နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

The Hague တွင် ထိန်းသိမ်းခံထားရသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး(Duterte) သည် မွေးရပ်မြို့ မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

၂၀၂၅ခုနှစ်၊ မေလ ၁၃ရက်။

နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုအဖြစ် လူသတ်မှုစွဲချက်ဖြင့် ရင်ဆိုင်နေရချိန်၌ပင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် ဒါဗာအို မြို့တော်ဝန်အဖြစ် ရွေးကောက်ခံရရန် သေချာသလောက် ရှိနေခဲ့သည်။

မနီလာမြို့ ။ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် တနင်္လာနေ့တွင် အပြတ် အသတ်ဖြင့် ၎င်း၏ မြို့တော်ဝန်အဖြစ်အနိုင်ရရန်ကြိမ်းသေသလောက်ရှိနေပြီး ယခုအခါ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုင်ရာ ရာဇ၀တ်မှုဖြင့် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးတွင် ထိန်းသိမ်းခံထားရသည်။

တရားဝင်မဟုတ်သောစာရင်းကောက်ယူမှုအရမဲ ၈၀% ထောက်ခံမဲကိုရရှိထားပြီး ဒူတာတေး သည် သူ၏မူးယစ်ဆေးဝါးအပေါ် စစ်ပွဲဆင်နွဲမှုတွင် လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ သည့် ပြစ်မှုအတွက် မတ်လတွင် The Hague သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသော် လည်း သူ၏ အနီးကပ်ဆုံးပြိုင်ဘက်ထက်မဲ ၈ ဆပိုများစွာရရှိထားပြီး ဒါဗာအို (Davao) မြို့တော်ဝန် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။

နိုင်ငံတစ်ဝှမ်း ကြားဖြတ်ရွေးကောက်ပွဲများအတွင်း အောင်ပွဲခံခြင်းသည် ရာဇ၀တ်မှု ကျူးလွန်သူအဖြစ် ဂုဏ်သတင်းကျော်ကြားမှုရှိခဲ့သော်လည်း တောင်ပိုင်းမြို့၌ အသက် ၈၀ အရွယ်၏ တာရှည်ခံသြဇာလွှမ်းမိုးမှုကို သက်သေပြခဲ့ပြီး၊ သူ့အားအမည်ပြောင် ဒူတာတေး ဟဲယ်ရီ(Duterte Harry) နှင့် အပစ်ပေးသူ (“The Punisher”) ဟု ခေါ်ခြင်းခံခဲ့ရသည်။

ဒူတာတေး ၏ Facebook အကောင့်ဟောင်းတွင် ထောက်ခံသူများထံမှ ဂုဏ်ပြုစာတိုများဖြင့် ပြည့်လျှံနေပြီး အချို့က သူ့အားပြန်လာပြီး ပြည်သူများကိုအလုပ်အကြွေးပြုရန် တောင်းဆိုနေပါသည်။

“ဂုဏ်ယူပါတယ် တာတေး (အဖေ) ဒူ! သူ့ကို အိမ်ပြန်ခေါ်ကြရအောင်” လို့ မှတ်ချက်တစ်ခုမှာ ဖတ်ခဲ့ရသည်။ ဒူတာတေးသည် ICC တွင် ရုံးတင်စစ်ဆေးခံရသည့် ပထမဆုံး အာရှနိုင်ငံတော် အကြီးအကဲ တဦးဖြစ်လာနိုင်သည်။

ICC ၏ တောင်းဆိုမှုကြောင့် ဖိလစ်ပိုင်ရဲများက သူ့ကို အံ့အားသင့်စွာ ဖမ်းဆီးခဲ့ခြင်းသည် သူအား ထောက်ခံသူများအကြားတွင် ဒေါသဖြစ်စေခဲ့ပြီး ၎င်းကို နိုင်ငံခြား တရားရုံး တစ်ခု၏ တောင်းဆိုချက်အရ ပြန်ပေးဆွဲခံရမှုဟု ခေါ်တွင်ခဲ့သည်။

သူ၏မူးယစ်ဆေးဝါး နှိမ်နင်းရေး ဖြိုခွင်းမှုအား ခုခံကာကွယ်ခဲ့ပြီး သူ့အား ဖမ်းဆီးမှုသည် ဥပဒေနှင့် မညီဟု သူ၏ ဥပဒေအဖွဲ့မှ ပြောကြားခဲ့သည်။ ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် စာချုပ်မှ နုတ်ထွက်ခြင်းမပြုမီ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး တရားစွဲရန် စီရင်ပိုင်ခွင့်ရှိသည်ဟု ICC ကဆိုပြီးသူ့အား ဆက်လက်ထိန်းသိမ်း ထားခဲ့သည်။

ICC ၏အမှုတွင် ဒူတာတေးသည် မြို့တော်ဝန်ဖြစ်ခဲ့စဉ် ဒါဗာအို တွင် ရာဇ၀တ်မှုဆိုင်ရာ သံသယရှိသူများအား သတ်ဖြတ်ခြင်း အပါအဝင် ရာဇ၀တ်မှုကျူးလွန်သည်ဟု စွပ်စွဲ ထားသော်လည်း၊ သူက ငြင်းဆိုထားသည်။ သူ့အားဖမ်းဆီးမှုသည် ဒါဗာအိုတွင်ရှိ သူနှင့် သူ၏မိသားစု ကို ဒါဗာအိုနှင့် ပိုမိုသောနေရာများတွင် ခိုင်မာသော ထောက်ခံမှုကိုပိုမို ရရှိ စေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

သမ္မတဟောင်း၏သားနှစ်ဦးသည် တနင်္လာနေ့တွင် ဝင်ရောက်သည့်နယ်မြေတို့မှ အနိုင်ရ ရန်စီစဉ်ထားပြီး၊ တစ်ဦးက ကွန်ဂရက်လွှတ်တော် အမတ်နေရာတွင် ပြန်လည် အရွေးခံရပြီး အခြားတစ်ဦးမှာ ဒါဗာအို ဒုတိယမြို့တော်ဝန်အတွက် ဝင်ရောက်ယှဉ်ပြိုင်မှုတွင် အနိုင်ရရှိပြီး ဖခင်မရှိစဥ်ကိုယ်စား မြို့တော်ဝန်တာဝန်ကို ထမ်းနိုင်ဖွယ်ရှိသည်။

ဒါဗာအိုတွင် မိသားစု၏ နိုင်ငံရေး ခံနိုင်ရည်ရှိမှုနှင့် ကြီးစိုးမှုသည် ဒူတာတေး ၏ နာမည်ကြီး သမီးဖြစ်သူ ဒုသမ္မတ ဆာရာ ဒူတာတေးအား စွပ်စွဲပြစ်တင်မှုဖြင့် တရားရင်ဆိုင်နေ ရခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ခံရပါက နိုင်ငံရေးမှ တစ်သက်လုံး ပိတ်ပင်ခံရနိုင်ပြီး သမ္မတလောင်းဖြစ်ရန် မျှော်လင့်ချက်ကို သတ်ပစ်ခံရမည့် အခြေအနေဖြစ်သည်။

တနင်္လာနေ့ အစောပိုင်းက ဖခင်ဖြစ်သူ၏ အောင်ပွဲခံနိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းရာတွင် သူမဖခင်အတွက် မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် အစီအစဥ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရွေးခံရကြောင်း ကြေငြာချက်စာရွက်တွေရပြီဆိုတာနှင့် သူ(အဖေ) ဘယ်လိုကျမ်းကျိန် နိုင်မလဲဆိုတာကို ICC ရှေ့နေက ဆွေးနွေးမယ်လို့ပြောကြောင်း” သူမက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက