နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်ခြင်း

CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်

အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အီနာယာတူလာ ခါဝါရာဇ်မီ က ဤတိုက်ခိုက်မှုသည် ပါကစ္စတန်က အာဖဂန်လေပိုင်နက်ကို ကျူးကျော်သည့်အတွက် လက်တုံ့ပြန်သည့် စစ်ဆင်ရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် သန်းခေါင်ယံတွင် ပြီးဆုံးခဲ့ကြောင်းလည်း သူက ဆိုသည်။

“ တစ်ဖက်နိုင်ငံမှ အာဖဂန်နစ္စတန်၏ လေပိုင်နက်ကို ထပ်မံကျူးကျော်လာပါက ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိတို့၏ လေပိုင်နက်ကို ကာကွယ်ရန် အသင့်ရှိနေပြီး ပြင်းထန်သော တုံ့ပြန်မှု ပြုလုပ်သွားမည် ဖြစ်သည်” ဟု ခါဝါရာဇ်မီက ပြောကြားခဲ့သည်။

တိုက်ပွဲများ ပြီးဆုံးသွားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ ပါကစ္စတန်ဘက်မှ ချက်ချင်းတုံ့ပြန်မှု မရှိသေးပေ။ နယ်စပ်သည် ၂,၆၀၀ ကီလိုမီတာ (၁,၆၁၅ မိုင်) ရှည်လျားသည်။

အာဖဂန်တာလီဘန်အစိုးရသည် ပါကစ္စတန်ကို တိုက်ခိုက်နေသည့် ပါကစ္စတန် တာလီဘန် စစ်သွေးကြွများအား ခိုလှုံခွင့်ပေးထားပြီး၊ ထိုစစ်သွေးကြွများသည် ပါကစ္စတန်၏ ပြိုင်ဘက် အိန္ဒိယနိုင်ငံ၏ ထောက်ပံ့မှုဖြင့် တိုက်ခိုက်နေသည်ဟု အစ္စလာမာဘတ်က စွပ်စွဲထားသည်။ နယူးဒေလီကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုပြီး၊ တာလီဘန်များကလည်း ၎င်းတို့၏ နယ်မြေကို အခြားနိုင်ငံများအား တိုက်ခိုက်ရန် အသုံးပြုခွင့် မပြုကြောင်း ပြောဆိုသည်။

ယခုအပတ်အတွင်းက ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုသည် ကဘူးလ်မြို့တွင် ယာဉ်တစ်စီးဖြင့် ခရီးသွားနေသော ပါကစ္စတန် တာလီဘန် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် တစ်ဦးကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် လုံခြုံရေးအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းအသက်ရှင် မရှင် မရှင်းလင်းပေ။ အစ္စလာမာဘတ်က ၎င်းတို့၏ သည်းခံမှု ကုန်ဆုံးသွားပြီဖြစ်ကြောင်း ကဘူးလ်သို့ သတိပေးထားသည်။

တာလီဘန်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးသည် ယခုအပတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရာ၊ ၎င်းမှာ ၂၀၂၁ ခုနှစ်တွင် တာလီဘန်များ အာဏာရပြီးနောက်ပိုင်း တာလီဘန်အရာရှိကြီးတစ်ဦး၏ ပထမဆုံး အလားတူခရီးစဉ် ဖြစ်သည်။ နှစ်ဖက်စလုံးက ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ ထိုခရီးစဉ်သည် ပါကစ္စတန်အတွက် နောက်ထပ် စိုးရိမ်မှုများကို တိုးပွားစေခဲ့သည်။

တာလီဘန်များ အာဏာရလာပြီးနောက်ပိုင်း ပါကစ္စတန်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ပါကစ္စတန်-အာဖဂန် တာလီဘန်နယ်စပ် ခံတပ်စခန်း (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ