နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အရှေ့အလယ်ပိုင်း အီရန်

ရုရှားကအီရန်မှာနျူကလီးယား ဓာတ်အားပေး စက်ရုံ လေးခုတည်ဆောက်ပေးမည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ရက်

ဘုရှ်ရှီဟာ Bushehr ဒေသတွင် နျူကလီးယား ဓာတ်အားပေး စက်ရုံ လေးခုအပါအဝင် အီရန်တွင် နျူကလီးယား ဓာတ်အားပေး စက်ရုံ ၈ ရုံ တည်ဆောက်ရန် ရုရှားက သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ IRNA ၏ တနင်္လာနေ့တွင် အီရန်အနုမြူစွမ်းအင်အဖွဲ့ အကြီးအကဲကို ကိုးကား၍ အစီရင်ခံစာတစ်စောင်အရ သိရသည်။

ဧပြီလတွင် အီရန်ရေနံဝန်ကြီး မိုရှန် ပက်နီဂျတ် (Mohsen Paknejad) က ရုရှားသည် အီရန်တွင် နျူကလီးယားစက်ရုံအသစ်တည်ဆောက်ရန် ငွေကြေးထောက်ပံ့မည်ဟု ပြောကြားခဲ့သည်။

.

နှစ်နိုင်ငံသည် “ နျူကလီးယား စွမ်းအင် စက်ရုံသစ်များ ဆောက်လုပ်ခြင်းနှင့် မော်စကို၏ ခရက်ဒစ် လိုင်းကို အသုံးပြု၍ Bushehr ဓာတ်အားပေး စက်ရုံ၏ အဆင့် ၂ နှင့် ၃ ကို ပြီးစီးခြင်း” ကိုဆောင်ရွက်ခဲ့သည်ဟု ပက်နီဂျပ် (Paknejad) က ပြောကြားခဲ့သည်။

ရုရှားသည် အီရန်နိုင်ငံတောင်ပိုင်းရှိ ဘုရှ်ရှီဟာ (Bushehr) တွင် ၎င်း၏ ပထမဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုတည်ဆောက်ရန် ကူညီခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖယ်ဂေ့ါစီ (Rafael Grossi) က Financial Times နှင့် သောကြာနေ့ တွေ့ဆုံမေးမြန်းခန်းတွင် အီရန်သည် နျူကလီးယားစွမ်းအင်သုံး နိုင်ငံများနှင့် ဆွေးနွေးရာတွင် ၎င်း၏ “အကြီးမားဆုံးသော အာရုံစူးစိုက်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံ- ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ မာဆွပ် ပီဇက်ကီရင် (Masoud Pezeshkian) တို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဇန်နဝါရီ ၁၇၊ ၂၀၂၅ ခုနှစ် စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။(ဓာတ်ပုံ – REUTERS/Evgenia Novozhenina/Pool/File Photo)

ဂျေရုဆလင်ပို့စ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးက ခရစ်ယန် ဘုရားကျောင်းကို တိုက်ခိုက်ပြီးနောက် ခရစ်ယာန် ခေါင်းဆောင်များသည် ဂါဇာသို့ ရှားရှားပါးပါး သွားရောက်ခဲ့ကြသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 13 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ရက် ကက်သလစ်နှင့် ဂရိသြသိုဒေါက်ဘုရားကျောင်းမှ ခေါင်းဆောင်များသည် ဂါဇာရှိ တစ်ခုတည်းသော ကက်သလစ်ဘုရားကျောင်းကို အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 25 Views
CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော်အဖြစ် စီမံကိန်းသည် ‘ချွေးတပ်စခန်း ‘ ဖြစ်လာမည်ဟု အစ္စရေးခေါင်းဆောင်ဟောင်းက ပြောကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ရက် ဂျေရုဆလင် CNN — ပါလက်စတိုင်းထောင်ပေါင်းများစွာကို ထားရှိရန် ရည်ရွယ်ထားသည့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “မြို့” ဆိုသည်မှာ “ချွေးတပ်စခန်း”တခု ဖြစ်လာမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မည့် အစီအစဉ်သစ်ကို ကြေညာပြီး ရုရှားကို ငြိမ်းချမ်းရေးရယူရန် နောက်ဆုံးရက်အသစ်သတ်မှတ် ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 25 Views
CNN —ဇူလိုင် ၁၄၊ ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ရုရှားအား ဖိအားပေးရန် ရည်ရွယ်ထားသည့် အဆင့်နှစ်ဆင့်ဖြစ်သည့် ကိယက်ဗ်မြို့သို့ လက်နက် အသစ်များ ဖြန့်ကျက်ခြင်းနှင့် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးမရပါက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 45 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

စုတ်ပြတ်သတ်နေသော်လည်း ဦးကျိုးမသွားဘဲ ဟားမတ်စ်သည် ပျောက်ကျားနည်းဗျူဟာများကို အသုံးပြုပြီး သတ်ဖြတ်နိုင်သည့် အင်အားရှိနေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 25 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် အသေအပျောက်ရှိသော အံ့အားသင့်ဖွယ် တိုက်ခိုက်မှုသည် ၎င်း၏တည်ရှိသည့်နေရာနှင့်အတူ တုန်လှုပ်ဖွယ်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ တနင်္လာနေ့ညတွင် အစ္စရေးစစ်သားတစ်စုသည် နယ်စပ်စည်းရိုးမှ တစ်မိုင်ခန့်အကွာတွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များ အသုံးပြုသော လမ်းကြောင်းအတိုင်းဖြတ်၍
နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 29 Views
CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက် အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ်