နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို အဆုံးသတ်မည်ဟု ထရန့်ပြော

ဆော်ဒီအာရေးဗီးယားနှင့် သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် လုပ်ဆောင်နေချိန်တွင် အမေရိကန်က ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို အဆုံးသတ်မည်ဟု ထရန့်က ပြောကြားခဲ့သည်။

၎င်း၏မိန့်ခွန်းတွင် ထရန့်သည် အနာဂါတ်မျှော်မှန်းချက်အမြင်အဖြစ် ကြွယ်ဝချမ်းသာမှု တိုးတက်မြင့်မားလာရေး၊ စီးပွားရေး သဘောတူညီချက်များရရှိရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများဆောင်ရွက်ရေးတို့ ကို အရှေ့အလယ်ပိုင်း ခေါင်းဆောင်များအား တင်ပြခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သည် စစ်ဒဏ်ခံနေရသည့် ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် သူ့အနေနှင့် ထိုနိုင်ငံကိုကြီးပွားတိုးတက်လာရန်အခွင့်အရေးပေးမည်ဖြစ်ကြောင်း အခြားနိုင်ငံများနှင့် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ပြောကြားခဲ့သည်။

“အိုး ဒါက အိမ်ရှေ့မင်းသားအတွက် ကျွန်တော် လုပ်ပေးတာပါ” ဟု ထရန့်က ပြောသည့်အခါ ရှေ့တန်းတွင် ထိုင်နေသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန် (Mohammed bin Salman) က သူ့ရင်ဘတ်ကိုလက်နှစ်ဖက်နှင့်သိုင်းယှက်ပြီး ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသခဲ့ပါသည်။

“ ဒါဟာ သူတို့အတွက် တောက်ပဖို့ အချိန်ပါပဲ” ဟု ထရန့်က ပြောကြားခဲ့သည်။ “ ကံကောင်းပါစေ ဆီးရီးယား ငါတို့ကို သင်တို့အရင်က လုပ်ခဲ့သလိုမျိုး အရမ်းထူးခြားတဲ့ အရာတစ်ခုကို ပြလိုက်စမ်းပါ ဆော်ဒီအာရေးဗီးယားမှာ ပွင့်ပွင့်လင်းလင်း ပြသလိုက်ပါ ။ အိုကေ? သူတို့က ငါတို့ကို အထူးတလည် ပြသပေးပါလိမ့်မယ်။ သိပ်ကောင်းတဲ့လူတွေပါ။”

ထရန့်သည် ဆီးရီးယား၏ သမ္မတသစ်နှင့် ဗုဒ္ဓဟူးနေ့တွင် ဆော်ဒီအာရေဗျတွင် တွေ့ဆုံမည် ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ကို သမ္မတ မိန့်ခွန်းမစတင်မီ အိမ်ဖြူတော်မှ အတည်ပြုခဲ့သည်။

၎င်း၏မိန့်ခွန်းတွင် ထရန့်သည် အရှေ့အလယ်ပိုင်း ခေါင်းဆောင်များအား သာယာဝပြောမှု၊ စီးပွားရေးဆိုင်ရာ အပေးအယူများနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများတွင် ကြီးမားသော အနာဂတ်အမြင်များကို ညွှန်ပြခဲ့ပြီး ယင်းအချက်များကို သမိုင်းဝင် သဘောထား ကွဲပြားမှုမျာ အတွက် ဖြေဆေးအဖြစ် သမ္မတက တင်ပြခဲ့ပါသည်။

၎င်း၏ ဟောပြောချက်သည် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ မိန့်ခွန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဘုရင့်နိုင်ငံတော်အား “အပယ်ခံ” နိုင်ငံအဖြစ် သမတရာထူးမထမ်းဆောင်မီက သတ်မှတ်ခဲ့သည်။ ဘိုင်ဒင် သည် ဆော်ဒီအစိုးရကို ဝေဖန်သူ သတင်းသမား ဂျမဲလ် ခါရှိုဂီ (Jamal Khashoggi) သေဆုံးမှုနှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်အတွင်း ဘင်ဆာလ်မန်ကို ရင်ဆိုင်ပြီးနောက် ၎င်း၏သမ္မတသက်တမ်းအတွင်း ဆော်ဒီခေါင်းဆောင်များနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ရရှိရန် ရုန်းကန်ခဲ့ရသည်။ ထရမ့်၏ ပထမသက်တမ်းအတွင်း ခါရှိုဂီသေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဒေါသထွက်နေသော်လည်း ဆော်ဒီနှင့်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ ပြီးအမေရိကန်ထောက်လှမ်းရေးအရာရှိများက ခါရှိုဂီ သတ်ဖြတ်မှုကို ဘင်ဆာလ်မန်က အတည်ပြုခဲ့သည်ဟု ဆိုခဲ့သည်။

အင်္ဂါနေ့တွင် ထရန့်သည် ဆော်ဒီနိုင်ငံ၏ နိုင်ငံတွင်းကိုယ်ထူကိုယ်ထ စီးပွားရေးထူထောင်မှုဖြင့် ဒေသတွင်း တိုးတက်အင်အားကြီးလာသော စံနမူနာကို အသိအမှတ်ပြုထားပြီး သူ့အား ဧည့်ခံသောအိမ်ရှင်ကို စံပြပုံစံတခုအဖြစ် ချီးကျူးခဲ့သည်။

“ ကမ္ဘာ့ဂုဏ်အရှိဆုံး၊ အချမ်းသာဆုံးနဲ့ အအောင်မြင်ဆုံးဒေသတွေထဲက ဒေသတစ်ခုအဖြစ် မြင့်တက်လာတဲ့ အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ချေမှုန်းပစ်မယ့် အရှေ့အလယ်ပိုင်း ဒေသကို စိတ်ကူးကြည့်နေတာပါ” ဟု ထရန့်က ဆော်ဒီ-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ကမ္ဘာ့စီးပွားရေး ထိပ်သီးများနှင့် ဆော်ဒီခေါင်းဆောင်များ စုဝေးရာတွင် ကြေညာခဲ့သည်။ ရီယတ်ရှိ ဘုရင်အက်ဒူလာဇာစ် အင်တာနေရှင်နယ် ကွန်ဖရင့်စင်တာ (King Abdulaziz International Conference Center) တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပွဲကို ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့်အတူ အကြံပေး အီလွန်မတ်စ်နှင့် Palantir ၊ Uber ၊ Google ၊ Amazon နှင့် အခြားကုမ္ပဏီများမှ အမှုဆောင်အရာရှိများလည်း ပါဝင်ခဲ့သည်။

အိမ်ရှေ့မင်းသားကို တိုက်ရိုက်မိန့်ခွန်းပြောရာတွင် ထရန့် က “ မိုဟာမက်၊ ညဘက် အိပ်ကော အိပ်ရဲ့လား၊ ဒါမှမဟုတ် ‘ဒီထက် ပိုကောင်းအောင် ဘယ်လို လုပ်ရမလဲ’ လို့ တွေးနေသလား၊ မအိပ်ဘဲ တွေးနေတာလား” ” ဟု မေးမြန်းခဲ့သည်။ အစောပိုင်းတွင် ခေါင်းဆောင်နှစ်ဦးက ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကျင်းပသည့် အခမ်းအနားများတွင် မြင့်မားသောသဘောတူညီချက်အဖြစ် မှတ်တမ်းပြုခဲ့သည်။

ထရန့်သည် သူ၏အိမ်ရှင်အား လေးလေးနက်နက် မြှောက်ပင့်ပြောဆိုခဲ့ပြီး တဖက်မှလည်း သူ့အရင်ဝါရှင်တန်ရှိ သမတဖြစ်ခဲ့သူဘိုင်ဒင်ကို ထိုးနှက်တိုက်ခိုက်ခဲ့သည်။ “ ဒီလူဟာ ခေါင်းပန်းကို နိုင်အောင် မလှန်နိုင်သောသူ” ဟု ခေါ် ဆိုခဲ့ပြီး သူဟာ ဘယ်တော့မှ မင်းကို ကတိပြုထားတဲ့နယ်မြေကို ရောက်အောင်ခေါ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး” ဟု ဆိုခဲ့သည်။

သူက များပြားလှတဲ့ အမေရိကန်သမတများသည် သူတို့ကိုယ်သူတို့ “ငါတို့အလုပ်က နိုင်ငံခြားခေါင်းဆောင်တွေရဲ့ စိတ်ထားတွေကို ကြည့်ရှုပြီး သူတို့အမှားလုပ်မှုတွေအတွက် တရားမျှတမှုရအောင် အမေရိကန်ရဲ့ မူဝါဒတွေကို မျှဝေပေးဖို့ကိစ္စဟာ ငါတို့ရဲ့အလုပ်ပဲဆိုတဲ့ အယူအဆကြောင့် ဒုက္ခရောက်နေခဲ့ရတယ်” ဟု ပြောခဲ့သည်။

ထရန့်က အမေရိကန်မူဝါဒသည် နိုင်ငံခြားခေါင်းဆောင်များ၏ ကိုယ်ကျင့်တရားကို အကဲဖြတ်ပြီး ပညာပေးခြင်းထက် လက်တွေ့ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ တိုးတက်မှုကို တွန်းအားပေးနိုင်သည်ဟု ယူဆသည်။


သူနှင့် သူ့အစိုးရသည် အီရန်ခေါင်းဆောင်များနှင့် နျူကလီးယားအစီအစဥ်အတွက် သဘောတူညီချက်ရရှိအောင် ကြိုးစားနေသော်လည်း တဖက်တွင် ထရန့်က ဒေသတွင်းရှိ အဖျက်အင်အားစုများ အထူးသဖြင့် အရန်၏ခေါင်းဆောင်မှုအောက်တွင် မတွေးထင်နိုင်လောက်အောင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် ဆီးရီးယား၊ လက်ဘနွန်၊ ဂါဇာ၊ အီရတ်၊ ယီမင်နှင့် အခြားနိုင်ငံများတွင် ဖြစ်ပျက်ခဲ့ကြောင်းပြောကြားခဲ့သည်။

ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် ထရန့်၏ ကတိပြုချက်အပေါ် လက်ခုပ်သံများ ထွက်ပေါ်လာသည်။ သို့သော် အစ္စရေးနှင့် အာရပ်နိုင်ငံများစွာတို့ကြားတွင် ထရန့်၏ ပထမဆုံးသော အုပ်ချုပ်ရေးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် “အာဗြဟံ သဘောတူစာချုပ်တွင် ဆော်ဒီအာရေးဗီးယားသည် မကြာမီ ပူးပေါင်းပါဝင်ရန် လိုလားကြောင်း” ၎င်း၏ဆန္ဒကို ထုတ်ဖော်ကြေညာသည့်အခါတွင် သမ္မတပြောဆိုချက်သည် အခန်းတွင်းမှ အသံများကို တိတ်ဆိတ်သွားစေခဲ့သည်။

“သင်ရဲ့အချိန်ကာလအတွင်းမှာ သင် လုပ်ဆောင်ပါ၊ ဒါက ကျွန်တော် လိုချင်တာပါပဲ။ အဲဒါကလည်း သင်လိုချင်တာ ဖြစ်ပါတယ်” ဟု ထရန့်က ဆက်ပြောသည်။

ဆော်ဒီအာရေးဗီးယားသည် ထိုသဘောတူညီချက်များတွင် ပါဝင်လာရန် ဝါရှင်တန်၏ သံတမန်ရေး ရည်မှန်းချက်များ၏ ခက်ခဲသော ပစ်မှတ်တစ်ခု ဖြစ်နေပြီး ဂါဇာတွင် အစ္စရေး၏ စစ်ပွဲသည် ဆော်ဒီအာရေဗျနှင့် အစ္စရေးကြား ပုံမှန်ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရန် ဘိုင်ဒင်၏ မအောင်မြင်သော ကြိုးပမ်းမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မကြာသေးမီလများအတွင်း ပါလက်စတိုင်းနိုင်ငံအတွက် ၎င်း၏ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့သည့် ဆော်ဒီအာရေဗျအတွက် ဟားမတ်စ်နှင့် အစ္စရေးတို့၏ ပဋိပက္ခသည် ဆော်ဒီအာရေဗျအတွက် အတားအဆီးတစ်ခုအဖြစ် ရှိနေသေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ