နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ MDY-PDF ဖိတ်ခေါ်

ဇန်နဝါရီလ (၁၃)ရက်။

စစ်ကိုင်းတပ်မဟာမှာ ပါဝင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ဖို့အတွက် အတူရုန်းကန်လှုပ်ရှားကြဖို့ MDY-PDF ရဲ့ ဒီကနေ့မှာ ဖိတ်ခေါ်ထားချက်အရ သိရပါတယ်။

“ မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တစ်နိုင်ငံလုံး လွတ်မြောက်ရေးဆီသို့” ဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က စစ်ကိုင်းတပ်မဟာထဲ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

နွေဦးတော်လှန်ရေးထဲက လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍဟာ မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်ရေးနယ်မြေတွေအနေနဲ့ ပြောင်းလဲစေနိုင်ဖို့က အခုနှစ်အတွက် အသက်တမျှ အရေးကြီးတယ်လို့ ပြောဆိုထားပါတယ်။

စစ်အာဏာရှင်နဲ့အတူ အာဏာရှင်အဆက်ဆက် ခြေကုတ်ယူတဲ့ မြေပြန့်ဒေသတွေကို ပြည်သူ့လွတ်မြောက်နယ်မြေတွေအနေနဲ့ ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF နဲ့အတူ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်ချိတ်ဆက်ပြီး စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အခုနှစ်ကစပြီး MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တပ်မဟာသစ်တစ်ခု ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အသိပေးထားတာပါ။

ဒါ့အပြင် MDY-PDF အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားကန့်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သားအများအပြား ထိခိုက်သေဆုံးတာတွေရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 4 Views
ဇန်နဝါရီလ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စုထဲက ‌ကျောက်မျက်တူးဖော်တဲ့ မြေစာပုံနေရာအချို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက
မြန်မာသတင်း

မြင်းခြံရှိ စစ်ကောင်စီလက်အောက်ခံတွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 1 Views
ဇန်နဝါရီလ (၁၃)ရက်။ မြင်းခြံမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ၊ ရဲ‌တွေနဲ့ လက်နက်ကိုင်တွေ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ မြင်းခြံခရိုင် အမှတ်(၄-၁၀)တပ်ရင်းတို့က မနေ့က ဖိတ်ခေါ်ထားတယ်လို့
မြန်မာသတင်း

နန်းမြင့်တောင်စွယ်မှာ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး (၁၀၀)ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 10 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က တောင်သာမြို့ နန်းမြင့်တောင်စွယ်ကို စစ်ကြောင်းထိုးဖို့ရောက်နေတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီး (၁၀၀)ပါစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့က တောင်သာ
မြန်မာသတင်း

မြင်းခြံမှာ ပျူအမျိုးသမီးခေါင်းဆောင် သီတာယုမွန်အဖွဲ့ အတိုက်အခိုက်ခံရ ပျူဘက်မှာ အကျအဆုံးများဟုဆို

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 20 Views
ဇန်နဝါရီလ (၁၂) ရက်။ မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင် နန်းမြင့်တောင်အနီး ဒီကနေ့ ဇန်နဝါရီလ (၁၂) ရက် မနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်စစ်သတင်းရင်းမြစ်တွေက ပြောပါတယ်။ သီတာယုမွန်အဖွဲ့ဟာ ကြားဖြတ်အတိုက်ခံရတာဖြစ်ပြီး အကျအဆုံးများခဲ့တယ်လို့
မြန်မာသတင်း

ဆိုးဆိုးဝါးဝါး မီးပျက်နေတဲ့ ရန်ကုန်မှာ မီးစက်နဲ့ ဆိုလာကုန်စည်ပြပွဲပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 17 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့ကစပြီး ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်း အင်းယားလိတ်ဟိုတယ်အနီးက Yangon Convention Center မှာ မီးစက်နဲ့ ဆိုလာ ကုန်စည်ပြပွဲကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ မီးစက်နဲ့ ဆိုလာကုန်စည်ပြပွဲကို Myanmar DPES Exhibition
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 15 Views
ဇန်နဝါရီလ (၁၂)ရက်။ ဇန်နဝါရီလ (၁၀)ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်တာ မလုံလောက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ ကျဆုံးခဲ့ရသူဟာ ပုဒ်မ ၅၁(ဂ)နဲ့ ၅၂(ခ)တို့နဲ့ ထောင်ဒဏ်
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ PDF ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံအထိရောက်လာလို့ စစ်ကောင်စီ အင်အားထပ်ဖြည့်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 21 Views
ဇန်နဝါရီလ (၁၂) ရက်။ ရက္ခိုင့်တပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွှေသောင်ယံမြို့အထိ ထိုးစစ်ဆင်ရောက်ရှိလာပြီလို့သိရပြီး ထိတွေ့တိုက်ပွဲတွေမှာလည်း နှစ်ဖက်အကျအဆုံး ရှိတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက
မြန်မာသတင်း

လှိုင်သာယာမှာ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတုပြုလုပ်သူ (၉)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 23 Views
ဇန်နဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတုတွေ ပြုလုပ်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတူတွေကို အခကြေးငွေယူပြီး ပြုလုပ်ရောင်းချနေတာကို သတင်းရရှိတာကြောင့်