နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးသည် ဂါဇာမြို့တော်ရှိ နောက်ဆုံး လည်ပတ်နေသော ဆေးရုံကို တိုက်ခိုက်

ဧပြီလ (၁၄) ရက်။

ဧပြီလ (၁၃) ရက်နေ့က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ နောက်ဆုံးလည်ပတ်နေသောဆေးရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။

ဆေးရုံကို ယာယီပိတ်ထားခဲ့ရပြီး လူနာတွေကို အခြားဆေးရုံသုံးရုံကို သွားဖို့ ညွှန်ကြားထားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက် မရှိကြောင်း သိရပါတယ်။ ဒါပေမယ့် တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ခြင်းခရစ်ယာန်ဆေးရုံကို စီမံခန့်ခွဲနေတဲ့ ဂျေရုဆလင်ဘုရားကျောင်းရဲ့ ပြောဆိုချက်အရ လူနာတွေကို အလျင်အမြန် ရွှေ့ပြောင်းပေးချိန်မှာ ဦးခေါင်းမှာ ဒဏ်ရာရထားတဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု မစတင်မီ မိနစ် ၂၀ အလိုမှာ ဆေးရုံက သတိပေးချက် ရရှိတဲ့အတွက် လူနာတွေကို လမ်းတွေပေါ်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံရဲ့ အရေးပေါ်ဆေးကုခန်းနဲ့ လူနာလက်ခံရာကောင်တာနေရာတွေ အကြီးအကျယ် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ အနီးနားရှိ ဘုရားကျောင်းတစ်ခုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် (အစ္စလာမ္မစ်အဖွဲ့) အသုံးပြုနေတဲ့ အမိန့်ပေးစင်တာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထားပါတယ်။ ဟားမတ်စ်ကတော့ အဲ့ဒီ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်ဆောင်နေပြီး အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကြားတွင် ကြားခံဇုန်ကြီးတစ်ခု ထူထောင်ခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုး ထောင်ပေါင်းများစွာကို အလွန်ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းထဲကို တွန်းပို့ခဲ့ပါတယ်။

၁၃ ရက်နေ့မှာ ဂါဇာတောင်ပိုင်းက Morag Corridor ကို ထိန်းချုပ်ကြောင်း အစ္စရေးတို့က ကြေညာခဲ့ပါတယ်။ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနက “ Morag ကို သိမ်းပိုက်ခြင်း ပြီးမြောက်ပြီ” လို့ ကြေညာခဲ့ပြီး ဂါဇာ မြောက်ပိုင်း နယ်နိမိတ်ကိုလည်း အစ္စရေးရဲ့ “ ဘေးကင်းဇုန်” တစ်စိတ်တစ်ပိုင်းအဖြစ် တိုးချဲ့ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးက “ အဓိက ရည်ရွယ်ချက်က ဓားစာခံတွေ ပြန်ပေးရေး သဘောတူဖို့ ဟားမတ်စ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ ဖြစ်ပါတယ်။ ဟားမတ်စ်တွေ ငြင်းဆိုလေလေ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြင်းထန်လာလေလေ” ဖြစ်မယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ လွန်ခဲ့သည့် သုံးပတ်အတွင်း လူ ၄၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 28 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 31 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT ထုတ်လုပ်သည့် OpenAI ၏ ခေါင်းဆောင်များဖြစ်ကြသော ဆမ်အော့တ်မန်း (Sam Altman) နှင့်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင် မြူးကြွသော ပေါ့ပ်တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်ဈေးဝယ်သူ များ ဖြင့် စည်ကားသိုက်မြိုက်နေစေရန်