နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အခွန်ခြိမ်းခြောက်မှုအပေါ် တရုတ်က အမေရိကန်၏ “စံနှုန်းနှစ်ခွ” ကို စွပ်စွဲ

BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

ဒေါ်နယ်လ် ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်း အခွန် ၁၀၀% တိုးမြှင့် ကောက်ခံမည်ဟု နောက်ဆုံး ထပ်မံခြိမ်းခြောက်ခြင်းသည် “အမေရိကန်၏ “စံနှုန်းနှစ်ခွ” များ၏ ပုံမှန်ဥပမာတစ်ခု” ဖြစ်ကြောင်း တရုတ်အစိုးရက ပြောကြားသည်။

အမေရိကန်သမ္မတသည် ၎င်း၏ ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်ပါက တရုတ်နိုင်ငံ ကလည်း မဖော်ပြထားသော “တန်ပြန်အရေးယူမှုများ” ကို ပြုလုပ်နိုင်ကြောင်းနှင့် ဖြစ်လာ နိုင်သည့် ကုန်သွယ်ရေးစစ်ပွဲကို “မကြောက်ရွံ့” ကြောင်း စီးပွားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

သောကြာနေ့တွင် ထရန့်က ရှားပါးမြေသား (rare earths) များ တင်ပို့မှုဆိုင်ရာ စည်းမျဉ်း များကို တင်းကျပ်ရန် ပေကျင်း၏ လုပ်ရပ်အပေါ် တုံ့ပြန်ခဲ့ပြီး ၎င်းတို့သည် “အလွန်ရန်လိုလာ နေသည်” နှင့် ကမ္ဘာကြီးကို “သူတို့အောက်တွင်ချုပ်ကိုင်ထားရန် ကြိုးပမ်းနေသည်” ဟု စွပ်စွဲခဲ့သည်။ ၎င်းသည် ယခုလနှောင်းပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် အစည်းအဝေးမှ နုတ်ထွက်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

သို့သော် တနင်္ဂနွေနေ့တွင် ထရန့်က “တရုတ်နိုင်ငံနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မနေပါနဲ့၊ အားလုံး အဆင်ပြေသွားမှာပါ!” ဟု ရေးသားခဲ့သည်။

“မြင့်မားစွာလေးစားမှုခံရတဲ့ သမ္မတရှီဟာ စိတ်မကောင်းစရာ အချိန်လေးတစ်ခုပဲ ကြုံခဲ့တာပါ။ သူက သူ့နိုင်ငံအတွက် စီးပွားပျက်ကပ်ကို မလိုချင်သလို ကျွန်တော်လည်း မလိုချင်ပါဘူး။ အမေရိကန်က တရုတ်ကို ထိခိုက်စေချင်တာ မဟုတ်ဘဲ ကူညီပေးချင်တာပါ!!!” ဟု ထရန့်က လူမှုမီဒီယာတွင် ပိုစ့်တင်ခဲ့သော်လည်း အသေးစိတ် ထပ်မံပြောကြားခြင်း မရှိပေ။

ထရန့်၏ သောကြာနေ့မှ မှတ်ချက်များသည် ငွေကြေးဈေးကွက်များကို တုန်လှုပ်စေခဲ့ပြီး S&P 500 ရှယ်ယာအညွှန်းကိန်းသည် ၂.၇% ကျဆင်းကာ ဧပြီလနောက်ပိုင်း အပြင်းထန်ဆုံး ကျဆင်းမှု ဖြစ်ခဲ့သည်။ သမ္မတ၏ စကားများကြောင့် အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် မေလက နှစ်ဖက်စလုံးသည် တစ်ဖက်နှင့်တစ်ဖက် ကုန်ပစ္စည်းများအပေါ် သုံးလုံးပမာဏရှိသော အခွန်များကို လျှော့ချရန် သဘောတူခဲ့ကြသည်။ ၎င်းသည် နှစ်နိုင်ငံကြား ကုန်သွယ်မှု ရပ်တန့်သွားနိုင်သည့် အလားအလာကိုလျော့ချပေးခဲ့သည်။

ထိုသို့ လျှော့ချလိုက်သော်လည်း တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်၏ အခွန်များသည် နှစ်အစပိုင်းထက် ၃၀% ထပ်ဆောင်း အခွန်ဆောင်ရဦးမည် ဖြစ်ပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် အမေရိကန်ကုန်ပစ္စည်းများသည် ၁၀% အခွန်ဆောင်ရမည်ဖြစ်သည်။

တရုတ်၏ တုံ့ပြန်မှု (စီးပွားရေးဝန်ကြီးဌာနမှ သတင်းထောက်များ၏ မေးခွန်းများကို စာဖြင့်ဖြေကြားသည့်ပုံစံဖြင့် ထုတ်ပြန်သည်) သည် မကြာသေးမီက ကုန်သွယ်ရေးပဋိပက္ခ အမြင့်ဆုံးကာလက ပြောဆိုခဲ့သည့် ဘာသာစကားများကို ပဲ့တင်ထပ်စေသည်။

၎င်းတို့သည် ချစ်ပ်များနှင့် ဆီမီးကွန်ဒတ်တာများအပေါ် အမေရိကန်၏ ပို့ကုန်ကန့်သတ်ချက် များကို ဝေဖန်ခဲ့ပြီး မြေရှားသတ္ထုများအပေါ် တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများကိုလည်း နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတိုင်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် “ပုံမှန်လုပ်ဆောင်မှု များ” အဖြစ် ကာကွယ်ပြောဆိုခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက “ကြာမြင့်စွာကတည်းက” အမေရိကန်သည် “နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ သဘောတရားကို လွန်ကဲစွာ ချဲ့ကားခဲ့ပြီး ပို့ကုန်ထိန်းချုပ်မှု အစီအမံများကို အလွဲသုံးစားပြုကာ တရုတ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံသော လုပ်ရပ်များကို ပြုလုပ်ခဲ့သည်” ဟု ပြောကြားသည်။

“အခွန်ခြိမ်းခြောက်မှုများကို အသုံးပြုခြင်းသည် တရုတ်နှင့် ထိတွေ့ဆက်ဆံရန် မှန်ကန်သော နည်းလမ်းမဟုတ်ပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“အခွန်စစ်ပွဲနှင့်ပတ်သက်၍ တရုတ်၏ ရပ်တည်ချက်သည် အမြဲတမ်းတသားတည်းဖြစ် ခဲ့ပါတယ်– ကျွန်ုပ်တို့ ဒီလိုဟာမျိုးကိုမလိုချင်ပါ၊ သို့သော်လည်းထိုအရာအတွက် မကြောက်ရွံ့ပါ“ဟုဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က တရုတ်နိုင်ငံသည် မြေရှားသတ္ထုများနှင့် အဆင့်မြင့်နည်းပညာ ထုတ်လုပ်ရေးအတွက် အရေးပါသော အခြားပစ္စည်းများအပေါ် ပို့ကုန်ထိန်းချုပ်မှုများကို တင်းကျပ်နေကြောင်း ကြေညာခဲ့သည်

နေရောင်ခြည်စွမ်းအင်သုံးပြားများနှင့် စမတ်ဖုန်းများကဲ့သို့သော ကုန်ပစ္စည်းများတွင် အသုံးပြုသည့် ကမ္ဘာ့မြေရှားသတ္ထုများ၏ ၉၀% ခန့်ကို ၎င်းနိုင်ငံက ထုတ်လုပ်နေသည်ဖြစ်ရာ ၎င်းသည် အဓိကအဆင့်မြင့်နည်းပညာပိုင်းတွင် ချုပ်ကိုင်နိုင်သည့်အရာတစ်ခုအဖြစ် ရှုမြင်ခံရသည်။

ဝါရှင်တန်နှင့် ပေကျင်းတို့၏ မကြာသေးမီက မှတ်ချက်များသည် အချို့သူများက အနာဂတ် ကုန်သွယ်ရေးဆွေးနွေးပွဲများမတိုင်မီ သူတို့၏ ရပ်တည်ချက်များကို ခိုင်မာစေရန် ကိုင်ဆွဲ ထားနိုင်သည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်။

ယခုလနှောင်းပိုင်းတွင် တောင်ကိုရီးယား၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး၌ မျှော်လင့်ထားသော ထရန့်နှင့် ရှီတို့၏ တွေ့ဆုံပွဲသည် ဆက်လက်ဖြစ်မြောက်မမြောက်ကိုမူ ရှင်းရှင်းလင်းလင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက