နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အခွန်ခြိမ်းခြောက်မှုအပေါ် တရုတ်က အမေရိကန်၏ “ စံနှုန်းနှစ်ခွ” ကို စွပ်စွဲ

BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

ဒေါ်နယ်လ် ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်း အခွန် ၁၀၀% တိုးမြှင့် ကောက်ခံမည်ဟု နောက်ဆုံး ထပ်မံခြိမ်းခြောက်ခြင်းသည် “ အမေရိကန်၏ “ စံနှုန်းနှစ်ခွ” များ၏ ပုံမှန်ဥပမာတစ်ခု” ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားသည်။

အမေရိကန်သမ္မတသည် ၎င်း၏ ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်ပါက တရုတ်နိုင်ငံ ကလည်း မဖော်ပြထားသော “ တန်ပြန်အရေးယူမှုများ” ကို ပြုလုပ်နိုင်ကြောင်းနှင့် ဖြစ်လာ နိုင်သည့် ကုန်သွယ်ရေးစစ်ပွဲကို “ မကြောက်ရွံ့” ကြောင်း စီးပွားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

သောကြာနေ့တွင် ထရန့်က ရှားပါးမြေသား (rare earths) များ တင်ပို့မှုဆိုင်ရာ စည်းမျဉ်း များကို တင်းကျပ်ရန် ပေကျင်း၏ လုပ်ရပ်အပေါ် တုံ့ပြန်ခဲ့ပြီး ၎င်းတို့သည် “ အလွန်ရန်လိုလာ နေသည်” နှင့် ကမ္ဘာကြီးကို “ သူတို့အောက်တွင်ချုပ်ကိုင်ထားရန် ကြိုးပမ်းနေသည်” ဟု စွပ်စွဲခဲ့သည်။ ၎င်းသည် ယခုလနှောင်းပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် အစည်းအဝေးမှ နုတ်ထွက်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

သို့သော် တနင်္ဂနွေနေ့တွင် ထရန့်က “ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မနေပါနဲ့၊ အားလုံး အဆင်ပြေသွားမှာပါ!” ဟု ရေးသားခဲ့သည်။

“ မြင့်မားစွာလေးစားမှုခံရတဲ့ သမ္မတရှီဟာ စိတ်မကောင်းစရာ အချိန်လေးတစ်ခုပဲ ကြုံခဲ့တာပါ။ သူက သူ့နိုင်ငံအတွက် စီးပွားပျက်ကပ်ကို မလိုချင်သလို ကျွန်တော်လည်း မလိုချင်ပါဘူး။ အမေရိကန်က တရုတ်ကို ထိခိုက်စေချင်တာ မဟုတ်ဘဲ ကူညီပေးချင်တာပါ!!!” ဟု ထရန့်က လူမှုမီဒီယာတွင် ပိုစ့်တင်ခဲ့သော်လည်း အသေးစိတ် ထပ်မံပြောကြားခြင်း မရှိပေ။

ထရန့်၏ သောကြာနေ့မှ မှတ်ချက်များသည် ငွေကြေးဈေးကွက်များကို တုန်လှုပ်စေခဲ့ပြီး S&P 500 ရှယ်ယာအညွှန်းကိန်းသည် ၂.၇% ကျဆင်းကာ ဧပြီလနောက်ပိုင်း အပြင်းထန်ဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။ သမ္မတ၏ စကားများကြောင့် အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် မေလက နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် ကုန်ပစ္စည်းများအပေါ် သုံးလုံးပမာဏရှိသော အခွန်များကို လျှော့ချရန် သဘောတူခဲ့ကြသည်။ ၎င်းသည် နှစ်နိုင်ငံကြား ကုန်သွယ်မှု ရပ်တန့်သွားနိုင်သည့် အလားအလာကိုလျော့ချပေးခဲ့သည်။

ထိုသို့ လျှော့ချလိုက်သော်လည်း တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အခွန်များသည် နှစ်အစပိုင်းထက် ၃၀% ထပ်ဆောင်း အခွန်ဆောင်ရဦးမည် ဖြစ်ပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် အမေရိကန်ကုန်ပစ္စည်းများသည် ၁၀% အခွန်ဆောင်ရမည်ဖြစ်သည်။

တရုတ်၏ တုံ့ပြန်မှု (စီးပွားရေးဝန်ကြီးဌာနမှ သတင်းထောက်များ၏ မေးခွန်းများကို စာဖြင့်ဖြေကြားသည့်ပုံစံဖြင့် ထုတ်ပြန်သည်) သည် မကြာသေးမီက ကုန်သွယ်ရေးပဋိပက္ခ အမြင့်ဆုံးကာလက ပြောဆိုခဲ့သည့် ဘာသာစကားများကို ပဲ့တင်ထပ်စေသည်။

၎င်းတို့သည် ချစ်ပ်များနှင့် ဆီမီးကွန်ဒတ်တာများအပေါ် အမေရိကန်၏ ပို့ကုန်ကန့်သတ်ချက် များကို ဝေဖန်ခဲ့ပြီး မြေရှားသတ္ထုများအပေါ် တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများကိုလည်း နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတိုင်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် “ ပုံမှန်လုပ်ဆောင်မှု များ” အဖြစ် ကာကွယ်ပြောဆိုခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက “ ကြာမြင့်စွာကတည်းက” အမေရိကန်သည် “ နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ သဘောတရားကို လွန်ကဲစွာ ချဲ့ကားခဲ့ပြီး ပို့ကုန်ထိန်းချုပ်မှု အစီအမံများကို အလွဲသုံးစားပြုကာ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံသော လုပ်ရပ်များကို ပြုလုပ်ခဲ့သည်” ဟု ပြောကြားသည်။

“ အခွန်ခြိမ်းခြောက်မှုများကို အသုံးပြုခြင်းသည် တရုတ်နှင့် ထိတွေ့ဆက်ဆံရန် မှန်ကန်သော နည်းလမ်းမဟုတ်ပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ အခွန်စစ်ပွဲနှင့်ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်သည် အမြဲတမ်းတသားတည်းဖြစ် ခဲ့ပါတယ်– ကျွန်ုပ်တို့ ဒီလိုဟာမျိုးကိုမလိုချင်ပါ၊ သို့သော်လည်းထိုအရာအတွက် မကြောက်ရွံ့ပါ“ ဟုဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က တရုတ်နိုင်ငံသည် မြေရှားသတ္ထုများနှင့် အဆင့်မြင့်နည်းပညာ ထုတ်လုပ်ရေးအတွက် အရေးပါသော အခြားပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်မှုများကို တင်းကျပ်နေကြောင်း ကြေညာခဲ့သည်

နေရောင်ခြည်စွမ်းအင်သုံးပြားများနှင့် စမတ်ဖုန်းများကဲ့သို့သော ကုန်ပစ္စည်းများတွင် အသုံးပြုသည့် ကမ္ဘာ့မြေရှားသတ္ထုများ၏ ၉၀% ခန့်ကို ၎င်းနိုင်ငံက ထုတ်လုပ်နေသည်ဖြစ်ရာ ၎င်းသည် အဓိကအဆင့်မြင့်နည်းပညာပိုင်းတွင် ချုပ်ကိုင်နိုင်သည့်အရာတစ်ခုအဖြစ် ရှုမြင်ခံရသည်။

ဝါရှင်တန်နှင့် ပေကျင်းတို့၏ မကြာသေးမီက မှတ်ချက်များသည် အချို့သူများက အနာဂတ် ကုန်သွယ်ရေးဆွေးနွေးပွဲများမတိုင်မီ သူတို့၏ ရပ်တည်ချက်များကို ခိုင်မာစေရန် ကိုင်ဆွဲ ထားနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်။

ယခုလနှောင်းပိုင်းတွင် တောင်ကိုရီးယား၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး၌ မျှော်လင့်ထားသော ထရန့်နှင့် ရှီတို့၏ တွေ့ဆုံပွဲသည် ဆက်လက်ဖြစ်မြောက်မမြောက်ကိုမူ ရှင်းရှင်းလင်းလင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 9 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 19 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 18 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ