နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အိုး‌ဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့

ဇွန်လ (၁၃)ရက်။

မေလ (၇)ရက်နေ့က အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမတစ်ဦး ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အိုးဘိုထောင်ထဲ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရသူဟာ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဖြစ်ပြီး သူမဟာ Bright Future Federal School မှာ စာသင်ကြားတာကြောင့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

သူမဟာ ထောင်ထဲ တီဘီရောဂါ ခံစားခဲ့ရချိန် ပြင်ပဆေးရုံမှာ ဆေးကုသခွင့် တောင်းခံခဲ့ပေမယ့် မရရှိဘဲ ထောင်ထဲရှိ ဆေးရုံမှာ ဓါတ်မှန်ရိုက်ချိန် အဆုတ်တခြမ်း ပျက်စီးနေတာကြောင့် ထောင်ဆရာဝန်က ပြင်ပဆေးရုံကို လွှဲပြောင်းပေမယ့် ထောင်အာဏာပိုင်တွေက ကုသခွင့်မပြုခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ‌ဒေါ်မြင့်မြင့်သန်းဟာ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပြီး သွေးအန်လွန်းတဲ့အတွက် အသက်သေဆုံးခါနီးမှသာ ထောင်အာဏာပိုင်တွေက ပြင်ပကို ဆေးကုခွင့်ပြုခဲ့တာကြောင့် အချိန်မှီ ဆေးကုသခွင့်မရရှိဘဲ ကျဆုံးခဲ့ရတာလို့ ရေးသားထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေထဲ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာ၊ ကုသခွင့်တောင်းခံပေမယ့် ခွင့်မပေးတာတို့ကြောင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် အကျဉ်းကျခံနေရသူတွေအနေနဲ့ အသက်ဆုံးရှုံးခံနေရတယ်လို့ WOPP က ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းကျခံနေရသူတွေရဲ့ သတင်းတွေကို အမှောင်ချဖုံးကွယ်တာကြောင့် ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်ထိခိုက်တဲ့ အနေအထားတွေကို မျက်ကွယ်ပြုပြီး တာဝန်မဲ့စွာ မတရားပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် WOPP အနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ အခွင့်အရေးချိုးဖောက်နေတာကို စောင့်ကြည့်ဖော်ထုတ်သွားမှာဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့လဲ အရေးယူတာတွေ ပြုလုပ်နိုင်ဖို့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 123 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 87 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို