုဆိုခဲ့ပြီး ခန့်မှန်းခြေ တန်ဖိုးဒေါ်လာ ၃၈ ဘီလီယံ (ပေါင် ၂၈ ဘီလီယံ) ရှိသော မာ့ခ်၏ အစိုးရစာချုပ်များကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထင်ရှားသောအစိတ် အပိုင်းတစ်ခုသည် မာ့ခ် ၏ အာကာသနည်းပညာကုမ္ပဏီ SpaceX သို့ဖြစ်သည်။

” ဒါဟာ အလွန်ဆိုးရွားတယ်လို့ ကျွန်တော်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့သူဟာ ရိုသေလေးစားမှု လုံးဝမရှိပါဘူး၊  သမ္မတရဲ့ ရုံးခန်းကို ခင်ဗျား မလေးစားလို့မရပါဘူး” ဟု ထရမ့်က NBC နှင့် အင်တာဗျူးတွင် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

မာ့ခ်သည် ထရန့် ကိုစွပ်စွဲ ပြစ်တင်ရန် တောင်းဆိုမှု တစ်ခုအပါအဝင် သီတင်းပတ်ကုန်တွင် သူ၏တင်ထားမှုအများအပြားကိုပြန်ဖြုတ်ချပစ်ခဲ့သည်။

မာ့ခ် သည် ထရန့်၏ ၂၀၂၄ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် အများဆုံး အလှူရှင်ဖြစ်ပြီး သမ္မတ၏ညာလက်ရုံးအဖြစ်သတ်မှတ်ခံထားရသည်။

ထရန့် လက်ထောက်ဟောင်း စတိ့ဗ် ဘင်နွမ် (Steve Bannon) က တောင်အာဖရိကမှာ မွေးဖွားခဲ့တဲ့ မာ့ခ် ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုလိုက်သည်။

အမေရိကန်ဒုတိယသမ္မတဂျေဒီဗန့်က ထရန့်သည့်မာ့ခ် ကိုစိတ်ပျက်နေသော်လည်း သမ္မတသည် Tesla CEO နှင့်ရေရှည်အငြင်းပွားနေရန် မလိုလားကြောင်းပြောကြားခဲ့သည်။

ဗန့် ကလည်း သူသည် ထရန့် နှင့် မာ့ခ်တို့ နှစ်ဦးစလုံးကိုစကားပြောဆိုခဲ့ကြောင်းနှင့် အစိုးရကို ဘီလီယံနာအလှူရှင်(မာ့ခ်) ကဆက်လက်ထောက်ခံနေသေးသော အကြောင်း ပြောခဲ့သည်။

ရီပတ်ဘလီကန်အများစုသည် ၎င်းတို့နှစ်ဦးကို ရင်ကြားစေ့ရန် တောင်းဆိုထားသော်လည်း ရန်စဖြစ်ပွားနေချိန်တွင် ဒီမိုကရက်များက စောင့်ကြည့်နေကြသည်။

မာ့ခ် ကသူဦးစီးတဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်မှုဌာန (Department of Government Efficiency) (Doge) လို့အတိုကောက်ခေါ်တဲ့ဌာနက ဖက်ဒရယ်အသုံးစရိတ်ကို ၁၂၉ ရက်အတွင်း ဖြတ်တောက်ပစ်မယ်လို့ ကတိပေးခဲ့တဲ့ မာ့ခ် က နုတ်ထွက်ပြီး မကြာခင်မှာပဲ သူတို့ရဲ့ ပြိုကွဲမှု ထွက်ပေါ်လာတာပါ။ ယခုအချိန်အထိ အဆိုပါဖြတ်တောက်မှုမှာ သေးငယ် သွားပုံရသည်။ သူထွက်ခွာသွားပြီးနောက်၊ သူငှားရမ်းထားသော Doge ဝန်ထမ်း အများ အပြားသည် ဗဟိုအစိုးရအေဂျင်စီအမျိုးမျိုးတွင် ဆက်လက် လုပ်ကိုင် နေခဲ့ကြသည်။

BBC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက