နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးသည် ဂါဇာမြို့တော်ရှိ နောက်ဆုံး လည်ပတ်နေသော ဆေးရုံကို တိုက်ခိုက်

ဧပြီလ (၁၄) ရက်။

ဧပြီလ (၁၃) ရက်နေ့က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ နောက်ဆုံးလည်ပတ်နေသောဆေးရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။

ဆေးရုံကို ယာယီပိတ်ထားခဲ့ရပြီး လူနာတွေကို အခြားဆေးရုံသုံးရုံကို သွားဖို့ ညွှန်ကြားထားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက် မရှိကြောင်း သိရပါတယ်။ ဒါပေမယ့် တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ခြင်းခရစ်ယာန်ဆေးရုံကို စီမံခန့်ခွဲနေတဲ့ ဂျေရုဆလင်ဘုရားကျောင်းရဲ့ ပြောဆိုချက်အရ လူနာတွေကို အလျင်အမြန် ရွှေ့ပြောင်းပေးချိန်မှာ ဦးခေါင်းမှာ ဒဏ်ရာရထားတဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု မစတင်မီ မိနစ် ၂၀ အလိုမှာ ဆေးရုံက သတိပေးချက် ရရှိတဲ့အတွက် လူနာတွေကို လမ်းတွေပေါ်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံရဲ့ အရေးပေါ်ဆေးကုခန်းနဲ့ လူနာလက်ခံရာကောင်တာနေရာတွေ အကြီးအကျယ် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ အနီးနားရှိ ဘုရားကျောင်းတစ်ခုလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် (အစ္စလာမ္မစ်အဖွဲ့) အသုံးပြုနေတဲ့ အမိန့်ပေးစင်တာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထားပါတယ်။ ဟားမတ်စ်ကတော့ အဲ့ဒီ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်ဆောင်နေပြီး အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကြားတွင် ကြားခံဇုန်ကြီးတစ်ခု ထူထောင်ခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုး ထောင်ပေါင်းများစွာကို အလွန်ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်းထဲကို တွန်းပို့ခဲ့ပါတယ်။

၁၃ ရက်နေ့မှာ ဂါဇာတောင်ပိုင်းက Morag Corridor ကို ထိန်းချုပ်ကြောင်း အစ္စရေးတို့က ကြေညာခဲ့ပါတယ်။ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနက “Morag ကို သိမ်းပိုက်ခြင်း ပြီးမြောက်ပြီ” လို့ ကြေညာခဲ့ပြီး ဂါဇာ မြောက်ပိုင်း နယ်နိမိတ်ကိုလည်း အစ္စရေးရဲ့ “ဘေးကင်းဇုန်” တစ်စိတ်တစ်ပိုင်းအဖြစ် တိုးချဲ့ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးက “အဓိက ရည်ရွယ်ချက်က ဓားစာခံတွေ ပြန်ပေးရေး သဘောတူဖို့ ဟားမတ်စ်ကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ ဖြစ်ပါတယ်။ ဟားမတ်စ်တွေ ငြင်းဆိုလေလေ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြင်းထန်လာလေလေ” ဖြစ်မယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ လွန်ခဲ့သည့် သုံးပတ်အတွင်း လူ ၄၀၀,၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 93 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 89 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 105 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက