နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

“ စစ်ပွဲရပ်စဲပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ စစ်ဆင်ရေးများတွင် “ တကယ့်တိုးတက်မှု” ရှိဟု ကုလသမဂ္ဂဆို”

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) က သောကြာနေ့တွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက် ဂါဇာတစ်လျှောက် အကူအညီပေးရေး စစ်ဆင်ရေးများတွင် “ တကယ့်တိုးတက်မှု” ရှိကြောင်း ပြောကြားခဲ့သည်။

“မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချက်ပြုတ်ရေးသုံး ဓာတ်ငွေ့များ စခန်းထဲကို ရောက်ရှိခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်ရတဲ့ မိသားစုများအတွက် တဲအိမ်များ၊ အေးခဲထားတဲ့ အသားများ၊ လတ်ဆတ်တဲ့ သစ်သီးများ၊ ဂျုံမှုန့်နဲ့ ဆေးဝါးများလည်း တစ်နေ့တာလုံး ဂါဇာထဲကို ဝင်ရောက်လာခဲ့ပါတယ်” ဟု OCHA က တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

“ကုလသမဂ္ဂနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများက တောင်ပိုင်းမှာရော မြောက်ပိုင်း မှာပါ အပူပေးထားတဲ့ အစားအသောက်များနဲ့ ပေါင်မုန့်အစည်းပေါင်း ရာနဲ့ချီတဲ့ ထောင်ပေါင်း များစွာကို ဖြန့်ဝေပေးခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်က ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာ၏ နေရာများစွာတွင် လှုပ်ရှားသွားလာမှုနှင့် ဝင်ရောက်ခွင့် ကန့်သတ်ချက်များ လျော့ပါး လာခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့များသည် အရေးပါသော လမ်းများကို ပေါက်ကွဲစေနိုင်သည့် အန္တရာယ်များအတွက် စစ်ဆေးနိုင်ခဲ့ပြီး ဆောင်းရာသီ အတွက် ပြင်ဆင်ရန် ရေကြီးလေ့ရှိသည့် ဒေသများရှိ ရွှေ့ပြောင်းနေထိုင်ရသော မိသားစုများကို အကူအညီပေးနိုင်ခဲ့သည်။

OCHA မှ အစ္စရေးက ထပ်တိုးအကူအညီ ပို့ဆောင်မှုများကို ခွင့်ပြုခဲ့ပြီး ရှင်းလင်းပေး လိုက်သည့် ပို့ဆောင်မှုစုစုပေါင်း ပမာဏမှာ မက်ထရစ်တန် ၁၉၀,၀၀၀ အထိ ရှိခဲ့ကြောင်း၊ ယင်းတို့တွင် အစားအသောက်၊ အမိုးအကာပစ္စည်းများ၊ ဆေးဝါးနှင့် အခြား မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ အစပဲ ရှိသေးပါတယ်” ဟု OCHA က ပြောကြားခဲ့ပြီး ၎င်း၏ ရက် ၆၀ အပစ်အခတ် ရပ်စဲရေး တုံ့ပြန်မှုအစီအစဉ်အရ ဂါဇာဒေသခံတိုင်းကို အသက်ကယ်အကူအညီများနှင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် အကူအညီပေးရေး စစ်ဆင်ရေးများကို ချဲ့ထွင်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ဂါဇာ၊ ခန်းယူနစ်စ်မြို့ရှိ ပြင်းထန်စွာ ပျက်စီးနေသော လမ်းတစ်ခုပေါ်တွင် လူများ လမ်းလျှောက်နေကြစဉ်။ Abdelrahman Rashad/Middle East Images/AFP/Getty Images (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော