နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ ဂါဇာ ထိုးစစ်ကြောင့် ထောင်နှင့်ချီသော ပါလက်စတိုင်းများကို ပိုမိုသေးငယ်သောဧရိယာသို့ တွန်းပို့ပြီး ဂါဇာကို သိမ်းဖို့လုပ်ဆောင်နေ

+++++++++++++++++++++++++++++

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင်စစ်ဆင်ရေးများကို တိုးချဲ့လုပ်ဆောင်နေပြီး ကမ်းမြှောင်နှင့် အစ္စရေးပိုင်နက်ကြား ကြီးမားသော ကြားခံဇုန်တစ်ခု ဖန်တီးကာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ အရပ်သားထောင်ပေါင်းများစွာကို ယခင်ကထက် ပိုမိုသေးငယ်သော ဧရိယာသို့ တွန်းပို့လျက်ရှိသည်။

CNN ၏စာရင်းဇယားအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် မတ် ၁၈ ရက်မှစတင်ကာ တောင်ပိုင်းရှိ ရာဖာရှိနေရာ အားလုံးအပါအဝင် ဂါဇာကမ်းမြောင်ဒေသအများအပြားတွင် ရွှေ့ပြောင်းမိန့် ၂၀ ကို ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏အဆိုအရ၊ အစ္စရေးစစ်တပ်သည် ဟားမတ်စ်များကို အစ္စရေးဓားစာခံများကို လွှတ်ပေးရန် အစ္စရေးစစ်တပ်က အရှိန်အဟုန်ပြင်းပြင်းဖြင့် ကြိုးပမ်းနေသောကြောင့် လွန်ခဲ့သည့် ၃ ပတ်အတွင်း လူ ၄၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဂါဇာကမ်းမြောင်ဒေသအများစုသည် လူနေထိုင်၍ မရနိုင်လောက်သော အခြေအနေ သို့မဟုတ် နေထိုင်ရန်မသင့်တော်သည့်နေရာဖြစ်လာသည်။

ဂါဇာမြို့တော်၏ လမ်းများပေါ်တွင် အရပ်သားများသည် သူတို့ တတ်နိုင်သလောက် ပစ္စည်းများကို သယ်ဆောင်ပြီး သောကြာနေ့က ထွက်ပြေးနေကြရပါသည်။ လူများ ပြည့်ကျပ်နေပြီး ဂါဇာအလယ်ပိုင်းနှင့် မြောက်ပိုင်းက တခြားနေရာများကို ထွက်ခွာသွားနေကြရသည်။။

ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်သည့် ရာအစ် ရာ့ဝမ် (Raed Radwan) သည် ရှိတ် ရာ့ဝမ် (Sheikh Radwan) ၏ အနီးနားတွင် နောက်ထပ် လူရာနှင့်ချီ ဝင်ရောက်လာသည်ကို စောင့်ကြည့်ခဲ့ပြီး ထိုအခြေအနေအား “တဲများနှင့် အိုးမဲ့အိမ်မဲ့ မိသားစုတွေနဲ့ ပြည့်နေပါတယ်” ဟု ဖော်ညွှန်းခဲ့သည်။

“လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရွက်ဖျင်တဲတွေနဲ့ လူတွေ တန်းစီနေတာ မြင်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်။

မြေထိုးစက်များသည် ဗုံးကြဲခံရသော နေအိမ်များ၏ အပျက်အစီးများကို ရှင်းလင်းနေသည်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

ဂါဇာစီးတီးတွင်နေသော ဟာတမ် အဗ္ဗဒူဆလမ် (Hatem Abdulsalam) က “ အမှိုက်တွေ၊ ယင်ကောင်တွေ၊ ခြင်တွေနဲ့ ထူးဆန်းတဲ့ အင်းဆက်ပိုးမွှားတွေကြောင့် ကျွန်တော်တို့ ခံစားနေရတာကို ဖော်ပြလို့မရပါဘူး၊ လမ်းတွေမှာ အမှိုက်တွေစုပုံနေပြီး အညစ်အကြေး တွေနေရာတကာစွန့်ပစ်တာ နေရာတိုင်းမှာ ရှိနေတယ်” ဟု CNN သို့ ပြောကြားခဲ့သည်။

“နေရာမရှိလို့ အမှိုက်ပုံတွေကြားက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ရွက်ဖျင်တဲတွေ ထိုးပြီးနေတာ တွေ့နေရတယ်။”

လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဂါဇာကမ်းမြောင်ဒေသ၏ သုံးပုံနှစ်ပုံကျော်၏ နေရာသည် ယခုအခါ ရွှေ့ပြောင်းရန် အမိန့်ပေးခံရသည့်နေရာဖြစ်ခြင်း သို့မဟုတ် သွားလာခြင်းမပြုရန် ဇုန်များအဖြစ် သတ်မှတ်ထားခြင်းခံရသည့် နေရာများ ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုအဖွဲ့များသည် အစ္စရေးအာဏာပိုင်များနှင့် ၎င်းတို့၏တားမြစ်ထားသည့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်မှ ချမှတ်ထားသော အစ္စရေးမဟာဗျူဟာသည် ဂါဇာကမ်းမြောင်ဒေသအများအပြားကို မည်သူမျှမရှိရန် ရှင်းလင်းစေပြီး နောက်ကွယ်တွင် ကျန်ရစ်သူများကို တိုက်ခိုက်ရေးသမားအဖြစ် သတ်မှတ်ရန်ဖြစ်သည်။ ကျန်ရှိနေသေးသည့် ဓားစာခံများကို လွှတ်ပေးရေးအတွက်ဟားမတ်စ်ကို အတင်းအကျပ် ဖိအားပေးဖို့ လုပ်ဆောင်နေကြောင်း အစ္စရေး အာဏာပိုင်များက ပြောဆိုထားသည်။

“နယ်မြေအများအပြားကို အစ္စရေးရဲ့ လုံခြုံရေးဇုန်တွေထဲမှာထည့်သွင်း သိမ်းပိုက်ပြီး ဂါဇာကမ်းမြောင်ကို ပိုမိုသေးငယ်ပြီး အထီးကျန်ဖြစ်စေပါတယ်” ဟု ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာသို့ သွားရောက်လည်ပတ်စဉ် ကာ့ဇ်က ပြောကြားခဲ့သည်။

ကာ့ဇ်က “ကျွန်တော်တို့က ဂါဇာကို အပိုင်းပိုင်း ဖြတ်တောက်ပြီး အခုစပြီး စီမံခန့်ခွဲနေတဲ့ မိုရတ်လမ်း (Morag route) လိုနေရာမျိုးကို တောင်ဖြတ်တောက်ရမယ်” ဟု ဆိုသည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ၏ အရေးပါသောအပိုင်းကို အချိန်ကာလတစ်ခုအထိ “အကန့်အသတ်မရှိ” သိမ်းထားရန် စီစဉ်နေကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

သို့သော်လည်း ၁၈ လကြာ စစ်ပွဲအပြီးတွင် အစ္စရေးသည် မဆုတ်မနစ်သော ရန်သူနှင့် ရင်ဆိုင်ရဆဲဖြစ်သည်။

အီဂျစ်-ဂါဇာနယ်စပ်တစ်လျှောက် ဖီလားဒဲဖီးယား (Philadelphia) စင်္ကြန်ကိုအစ္စရေးက ထိန်းချုပ်ထားနိုင်သောကြောင့် ဟားမတ်စ်၏ ရာဖာ တပ်မဟာအားအနိုင်ယူနိုင်ခဲ့သည်ဟု ယမန်နှစ် သြဂုတ်လတွင် အစ္စရေးက ကြေညာခဲ့သည်။

သို့သော် ယခုသီတင်းပတ် အစောပိုင်းတွင် IDF စစ်ဦးစီးချုပ်အသစ် ဒုတိယဗိုလ်ချုပ်ကြီး အီရယ်ဇာမီယာ (Eyal Zamir) က ဂါဇာရှိ အစ္စရေးတပ်ဖွဲ့များအား “ မင်းဟာ ဟားမတ်စ် ရဲ့ရာဖာ တပ်မဟာကို အနိုင်ယူပြီး မင်းရောက်ရှိတဲ့ နေရာတိုင်းမှာ အောင်ပွဲခံနိုင်ဖို့ ငါမျှော်လင့်ပါတယ်” ဟု ဆိုသည်။

အစ္စရေးကာကွယ်ရေးတပ်မှ ဧရိယာအများအပြားကိုထိန်းချုပ်ထားနိုင်သော်လည်း စနေနေ့တွင် ဂါဇာကမ်းမြောင်တောင်ပိုင်းမှ ဒုံးကျည်သုံးစင်းကို အစ္စရေးဖက်သို့ ပစ်လွှတ်ခဲ့သည်။

အစ္စရေး၏ ဗျူဟာသည် အခြားသော ရည်ရွယ်ချက် ရှိနိုင်သည်။ ဂါဇာပြည်သားများအတွက် ကောင်းစွာ အမိုးအကာမရှိသော သေးငယ်သော နယ်မြေတစ်ခုထဲသို့ ကြုံ့ဝင်အောင် ကြပ်တည်းစွာထည့်ပြီး သီးမခံနိုင်လောက်အောင် ဘဝကို ဖြတ်သန်းစေကာ ထိုနေရာမှ ထွက်သွားစေရန်ဦးတည်ထားသည်။

ကာ့ဇ်က “ အမေရိကန်သမ္မတရဲ့အမြင်နဲ့အညီ ဂါဇာကမ်းမြောင်ဒေသခံတွေ ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်မှု အစီအစဉ်ကို မြှင့်တင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု ဒေါ်နယ်ထရန့်၏ အငြင်းပွားဖွယ် ဂါဇာမှ ပါလက်စတိုင်းများကို ပြောင်းရွှေ့နေရာချထားရေးနှင့် နယ်မြေပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ကိုးကားပြီး ကာ့ဇ်က အကြံပြုခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့တွင် အိမ်ဖြူတော်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအား ၎င်းတို့ဆန္ဒရှိရာကိုသွားရန် လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားကြောင်း ပြောကြားခဲ့သည်။

ထရန့် အဆိုပြုခဲ့သည့်” ပါလက်စတိုင်းလူမျိုးတွေကို လက်ခံနိုင်တဲ့နိုင်ငံတွေရှိရင်ကူညီပို့ဆောင်ပေးမယ်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ရဲရင့်တဲ့အမြင်ကို တင်ပြခဲ့တယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

သို့သော် လူမြင်ကွင်းတွင် ထရန့်သည် ယင်းအမြင်အတွက် စိတ်အားထက်သန်မှု အနည်းငယ်ကိုသာ ပြသခဲ့သည်။

အရပ်သားများအတွက် ပြီးခဲ့သော ၁၈ လ အတွင်း ဆက်တိုက်ခံစားနေရသော ဆင်းရဲဒုက္ခသည် အထူးသဖြင့် ဂါဇာကမ်းမြောင်သို့ ထောက်ပံ့ကူညီမှုမရရှိဘဲ ခြောက်ပတ်ကြာသည်အထိ ဆိုးရွားလာခဲ့သည်။ ရွှေ့ပြောင်းရေးဇုန်များအတွင်း သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရေးနေရာများ ရှိကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

“ လူများပြည့်ကျပ်နေတာတဲ့ ခိုလှုံရာနေတာတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဝန်ဆောင်မှုပေးသူတွေဟာ လုပ်ငန်းလည်ပတ်ဖို့ ရုန်းကန်နေရကာ ရှိတဲ့ပစ္စည်းတွေလည်း ကကုန်သွားပြီ” ဟု OCHA မှ သောကြာနေ့တွင် ပြောကြားခဲ့သည်။

“အရာရာတိုင်းဟာ အလွန်နိမ့်ပါးနေပါပြီ၊ မုန့်ဆိုင်တွေ ပိတ်လိုက်ရပြီ။ အသက်ကယ်ဆေးတွေ ကုန်သွားပြီ၊ ရေထုတ်လုပ်မှုလည်း သိသိသာသာ လျော့ကျသွားတယ်” ဟု အေဂျင်စီက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအတွင်း ကျန်ရစ်ခဲ့သော အကူအညီများ ဖြန့်ဝေရန် ၎င်း၏ကြိုးပမ်းမှု အများအပြားကို အစ္စရေးအာဏာပိုင်များက ပိတ်ဆို့ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကင်ဆာဆေးများ၏ ၅၀% ကျော်သည် မရှိမဖြစ် လိုအပ်သော ဆေးဝါးများ၏ ၃၇% သည် ယခုအခါ လက်ကျန် လုံးဝမရှိတော့ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် NGO အများအပြားအပြင် CNN နှင့် စကားပြောခဲ့ကြသော ဂါဇာရှိ အရပ်သားများ၏ ငတ်မွတ်ခေါင်းပါးမှု ပိုမိုများလာသည်ဟု ဆိုပါသည်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် မတ်လ ၁၈ ရက်နေ့မှစပြီး သုံးပတ်အတွင်း အစ္စရေး၏ လူနေအိမ်အဆောက်အအုံများနှင့် တဲများကို တိုက်ခိုက်မှု ၂၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တွက်ချက်ကာ အစ္စရေး၏ တိုက်ခိုက်မှုများသည် ခိုကိုးရာကို လျော့ပါးစေခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားခဲ့သည်။

“ကုလလူ့အခွင့်အရေးရုံးက အတည်ပြုထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှု ၃၆ မှုမှာ အခုအချိန်အထိ မှတ်တမ်းတင်ထားတဲ့ သေဆုံးမှုတွေက အမျိုးသမီးတွေနဲ့ ကလေးတွေပဲ” ဟု အဆိုပါရုံးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA)
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 18 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 29 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။ ယင်းမှာ ပြည်တွင်းမှ ကန့်ကွက်ဆန့်ကျင်မှုများကို အစ္စရေးနှင့်ဖြစ်ပွားခဲ့သော နွေရာသီစစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် ရှုမြင်လာသည့် အစိုးရ၏
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 42 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏