နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တောင်းဆိုချက်တွေကို အမေရိကန်ထံ ရုရှားပေးပို့ထား

+++++++++++++++++++++++++

ယူကရိန်းနဲ့စစ်ပွဲကို အဆုံးသတ်ပြီး ဝါရှင်တန်နဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်မယ့် သဘောတူညီချက်အတွက် အမေရိကန်ကို ရုရှားကတောင်းဆိုချက်တွေ ပေးပို့ထားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ စကားကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရုရှားက ယူကရိန်းနဲ့စစ်ပွဲအဆုံးသတ်ရေးအတွက် တောင်းဆိုချက်တွေ ပေးပို့ထားကြောင်း သတင်းရင်းမြစ်နှစ်ခုက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

၂၀၂၂ ခုနှစ်က စတင်ဖြစ်ပွါးခဲ့တဲ့ ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲကို ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အမေရိကန်အစိုးရက အဆိုပြုခဲ့ပြီးတဲ့နောက်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်အစိုးရ နှစ်ရပ်ကြား လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်ကတည်းက ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့လည်း အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ကရင်မလင်ရဲ့ တောင်းဆိုချက်တွေဟာ အရင်က ရုရှားနိုင်ငံအနေနဲ့ ယူကရိန်း၊ အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်တွေကို တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေနဲ့ ဆင်တူနေပါတယ်။ အရင်က တောင်းဆိုမှုတွေမှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် မသတ်မှတ်ပေးဖို့၊ ယူကရိန်းမှာ နိုင်ငံခြားတပ်တွေအခြေမစိုက်ဖို့နဲ့ ခရိုင်းမီးယားအပါအဝင် ဒေသ ၄ ခုကို ရုရှားပိုင်နက်အဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုခဲ့တာပါ။

ယူကရိန်းသမ္မတ ဇလန်စကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူမယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုပြောဆိုထားပါတယ်။ အလားတူ ရုရှားသမ္မတ ပူတင်ကလည်း ဆွေးနွေးပွဲအတွက် ကတိကဝတ်ပြုထားပေမယ့် လက်ရှိအချိန်ထိတော့ မသေချာသေးပါဘူး။ ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို ဘယ်လို၊ ဘယ်ပုံ ချဉ်းကပ်ဆောင်ရွက်နေတယ်ဆိုတာကို ဒေါ်နယ်ထရန့်အစိုးရက လူသိရှင်ကြားရှင်းပြထားခြင်းမရှိပေမယ့် အမေရိကန်-ရုရှားဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ ယူကရိန်းစစ်ပွဲ သဘောတူညီချက်အတွက်အဆိုပြုချက်နှစ်ခုကို အဓိက ဆွေးနွေးဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရုရှားနိုင်ငံအနောက်ပိုင်းက ယူကရိန်းတို့ သိမ်းပိုက်ထားတဲ့ ကာ့စ်ခ်မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီးနောက်မှာ တောင်းဆိုချက်နဲ့ ပတ်သက်တဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ယူကရိန်းဘက်ကတော့ ကာ့စ်ခ်မြို့နဲ့ ပတ်သက်ပြီး လိုအပ်သလို စစ်ဆင်းရေးပြုလုပ်သွားဦးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 104 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက