နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီးက ဒွန်ဘတ်စ် (Donbas) ကို ပေးအပ်ရန် ငြင်းဆိုခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ပူတင်အား အနာဂတ်ထိုးစစ်များအတွက် “ကျော်လွှားလုပ်ဆောင်ခွင့်” ကို ပေးမည်ဟု ဆိုသည်။

CNN- ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၃

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးက အရှေ့ဖက်နယ်မြေ ဒွန်ဘတ်စ်ဒေသကို စွန့်လွှတ်ခြင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ယူကရိန်းတွင် တတိယစစ်ပွဲကို စတင်ရန် တံခါးဖွင့်ပေးခြင်းဖြစ်လိမ့်မည်ဟု အင်္ဂါနေ့က ‌ပြောကြားခဲ့သည်။

ဇလန်းစကီး၏သတိပေးချက်သည် အာလာစကာမှာ သောကြာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်ပူတင်တို့ တွေ့ဆုံခြင်းမပြုမီ ရုရှားသမ္မတသည် ငြိမ်းချမ်းရေး သဘောတူညီချက်ရရန် တစ်စိတ်တစ်ပိုင်း အနေဖြင့် ယူကရိန်းမြေကို တောင်းဆိုမည်ဟု မျှော်လင့်ရသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူတင်၏တင်ပြမှုအခြေအနေများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများရှိနေချိန်တွင်၊ ရုရှားသမ္မတသည် ယူကရိန်းတပ်ဖွဲ့များကို ဒွန်းဘတ်စ် (Donbas) ၏အစိတ်အပိုင်းအားလုံးမှ ဆုတ်ခွာပေးရန် တောင်းဆိုမည်ဟု အများစုက အလေးပေးခန့်မှန်းဖော်ပြကြပြီး ထိုနေရာသည်ရုရှားက ထိန်းသိမ်းထားဆဲဖြစ်သည့် ဒွန်နက်ခ် (Donetsk) ဒေသ၏ အစိတ်အပိုင်းတွင်ပါဝင်နေသည်။

“ ရုရှားအတွက် ဒွန်းဘတ်စ်သည် အနာဂတ်ထိုးစစ်သစ်အတွက် ခုန်ဝင်ရန်နေရာ တစ်ခုဖြစ်သည်။ ကျွန်တော်တို့ ဒွန်းဘတ်စ်ကို ကျွန်တော်တို့ရဲ့ သဘောထားနဲ့ ဆုတ်ခွာခဲ့ပါက ဒါမှမဟုတ် ဆုတ်ခွာဖို့ ဖိအားပေးခံရပါက ကျွန်တော်တို့ တတိယစစ်ပွဲကို စတင်ရလိမ့်မယ်” ဟု ဇလန်းစကီးက သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။ ရုရှားသည် ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် တရားမ၀င် ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့သည်။

“ကျွန်တော့်မှာ လုပ်ပိုင်ခွင့်မရှိလို့ ကိုယ့်နိုင်ငံအနေနဲ့ လက်နက်ချမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ “ဒီနေ့ ဒွန်းဘတ်စ်မှာရှိတဲ့ ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ ခံတပ်တွေ၊ မြေပြင် အနေအထားတွေ၊ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ အမြင့်တွေကနေ ဆုတ်ခွာသွားမယ်ဆိုရင် ရုရှားထိုးစစ်အတွက် ပြင်ဆင်တံတားခင်းပေးသလို ဖြစ်သွားမှာပါ။”

ဇလန်းစကီးနှင့် ယူကရိန်းစစ်ဘက်အရာရှိများက ရုရှားသည် စက်တင်ဘာလတွင် ထိုးစစ်အသစ်တစ်ခုပြုလုပ်ရန် တပ်ဖွဲ့ဝင်များတည်ဆောက်နေပြီဖြစ်ကြောင်း သတိပေးထားသည်။

“မနက်ဖြန်မှာ စစ်ပွဲသစ်မစဘဲ ပူတင်က အနည်းဆုံး နီပရို (Dnipro)၊ ဇာပိုရီရှား (Zaporizhzhia) နဲ့ ခါကိ့ဗ် (Kharkiv) ကို သိမ်းပိုက်ဖို့ မကြိုးစားဘူးလို့ အာမခံမယ့် တစ်ခုတည်းသော အဆိုပြုချက်ကို ကျွန်တော် မကြားမိပါဘူး” ဟု ယူကရိန်းသမ္မတက သတင်းထောက်များအား ပြောကြားခဲ့သည်။

“ နယ်မြေတွေ ဖလှယ်တာဟာ ယူကရိန်းအတွက် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ အတွက် လုံခြုံရေး အာမခံချက်ကနေ ခွဲထွက်၍ မရနိုင်တဲ့ အလွန်ရှုပ်ထွေးတဲ့ ပြဿနာဖြစ်ပါတယ်” ဟု ဇလန်းစကီးက ပြောကြားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဥရောပသမဂ္ဂ၏ ပါဝင်ပတ်သက်မှုသည် အရေးကြီးကြောင်း မှတ်ချက်ပြု ခဲ့သည်။ “ ဥရောပကလွဲပြီး ဘယ်သူကမှ လုံခြုံရေး အာမခံချက် မပေးတဲ့အတွက်ကြောင့် ဖြစ်တယ်” ဟု ဆိုသည်။

ယူကရိန်းသမ္မတက အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံများအားလုံးကြား စကားဝိုင်းကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည်ဟု ယူကရိန်းသမ္မတက ပြောသည်။
ထရန့်က ဇလန်းစကီးသည် သောကြာနေ့ ထိပ်သီးအစည်းအဝေးတွင် ပါဝင်မည် မဟုတ်ကြောင်း အချက်ပြခဲ့သည်။ သို့သော် အမေရိကန်သမ္မတသည် အစည်းအဝေးအပြီးတွင် သူ၏အစီအစဉ်များကို ကြိုတင်သုံးသပ်နောက် အခြားဥရောပ ခေါင်းဆောင်များနှင့်အတူ ကိ့ဗ်ကို ချက်ချင်းဖုန်းဆက်ပြီး ဆွေးနွေးထားမှုကို အတိုချုံးဖော်ပြမည် ဖြစ်သည်။

ထရန့်က ၎င်း၏ ရည်မှန်းချက်သည် နောက်ဆုံးတွင် ပူတင်နှင့် ဇလန်းစကီးတို့၏ ကွဲပြားမှုများကို အခန်းတစ်ခန်းတည်းတွင် မျက်နှာချင်းဆိုင် ရှင်းလင်းကြရန်ဖြစ်ပြီး ၎င်းတို့အကြား “မြေယာအလဲအလှယ်” ဖြင့် စစ်ပွဲကို အဆုံးသတ်ရန် နည်းလမ်း ရှာနိုင်မည်ဟုသာ ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်က သဘောတူညီချက်တစ်ခုကို လုပ်ပေးမှာမဟုတ်ဘူး” ဟု ထရန့်က ပြောကြား ခဲ့သည်။ “ သဘောတူညီချက်ရဖို့ ကျွန်တော်အပေါ်မှာ မူမတည်ဘူး သဘောတူညီချက်ရဖို့က နှစ်ယောက် စလုံးလုပ်ဖို့ လိုမယ်ထင်တယ်။”
အင်္ဂါနေ့က အိမ်ဖြူတော်သည် အင်ကောရိတ်ဂျ် (Anchorage) တွင် ထရန့် နှင့် ပူတင်တို့၏ လာမည့်တွေ့ဆုံမှုကို “ နားထောင်ခြင်းလေ့ကျင့်ခန်း” အဖြစ် သတ်မှတ်ခဲ့သည်။

“ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ ပါတီတစ်ခုကပဲ တက်ရောက်မှာဖြစ်တဲ့အတွက်ကြောင့် သမတအနေနဲ့ ဒီစစ်ပွဲကို အဆုံးတိုင်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ပိုပြီးခိုင်မာပြီး ပိုမိုကောင်းမွန်တဲ့ နားလည်မှုတစ်ခုကို ရရှိအောင်ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာကို သမ္မတအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

CNN ၏ သတင်းသမား ကေ့တလန် ကော်လင်းက သမ္မတနှစ်ဦး တဦးချင်း တွေ့ဆုံကြမည်လားဟု မေးမြန်းရာတွင် လီဗစ်က ၎င်းသည် “ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

ဇလန်းစကီးသည် သံတမန်ရေးရာ ဆွေးနွေးပွဲများ နောက်ကွယ်တွင် ဖြစ်ပွားနေသည့် အကြောင်းအသေးစိတ်ကို ပြောကြားခဲ့ပြီး အမေရိကန် အထူးသံတမန် စတိ့ဗ်ဝတ်ကော့ဖ်နှင့် ပူတင်နှင့် တွေ့ဆုံမှုအပေါ် သူ၏ ယူဆချက်နှင့် ပတ်သက်၍ အင်္ဂါနေ့တွင် နောက်ထပ် အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ပါသည်။

“ ဝတ်ကော့ဖ်က နှစ်ဖက်စလုံးအနေနဲ့ နယ်မြေပိုင်နက်ဆိုင်ရာ လိုက်လျောမှုတွေ ရှိသင့်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို အသံထွက်လာတယ်။ ပူတင်က ဒွန်ဘတ်စ် (Donbas) ကနေ ကျွန်တော်တို့ကို ထွက်သွားစေချင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် အမေရိကန်က ငါတို့ကို အဲဒီနေရာက ထွက်သွားစေချင်ပုံ မပေါ်ဘူး” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

“ ပူတင်ရဲ့ အဆိုပြုချက်ဟာ ထရန့်ရဲ့ အဆိုပြုချက်လို့ ကျွန်တော် မယုံပါဘူး။ ထရန့်ဟာ အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ယုံကြည်ပါတယ်။ သူက ဖျန်ဖြေသူအနေနဲ့ ဆောင်ရွက်တယ်၊ သူက ရုရှားဘက်မှာ မဟုတ်ဘဲ အလယ်မှာ ရှိနေတယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 9 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 17 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က ပိတ်ဆို့မှုကို ဖောက်ဖျက်သည့် အီရန်အလံတင်သင်္ဘောကို သိမ်းဆည်းလိုက်ပြီးနောက် တဟီရန်က လက်စားချေမည်ဟု ကတိပြု

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ် ဧပြီလ ၁၉ ရက် ပါကစ္စတန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများသို့ အမေရိကန်ညှိနှိုင်းရေးမှူးများ ရောက်ရှိ လာရန် မျှော်လင့်ရသော်လည်း အီရန်ဘက်ကမူ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟု လူသိရှင်ကြား အတည်မပြုသေးပေ။ အီရန်အလံတင် ကုန်တင်သင်္ဘောတစ်စီးသည်
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားရေနံအပေါ် ပိတ်ဆို့မှုများကို အမေရိကန်က ကင်းလွတ်ခွင့်ပေးပြီး နာရီပိုင်းအကြာတွင် ယူကရိန်းက ရုရှားရေနံချက်စက်ရုံများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် ရုရှား၏ ပိတ်ဆို့အရေးယူခံထားရသော ရေနံများကို ရောင်းချခွင့်ပြုရန် အမေရိကန် ပြည်ထောင်စုက နောက်ထပ် ကင်းလွတ်ခွင့် (Waiver) တစ်ခု ထုတ်ပြန်ပေးပြီး နာရီပိုင်း အကြာ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 28 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အမီလိုက်နိုင်ရန် ခက်ခဲလှသည်။ အီရန်အစိုးရပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် အီရန်၏နောက်ဆုံးသတင်းစကားမှာ အမေရိကန်ဘက်က ကတိကဝတ်များကို မလိုက်နာသောကြောင့်