နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

TikTok ကို အီလွန်မက်စ်ထံ ရောင်းချတော့မှာလား

အမေရိကန်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ TikTok ရဲ့ ပိုင်ရှင်သစ်အဖြစ် ဘီလျံနာ အီလွန်မက်စ် မကြာခင်မှာ ဖြစ်လာဖွယ်ရှိနေပါတယ်။ တရုတ်အာာဏာပိုင်တွေဟာ TikTok လူမှုကွန်ယက် App ကို အမေရိကန်ဘီလျံနာ အီလွန်မက်စ်ထံ ရောင်းချခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး နီးစပ်သူတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး Bloomberg က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သတင်းမှာဖော်ပြချက်အရတော့ TikTok ဟာ အမေရိကန်နိုင်ငံမှာ တားမြစ်ပိတ်ပင်ခံရမယ့်အရေးကို ကာကွယ်ဖို့အတွက် ရောင်းချဖို့က ရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။


အမေရိကန်အစိုးရဟာ TikTok ကို ဇန်နဝါရီလ 19 ရက်နေ့ နောက်ဆုံးထားပြီး မူလပိုင်ရှင် ByteDance မှ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်းထံရောင်းချဖို့ သတ်မှတ်ထားပြီး အဲဒီလိုမှမဟုတ်ရင်တော့ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
TikTok App ဟာ အမေရိကန်နိုင်ငံသားတွေရဲ့ ဒေတာအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှု့ နိုင်တာကြောင့် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ အမေရိကန်မူဝါဒဆိုင်ရာချမှတ်သူတွေက သတိပေးတားမြစ်ခဲ့ကြတာပါ။ TikTok ကုမ္ပဏီဘက်ကတော့ အဲဒီစွပ်စွဲချက်တွေအပေါ် ပြင်းပြင်းထန်ထန်ငြင်းဆိုထားပါတယ်။


တရုတ်အစိုးရကတော့ TikTok ကို မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကုမ္ပဏီလက်အောက်မှာပဲ ဆက်ရှိစေချင်တာပါ။ ဒါပေမယ့် လုံး၀မဖြစ်နိုင်တော့တဲ့အခြေအနေမှာတော့ အီလွန်မက်စ်ကို ရောင်းချဖို့ ရွေးချယ်စရာဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။


ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး TikTok ကုမ္ပဏီဘက်က စိတ်ကူယဉ်ဆန်တဲ့ သတင်းမျိုးသာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် တခြားဘာမှ မှတ်ချက်မပေးခဲ့ပါဘူး။လက်ရှိမှာ အမေရိကန်တရားရုံးချုပ်ဟာ TikTok ကို အမေရိကန်လုပ်ငန်းရှင်တွေလက်ထဲ ရောင်းချရန် ဒါမှမဟုတ် အမေရိကန်နိုင်ငံမှာ ပိတ်ပင်ရန်အမိန့်ချထားပြီး TikTok ကုမ္ပဏီဘက်က လာမယ့် ဇန်နဝါရီလ 19 ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ TikTok ကုမ္ပဏီရဲ့ ရှေ့နေ နိုရယ်ဖရန်စ္စကိုကတော့ မကြာခင် ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။


“ တရားမျှတမှုရှိဖို့က အရမ်းလိုအပ်ပါတယ်။ ဒီကိစ္စမှာ အမေရိကန်နိုင်ငံနဲ့ နိုင်ငံသားတွေအတွက်သာမက ပြင်ဆင်ထားတဲ့ဥပဒေဟာ လူတိုင်းအတွက်ဆိုတာ သူတို့လည်း ပြည့်အ၀နားလည် သဘောပေါက်ထားကြပါတယ်”

ဒါပေမယ့် လေ့လာသုံးသပ်သူတွေကတော့ အမေရိကန်တရားရေးရာဘက်က တာဝန်ရှိသူတွေဟာ အမျိုးသားလုံခြုံရေးအတွက် လက်ရှိဥပဒေကို လိုက်နာဖို့ လိုလားနေကြတယ်လို့ သုံးသပ်နေကြပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်အစိုးရ ထောက်ပံ့ထားသော Radio Free Europe နှင့် Voice of America (VOA) မှ ဌာနများကို ပိတ်ပစ်ရန် မတ်စ် တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ ဘီလျံနာအီလွန်မတ်စ်က ဖေဖော်ဝါရီ ၉ ရက်နေ့က အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ Radio Free Europe
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

တပ်ခရိုင် (Tak) ၏ ရဲမှူးချုပ်နှင့် အမှတ် (၅) စစ်ဆေးရေးတပ်မ (၅) တိုင်းမှူး ရဲမှူးချုပ် တို့ကို နေရာရွှေ့ပြောင်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ မြဝတီမြို့နယ်ရှိ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စစ်ဆေးရန် ဆိုင်းငံ့ထားသည့် အမှတ် (၅)
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ရက်ရွှေ့ဆိုင်းမယ်လို့ ဟားမတ်စ်က ကြေညာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲကာ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ မူလက စီစဉ်ထားတဲ့ ဖေဖော်ဝါရီလ (၁၅) ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ်သည် ChatGPT ၏ မိခင်ကုမ္ပဏီကို ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးဖြင့် ဝယ်ယူရန် ကမ်းလှမ်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၁) ရက်။ ဥာဏ်ရည်တု (Artificial Intelligence) ၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်သည့် ChatGPT ၏မိခင်ကုမ္ပဏီဖြစ်သော OpenAI ကို ဒေါ်လာ ၉၇.၄ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။ မတ်စ်သည် OpenAI
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုမှု စံချိန်တင် ကျဆင်းခဲ့ပြီး ကွာရှင်းမှုက မြင့်တက်လာခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၁၀) ရက်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံမှာ လူဦးရေကျဆင်းမှုကို ရပ်တန့်တားဆီးဖို့ လူငယ်တွေကို အိမ်ထောင်ပြုပြီး ကလေးမွေးကြဖို့ အစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံမှာ မှတ်တမ်းတင်ထားတဲ့ အိမ်ထောင်သစ် အရေအတွက်ဟာ မနှစ်က စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ
နိုင်ငံတကာသတင်း ဥရောပ

ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 6 Views
ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။ ကျွန်တော်တို့မှာ ယူကရိန်းရဲ့ပြဿနာတွေရှိပြီး အရှေ့အလယ်ပိုင်းမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားမှာလဲ ပြိုင်ဆိုင်မှုတွေရှိနေပြီး ကျွန်တော်တို့အားလုံးမှာဉာဏ်ရည်တုပညာ AI တီထွင်မှုတွေကနေ သန့်ရှင်းတဲ့နည်းပညာတွေအထိ ဆန်းသစ်တီထွင်မှုအားလုံး လုပ်ဆောင်ကြဖို့ ရှိပါတယ်။ ရိုးရိုးသားသားပြောရရင်
နိုင်ငံတကာသတင်း အာရှ

မိုဒီ၏ပါတီသည် ၂၇ နှစ်အတွင်း အိန္ဒိယမြို့တော်တွင် ပထမဆုံးအကြိမ်အနိုင်ရပြီး အာဏာပြန်ရလာသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၉) ရက်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီမြို့တော်၌ စနေနေ့က ရွေးကောက်ပွဲတွင် ၎င်း၏အထင်ရှားဆုံး ဝေဖန်ရေးသမားများထဲမှတစ်ဦးကို ယမန်နှစ်က ရှုံးနိမ့်ခဲ့သော်လည်း ယခုအခါ အနိုင်ရယူနိုင်ခဲ့သည်။ မိုဒီ၏ ဘာရာတီရာ
နိုင်ငံတကာသတင်း အမေရိကန်

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကြောင့် ဝေဖန်မှု အငြင်းပွားမှုများ ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇) ရက်။ အသစ်ထွက်လာတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံး စားပွဲခုံမှာ စွန့်ဦးတီထွင်သူ အီလွန်မတ်က ထိုင်နေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတထရန့် အသစ်ဖွဲ့စည်းထားတဲ့ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE)