နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းသို့ တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ သူကပေးကောင်းပေးနိုင်သည်ဟု ထရန့်ပ် ပြောကြား

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ် (Donald Trump) သည် ယူကရိန်းသို့ ဝေးကွာသော အကွာအဝေးအထိ ပစ်ခတ်နိုင်သော တာဝေးပစ်ဒုံးကျည် တိုမာဟော့ခ် (Tomahawk) ခရုစ် ဒုံးကျည်များ ပေးပို့ရန် စဉ်းစားနေသည်။

တနင်္ဂနွေနေ့က Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များက ယူကရိန်းနိုင်ငံ၊ ကီးယက် (Kyiv) မြို့ကို Tomahawk ဒုံးကျည်များ ပံ့ပိုးပေးမည်လားဟု မေးမြန်းရာ ထရန့်ပ်က- စောင့်ကြည့်ရဦးမှာပေါ့… ပေးပို့ကောင်း ပေးပို့နိုင်ပါတယ်” ဟု ပြန်ဖြေသည်။

ထိုဒုံးကျည်များသည် ရုရှားနှင့် ယူကရိန်းတို့၏ စစ်ပွဲတွင် ကျူးကျော်မှု အဆင့်သစ်တစ်ရပ်” ဖြစ်လာမည်ဟု ၎င်းက ပြောသည်။

ဤမှတ်ချက်များမှာ စနေ၊ တနင်္ဂနွေနေ့က ထရန့်ပ်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန် စကီး (Volodymyr Zelensky) တို့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဇယ်လန်စကီးသည် ရုရှားကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် ပိုမိုအားကောင်းသော စစ်ရေးစွမ်းရည်များ ရရှိရန် တောင်းဆိုခဲ့သည်။

ရုရှားနိုင်ငံ၊ မော်စကို (Moscow) က တာဝေးပစ်ဒုံးကျည်များ ကီးယက်သို့ ပေးအပ်ခြင်း ကို သတိပေးခဲ့ပြီး၊ ယင်းသည် ပဋိပက္ခကို အကြီးအကျယ် ပိုမိုကြီးထွားစေမည်ဖြစ်ကာ အမေရိကန်-ရုရှား ဆက်ဆံရေးကို ထိခိုက်စေမည်ဟု ပြောကြားခဲ့ဖူးသည်။

တိုမာဟော့ခ် ဒုံးကျည်များသည် မိုင်ပေါင်း ၁,၅၀၀ (ကီလိုမီတာ ၂,၅၀၀) အထိ ပစ်ခတ်နိုင်စွမ်းရှိသဖြင့် ယူကရိန်းအနေဖြင့် မော်စကိုမြို့ကိုပါ ပစ်မှတ်ထားနိုင်မည်ဖြစ်သည်။

ထရန့်ပ်က ယူကရိန်းက တောင်းဆိုသည့် Tomahawk များအကြောင်း ရုရှားနှင့် ဖြစ်နိုင်ခြေရှိစွာ ပြောဆိုသွားမည်ဟု ဆိုသည်။

“ဒီစစ်ပွဲကို အဆုံးမသတ်သေးဘူးဆိုရင် ကျွန်တော်တို့ ပေးပို့ကောင်း ပေးပို့နိုင်ပါတယ်၊ မပေးပို့ဘဲလည်း နေနိုင်ပါတယ်၊ ဒါပေမဲ့ ပေးပို့ကောင်း ပေးပို့နိုင်ပါတယ် လို့ သူတို့ကို (ရုရှားကို) ပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

“သူတို့ (ရုရှား) က သူတို့ရဲ့ ရှိရာကို Tomahawk တွေ ရောက်လာတာကို လိုချင်ကြသလား။ ကျွန်တော် မထင်ဘူး” ဟု အမေရိကန်သမ္မတက ထပ်လောင်းပြောသည်။

တနင်္ဂနွေနေ့တွင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် (Dmitry Peskov) က Tomahawk ကိစ္စသည် ရုရှားအတွက် အလွန်အမင်း စိုးရိမ်ပူပန်စရာ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“တင်းမာမှုတွေက ဘက်ပေါင်းစုံကနေ မြင့်တက်လာနေတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ရင် အခုအချိန်ဟာ တကယ့်ကို အလွန်ပြင်းထန်တဲ့ အခြေအနေ (dramatic moment) ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပက်စကော့ဗ်က Tomahawk ၏ ခြိမ်းခြောက်မှုကို ပယ်ချခဲ့ပြီး ၎င်းတို့သည် စစ်ပွဲ၏ ပြောင်းလဲမှု လမ်းကြောင်းကို ပြောင်းလဲနိုင်မည်မဟုတ်” ဟု ပြောကြား ခဲ့ဖူးသည်။

သို့သော် တနင်္ဂနွေနေ့က ၎င်း၏မှတ်ချက်များတွင်မူ Tomahawk များကို ရုရှားသို့ ပစ်လွှတ် ပါက၊ ထိုဒုံးကျည်များတွင် နျူကလီးယားထိပ်ဖူးများ ပါမပါကို မော်စကိုအနေဖြင့် ခွဲခြားသိရှိ နိုင်မည်မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ရုရှား ဖက်ဒရေးရှင်းအနေနဲ့ ဘယ်လိုစဉ်းစားသင့်သလဲ။ ရုရှားက ဘယ်လိုတုံ့ပြန်သင့်သလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ဒမီထရီ မက်ဗီဒက်ဗ်၏ တုံ့ပြန်မှု

တနင်္လာနေ့နံနက်တွင် ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) သည် ပက်စကော့ဗ်၏ မှတ်ချက်များကို ထောက်ခံအားပေးခဲ့သည်။

“ရုရှားက ဘယ်လိုတုံ့ပြန်သင့်သလဲ။ အတိအကျပဲ!” ဟု မက်ဗီဒက်ဗ်က လူမှုမီဒီယာတွင် ပြောသည်။

“ဒီဒုံးကျည်တွေ ပေးပို့တာဟာ လူတိုင်းအတွက် ဆိုးရွားစွာ အဆုံးသတ်သွားနိုင်တယ်။ ပြီးတော့ ပထမဆုံးအနေနဲ့ ထရန့်ပ် ကိုယ်တိုင်အတွက်ပါပဲ” ဟု ၎င်းက ရေးသားခဲ့သည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်းနှင့် ပိုမိုတင်းမာသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲလာသူ မက်ဗီဒက်ဗ်သည် ကရင်မလင်၏ ရပ်တည်ချက်ထက် ပိုမိုပြင်းထန်သော အစွန်းရောက်သော ရပ်တည်ချက်များကို လူမှုမီဒီယာတွင် မကြာခဏ တင်လေ့ရှိသည်။

၎င်းနှင့် ထရန့်ပ်တို့သည် အွန်လိုင်းတွင် ယခင်က အငြင်းပွားခဲ့ဖူးသည်။ မက်ဗီဒက်ဗ်၏ ဩဂုတ်လက မှတ်ချက်များကြောင့် ထရန့်ပ်က နျူကလီးယားရေငုပ်သင်္ဘော နှစ်စင်းကို ရုရှားနှင့် ပိုမိုနီးကပ်စွာ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်ဟု ပြောကြားခဲ့ဖူးသည်။

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ကျူးကျော်မှု အစပြုချိန်မှစ၍ ယူကရိန်းနိုင်ငံ၊ ကီးယက်က ရှေ့တန်း စစ်မြေပြင်နှင့် ဝေးကွာသော ရုရှားမြို့များကို တိုက်ခိုက်ရန် စဉ်းစားနေစဉ် တာဝေးပစ် ဒုံးကျည်များရရှိရေးအတွက် အကြိမ်များစွာ တောင်းဆိုခဲ့သည်။

သူတို့၏ မကြာသေးမီက ဖုန်းခေါ်ဆိုမှုများတွင် ဇယ်လန်စကီးနှင့် ထရန့်ပ်တို့သည် လေကြောင်းကာကွယ်ရေးနှင့် တာဝေးပစ် လက်နက်များ မြှင့်တင်ခြင်းအပါအဝင် ယူကရိန်း၏ စစ်ရေးစွမ်းရည်များ မြှင့်တင်ရန် ကြိုးပမ်းမှုကို ဆွေးနွေးခဲ့ကြသည်။

ကီးယက်အပါအဝင် ယူကရိန်းမြို့များသည် ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရသည်။ ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို အဓိက ပစ်မှတ်ထားခဲ့ပြီး နေရာအနှံ့ အပြားတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့်လက ထရန့်ပ်၏ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကိတ် ကဲလော့ဂ် (Keith Kellogg) က အမေရိကန်သမ္မတသည် ရုရှားနယ်မြေအတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက် ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက Fox News သို့ ပြောကြားရာတွင် ရုရှား-ယူကရိန်းစစ်ပွဲတွင် တိုက်ခိုက်မှုများတွင် လွတ်မြောက်ရာ ဘေးကင်းရာနေရာဟူ၍ မရှိ” ဟု ဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက